လ - ဩဂုတ် 2014

အဆုံးစွန် စွန့်လွှတ်ပေးဆပ်မှု

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ  Sunshui မြစ်ထဲ၌ လူများအသက်လုကူးခပ်နေရသည်ကို Deng Jinjie တွေ့သောအခါ သူကျော်မသွားပါ။ သူရဲကောင်းဆန်ဆန် ရေထဲခုန်ချပြီး မိသားစုဝင် လေးဦးကို ကယ်တင်ခဲ့သည်။ သို့သော် သူရေထဲ၌ ကျန်နေဆဲမှာ ထိုမိသားစုက ထွက်ခွာသွားသည်။ ခြေကုန်လက်ပန်းကျပြီး မောနေသည့် Jinjie မှာ ရေစီး၌ မျောပါသွားကာ ဝမ်းနည်းဖွယ် ရေနစ် သေဆုံးသွားသည်။
အပြစ်ဒုစရိုက်၌ ကျွန်ုပ်တို့ နစ်မြုပ်နေစဉ် ယေရှုခရစ်တော်က ကယ်မကယ်တင်ရန် အသက် ပေးခဲ့သည်။ ကျွန်ုပ်တို့ကို ကယ်တင်ရန် သူဆင်းကြွ လာခြင်းဖြစ်သည်။ ကောင်းကင်မှ ဆင်းသက်ကာ ကျွန်ုပ်တို့ကို လုံခြုံရာသို့ ပို့ဆောင်ခဲ့သည်။ ကျွန်ုပ်တို့ ပြစ်မှားလွန်ကျူးမှုများအတွက် အပြစ်ဒဏ်စီရင်ခြင်း ကို ခံယူကာ ကားတိုင်ပေါ်၌ အသေခံခဲ့သည် (၁ပေ ၂း၂၄)။ ထို့နောက် သုံးရက်မြောက်နေ့၌ ထမြောက်ရှင်ပြန်ခဲ့သည်။ ကျမ်းစာမှလည်း `ခရစ်တော်သည် ငါတို့အဘို့အလိုငှာ အသက်တော်ကို…

ဝင်ရောက်ဖြေရှင်းခြင်း

ကျွန်တော်တို့၏ ကားဂိုဒေါင် အနားကွပ်များကို ရှဥ့်လေးတစ်ကောင်က လာ ကိုက်ဖြတ်ဖျက်ဆီးသဖြင့် ၎င်းကို အရှင်ဖမ်းရန် ထောင်ချောက်တစ်ခုဝယ်လိုက်သည်။ မိလျှင် ၎င်းကို ပန်းခြံထဲသွားလွှတ်ရန် စိတ်ကူးလျက် ထောင်ချောက်ထဲအစာများထည့်ပြီး ထောင်လိုက် သည်။ နောက်တစ်နေ့မနက်တွင် သတ္တဝါလေး တစ်ကောင်မိနေသည်။ သို့သော် ရှဥ့်မဟုတ်ဘဲ ရန်သူကိုတွေ့လျှင် အနံ့ဆိုးများပန်းထုတ်သည့် နံစော်ဖျံအကောင်ဖြစ်နေသည်။
ဤတွင် အနံ့ဆိုးများ မိမိအပေါ်  မကျဘဲ ၎င်းကို ပြန်လွှတ်ရန် နည်းလမ်းများကို အွန်လိုင်းမှ ရှာကြည့်ရာ  မိမိကိုယ်ကို ကာကွယ် ထားရမည့် သတိပေးချက်များက လွန်လွန်းသည်။ ပလတ်စတစ်အိတ်၊ လက်အိတ်၊ အမိုးအကာ ဖျင်ထည်၊ စောင်၊ ရေမဝင်မျက်မှန်တို့ လိုအပ်သည်။ အန္တရာယ်များပြီး မလွယ်ပါ။
သို့သော် ကျွန်တော့်သားမက် Ewing က ဝင်ရောက်ဖြေရှင်းပေးသည်။ သူက ထောင်ချောက်တံခါးကို ဖွင့်ပေးလိုက်ပြီး ထွက်လာသော နံစော်ဖျံကို ပန်းရေလောင်းသည့် ရေပိုက်မှတစ်ဆင့် ရေဖြန်းပြီး…

ဝန်ဆောင်မှုသဘောတူညီချက်

သင် ကျွန်ုပ်နှင့်တူလျှင် အွန်လိုင်းမှ ပေးသော ဝန်ဆောင်မှု နှစ်ဦးနှစ်ဖက် သဘောတူ ညီချက် အပြည့်အစုံကို သင်မဖတ်ဘဲ သဘောတူ ကြောင်း ပြောလိုက်မည်။ စာမျက်နှာများစွာနှင့် ရေးသားထားပြီး ဥပဒေစကားအသုံးအနှုန်းများကို ကျွန်မလို  သာမန်လူများ နားမလည်နိုင်ပါ။
ထို့ကြောင့် အာဖရိကမှ မိတ်ဆွေတစ်ဦး က အွန်လိုင်းဆော့ဖ်ဝဲ ဝန်ဆောင်မှုတစ်ခုအကြောင်း အသိပေးလာ၍ ကျွန်မ  အံ့ဩသွားရသည်။ ထို ဝန်ဆောင်မှုသဘောတူညီချက်တွင် စာများစွာ ရေးပြီး တားမြစ်ထားသော အချက်အလက်များ ရေးသားထားခြင်း မဟုတ်ဘဲ ကောင်းကျိုးအလို့ငှာ ဆော့ဖ်ဝဲကိုအသုံးပြုရန် လူတို့ကို ကောင်းချီးမင်္ဂလာ တစ်ခုဖြင့် တိုက်တွန်းကာ အသုံးပြုခွင့် ပေးထားသည်။
`ဆိုးညစ်တာမလုပ်ဘဲ ကောင်းတာ လုပ်နိုင်ပါစေ။ မိမိကိုယ်တိုင်ခွင့်လွှတ်ခံရပြီး သူတစ်ပါးကို ခွင့်လွှတ်ကြပါ။ အချည်အနှောင်မပါဘဲ ပေးကမ်းမျှဝေပါ။ သင်ပေးတာထက် ပိုပြီး ပြန်မယူပါနှင့်´ဟု ရေးသားထားသည်။
ပထမတော့ အံ့သြသွားသည်။`ဝန်ဆောင်မှုသဘောတူညီချက်များကို တရားဝင်မှတ်တမ်းမှတ်ရာများအဖြစ် မဟုတ်ဘဲ…

နှိမ့်ချခြင်းသဏ္ဌာန်

ရှင်ပြန်ထမြောက်ခြင်း အီစတာကာလ အတောအတွင်း ကျွန်တော်တို့ဇနီးမောင်နှံသည် အသင်းတော်တစ်ခု၌ သွားရောက်ဝတ်ပြုရာ၊ ထို အသင်းတော်၌ ပါဝင်သူများက ကားတင်သတ်ခြင်း မခံရမီညက သခင်ယေရှုနှင့် တပည့်တော်များ ကြုံတွေ့ခဲ့ရသော  အဖြစ်အပျက်များကို ကြိုးစား သရုပ်ဖော်ကြသည်ကို မြင်တွေ့ခဲ့ရသည်။ ဝတ်ပြု စည်းဝေးနေစဉ်အတွင်း  အသင်းတော်လူကြီးများက အသင်းတော်၌ လုပ်အားပေးပါဝင်သူများ၏ခြေကို ဆေးပေးကြသည်။ ကျွန်တော်တို့ခေတ်တွင် အခြားသူ၏ ခြေကိုဆေးပေးခြင်းနှင့် မိမိခြေကို ဆေးခွင့်ပေးခြင်းတွင် မည်သည်က ပို၍ နှိမ့်ချခြင်း သဘောဆောင်သနည်းဟု ကျွန်တော် အတွေးဝင် မိသည်။ အစေခံသူရော၊ အပြုစုခံသူရော နှစ်ဦး စလုံးသည် နှိမ့်ချခြင်း သဏ္ဌာန်ကို ထင်ရှားစွာပြသနေသည်။
ယေရှုနှင့်တပည့်တော်များ (နောက်ဆုံးညစာ) ပသခါပွဲခံစဉ် သခင်က နှိမ့်ချသော အစေခံသဏ္ဌာန်ဆောင်ကာ  တပည့်တော်များ၏ခြေကို ဆေးခဲ့သည်။ (ယော ၁၃း၁-၂၀)။ သို့သော် ပေတရုက ငြင်းပြီး`ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို အလျှင်း ဆေးတော်မမူရ´ ဟုလျှောက်၏။…

ဘဝ၏ အမှောင်မိုက်ဆုံးအချိန်များ ၃ရာ ၁၉း၁-၈

ချားလ်စ် ဝစ်တယ်စီ သည် သူရဲကောင်းတို့၏ သူရဲထိပ်ခေါင်ဖြစ်သည်။ ပထမ ကမ္ဘာစစ်အတွင်းက `Lost Battalion´ ဟု ခေါ်သည့်တပ်ကို သူဦးဆောင်ခဲ့ရပြီးတိုက်ပွဲ တစ်ခု၌ ၎င်း၏တပ်ဖွဲ့မှာ ရန်သူနယ်၌ပိတ်မိ ကျန်ရစ်ခဲ့သည်။ ၎င်းတိုက်ပွဲ၌ ထူးချွန်ပြောင်မြောက်စွာ တိုက်ခိုက် နိုင်ခဲ့၍ ဂုဏ်ထူးဆောင် သူရဘွဲ့တံဆိပ်ချီးမြှင့်ခံခဲ့ ရသည်။ အညတရ စစ်သည်တော်များ၏ စစ်သင်္ချိုင်းကို ဖွင့်လှစ်သောအခါ ထိုသင်္ချိုင်း၌ ပထမဆုံး မြှုပ်နှံသည့် စစ်သည်၏ခေါင်းတလားကို ထမ်းရန် ချားလ်စ် ရွေးချယ်ခံခဲ့ရသည်။ နှစ်ပတ်ကြာ ပြီးနောက် သူသည် စစ်သင်္ဘောတစ်စီးပေါ်မှ သမုဒ္ဒရာထဲ  ခုန်ဆင်းပြီး သူ့ကိုယ်သူအဆုံးစီရင်ကာ သူ့ဘဝကို အဆုံးသတ်ခဲ့သည်ဟု ယူဆကြသည်။
ပရောဖက် ဧလိယနည်းတူ ချားလ်စ် သည် လူရှေ့၌ ကြံ့ခိုင်သည့်ပုံပေါ်သော် လည်း ဆိတ်ငြိမ်ရာ လူ့မြင်ကွင်းနောက်ကွယ်၌ စိတ်ပျက်အားလျော့မှုကို ခံစားနေရသည်။ ယနေ့ မျက်မှောက်ခေတ်တွင် လူတို့သည် မိမိတို့ဘာသာရင်ဆိုင်ဖြေရှင်းနိုင်သည်ထက် ကြီးမား…

ဝိညာဉ်ရေး လမ်းခရီး

Dava Sobel  ရေးသားသည့်
Longitude - လောင်ဂျီတွဒ် ဟူသည့် စာပေဆုရ စာအုပ်တွင် ရှေးကနဦးခေတ်က သင်္ဘောသားတို့ ကြုံရသည့် အခက်ပြဿနာများကို ရေးသားထား သည်။ ရေကြောင်း ခရီးသွားစဉ် နေ့တာအရှည်နှင့် နေအမြင့်ကိုကြည့်ပြီး အီကွေတာ၏ မြောက် လတ္တီတွဒ် (သို့) တောင်လတ္တီတွဒ်ကို သတ်မှတ် သိရှိနိုင်သည်။ သို့သော် နာရီပြုလုပ်သူ အင်္ဂလိပ်လူမျိုး ဂျွန် ဟာရီစင် မှ ခရိုနိုမီတာ ရေကြောင်းပြကိရိယာကို မတီထွင်မီအထိ အရှေ့ အနောက် လောင်ဂျီတွဒ်များ တွက်ချက်ရာ၌ ရှုတ်ထွေးပြီး စိတ်မချရပါ။  ဆိပ်ကမ်းမှသင်္ဘော ရောက်ရှိနေသည့်နေရာ မည်မျှပင် ဝေးလံစေဦး တော့ ခရိုနိုမီတာ ကိရိယာက ထွက်ခွာလာသည့်ဆိပ်ကမ်း၏အချိန်မှန်ကို ပြသနေမည် ဖြစ်သည်။ ဤသို့ဖြင့် လောင်ဂျီတွဒ်ကို တွက်ချက် သိနိုင်တော့သည်။
ဘဝပင်လယ်၌ ခရီးသွားလာရာတွင် ကျွန်ုပ်တို့စိတ်ချယုံကြည်ရသည့် ဝိညာဉ်ရေး လမ်းညွှန်-…

စောင့်နေရုံမျှမက

သင်တို့၏အရပ်ဒေသ၌ ဘယ်လိုမျိုး ဆိုသည်ကို ကျွန်မ မသိပါ။ သို့သော် ကျွန်မတို့ဒေသ၌  ပစ္စည်းတစ်ခုပြုပြင်ရန် ကုမ္ပဏီကို ဖုန်းဆက် အကြောင်းကြားလျှင် "စက်ပြင်ဆရာက နေ့ခင်း ၁း၀၀ နဲ့ ၅း၀၀ နာရီကြားမှာ ရောက်လာပါမယ်" ဟု ဖြေကြားသည်။ စက်ပြင်ဆရာ ရောက်လာ မည့်အချိန်ကို  အတိအကျမသိရ၍ စောင့်ဆိုင်းရုံသာ ရှိတော့သည်။
သခင်ယေရှုက သူ့နောက်လိုက်များကို မကြာမြင့်မီတွင် သူတို့ကို ထားခဲ့မည်။ သူတို့က လည်း သခင့်ပြန်အလာကို "တစ်ခဏ" စောင့်ဆိုင်းရန် လိုကြောင်း မိန့်ကြားခဲ့သည် (ယော ၁၆း၁၆)။ ယေရှုရှင်ပြန်ထမြောက်ပြီးနောက် သူ့နောက်လိုက် များက သခင့်ကို တစ်ဖန် မြင်ရကြပြီး လောက၌ နိုင်ငံတော်တည်ထောင်မည်ဟု ထိုအချိန်က သူတို့ မျှော်လင့်ထားခဲ့သည်။ သို့သော် သခင်ဘုရားက "ခမည်းတော်၏တန်ခိုးအားဖြင့် စီရင်တော် မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ" ဟုမိန့်ကြားခဲ့သည်  (တ…

မှတ်ဉာဏ်ဆုံးရှုံးခြင်း

တစ်ခါတစ်ရံ အခက်ပြဿနာကြုံရ ချိန်တွင် ကျွန်ုပ်တို့သည် ဝိညာဉ်ပကတိမှတ်ဉာဏ် ပျောက်ဆုံးပြီး ဘုရားသခင်၏ ကျေးဇူးပြုခြင်းကို မေ့လျော့တတ်သည်။ သို့သော် ကျေးဇူးတင်တတ် သောစိတ်ကို ပြန်လည်ရရှိရန် အကောင်းဆုံး နည်းလမ်းမှာ အာရုံလွှဲ စိုးရိမ်ပူပန်မှုများကို ဘေးဖယ်ကာ ယခင်က ဘုရားသခင်၏မစ ပေးသနားမှုများကို အချိန်ယူ ပြန်လည်ဆင်ခြင် သတိရပြီး ကျေးဇူးတော်ချီးမွမ်းရန်ပင်ဖြစ်သည်။
မိမိတို့သည် ပူပြင်းခြောက်သွေ့သည့် သဲကန္တာရထဲ ရောက်ရှိနေကြောင်း ဣသရေလ လူတို့ သိရှိလိုက်ရသောအခါ၊ ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးပြုခဲ့ခြင်းကို သတိမရ၊ မေ့နေသည်။ အဲဂုတ္တု ပြည်သို့ပြန်ကာ ထိုပြည်၏ အစားအသောက်များကို  စားသောက်ရလျှင် ကောင်းလေစွဟု တောင့်တသည် (ထွ ၁၆း၂-၃)။ တစ်ဖန် ရေမရှိ၍ မြည်တွန် ညည်းညူပြန်သည်(၁၇း၂)။ ကျွန်ဘဝမှ လွတ်မြောက်စေခဲ့သည့် ဘုရားသခင်၏ ကြီးမားသော လုပ်ဆောင်ပေးမှုတို့ကို မေ့လျော့သည်။ စည်းစိမ်ပစ္စည်းဥစ္စာများနှင့် ကိုယ်တော် မည်ကဲ့သို့…

အမိုက်မှောင်ကို တားဆီးကာကွယ်

J.R.R Tolkien ရေးသားသော " The Hobbit" စာအုပ်တွင် မှော်ဆရာကြီးဂန်းဒေါ့ဖ်က ရန်သူလူဆိုးများကို တိုက်ခိုက်ရာတွင် လူပုများနှင့် အဖော်ပြုလိုက်ပါရန် ဒဏ္ဍာရီလူပု ဘေးဘို ကို ရွေးချယ်ရသည့်အကြောင်းကို ရှင်းပြသည်။  "အမှောင်လောကကို ကြီးမားတဲ့တန်ခိုးအစွမ်း ကသာ ထိန်းချုပ်တားဆီးနိုင်တယ်လို့ စာရုမင်းက  ယုံကြည်ပေမယ့်   ကျုပ်တွေ့လာတာကတော့  ရိုးရိုး သာမန်လူသားတွေ နေ့ရက်စဉ်တိုင်းမှာပြုတဲ့ သနားကရုဏာမေတ္တာ  အမှုလေးတွေက အမှောင် လောကကို တားဆီးကာကွယ်နိုင်တယ်ဆိုတာပဲ။" ဟု သူပြောခဲ့သည်။
၎င်းကို သခင်ယေရှုလည်း ကျွန်ုပ်တို့ကို သွန်သင်သည်ပင်။ မှောင်မိုက်သောခေတ်ကာလ  တွင် ကျွန်ုပ်တို့ ရှင်သန်လှုပ်ရှားရမည့်အကြောင်း သတိပေးလျက် ယေရှုအားဖြင့် ကျွန်ုပ်တို့သည် "လောက၏အလင်း" ဖြစ်ကြောင်းကို အမှတ်ရစေ သည် (မ ၅း၁၄)။ ထို့အပြင် ကျွန်ုပ်တို့၏ ကောင်းသောအကျင့်များမှာ အမှောင်ကို တွန်းလှန် နိုင်သောအစွမ်းတန်ခိုးဖြစ်ပြီး ဘုရား၏ ဘုန်းတော်ထင်ရှားမည်ဖြစ်သည်(း၁၆)။ ပြင်းစွာ…

ချစ်မေတ္တာဖြင့် နေထိုင်သက်ရှင်ပါ

ကျွန်ုပ်၏ မိတ်ဆွေ ရော့ဇန်(Roxanne) နေထိုင်သော အာဖရိက၌ ရေသည် အလွန်အဖိုး တန်သည်။ မသန့်စင်သော ချောင်းငယ်လေးမှ ရေကိုရရှိရန် လူတို့ခရီးဝေးနှင်ကြရသည်။ ထိုရေကို သောက်သုံးပြီး ကျန်းမာရေးထိခိုက်သည်။ အသက် ဆုံးရှုံးရသည်။ ရေမရှိသဖြင့်၊ ရေရှားသဖြင့် မိဘမဲ့ ဂေဟာများ၊ အသင်းတော်များကဲ့သို့သော အဖွဲ့ အစည်းများအတွက် အစေခံလုပ်ငန်း လုပ်ဆောင် ရန် ခက်ခဲလှသည်။ သို့သော်လည်း ယင်းအခြေ အနေက စတင်ပြောင်းလဲလာပါပြီ။
ရော့ဇန် ကမကထပြုပြီးအသင်းတော်မှ နှစ်လိုဖွယ်ကောင်းသူများ၏  ကိုယ်ကျိုးမငဲ့သော မေတ္တာပြအကူငွေများဖြင့် သန့်စင်ကြည်လင်သော ရေတွင်းရေကန်များ တူးပေးနိုင်ခဲ့သည်။ ယခုတွင် အနည်းဆုံး ရေတွင်း ခြောက် တွင်းမှ ရေကို ထုတ်ယူ သုံးစွဲလာနိုင်ပြီး အသင်းတော်များသည်လည်း မျှော်လင့်ခြင်းကိုပေးသော၊ အားပေးမစသည့်အချက်အခြာနေရာများ ဖြစ်လာသည်။ ထိုသို့ ရေရရှိလာ၍၊ ကျန်းမာရေးစင်တာတစ်ခုနှင့် မိဘမဲ့ကလေးပေါင်း ၇၀၀ အတွက် ခိုလှုံရာ ဂေဟာတစ်ခုကိုလည်း…