လ - ဇန်နဝါရီ 2017

စကားပြောသောသစ်ပင်

အင်္ဂလိပ်စာပေတွင် ရှေးအကျဆုံးသော ခရစ်ယာန်ကဗျာတစ်ပုဒ်မှာ “The Dream of the Rood” ဖြစ်သည်။ Rood ဆိုသော ဝေါဟာရသည် ရှေးအင်္ဂလိပ်စကားလုံး “rod” တိုင် (သို့) “pole” တုတ် ဟု အဓိပ္ပာယ်ရပြီး သခင်ယေရှု အသေခံခဲ့သော ကားတိုင်ကို ကိုယ်စားပြုသည်။ ဤရှေးကဗျာထဲတွင် ကားတိုင်ကို အသားပေးကာ အသေခံခြင်းအကြောင်းကို ပြန်လည်စပ်ဆိုထားသည်။ ဘုရားသခင်၏ သားတော်ကို ကားစင်တင်သတ်ရန်  ကားတိုင်အဖြစ် ၎င်းကို သုံးမည့်အကြောင်း ထိုသစ်ပင် သိသွားသောအခါ ထိုသို့ မသုံးရန် သူငြင်းဆန်ခဲ့သည်။ သို့သော် ခရစ်တော်သည် သူ့ကို ယုံကြည်သူတိုင်းအား အပြစ်လွှတ်ရန်အတွက် ထိုသစ်ပင်၏အကူအညီကို ရယူ ခဲ့သည်။
ဧဒင်ဥယျာဉ်ရှိ မစားရန် တားမြစ်ထားသည့်အပင်မှအသီးကို ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ မိဦးဘဦးတို့ စားပြီး ၎င်းသည် လူ့လောကသို့ အပြစ် ဝင်ရောက်စေခဲ့သော အဓိကအရင်းအမြစ်ဖြစ်သည်။…

ပြန်လည်တည်ဆောက်ခြင်း

နှစ်ပေါင်းများစွာ ကွဲကွာပြီးနောက် ဘာလင် မြို့သို့ အက်ဒွက်ကလီး ပြန်ရောက် လာသောအခါ သူမှတ်မိထားသည့် သူချစ်ခဲ့သည့်မြို့လေး မရှိတော့ပါ။ မြို့တော်ကြီးက အံ့မခန်း ပြောင်းလဲခဲ့သလို သူလည်း ပြောင်းလဲခဲ့ပြီ။ ဟမ်စ္စဖီးယား မဂ္ဂဇင်းတွင်  ကလီး က “သင်တစ်ချိန်က ချစ်မြတ်နိုးခဲ့တဲ့ မြို့ဆီ ပြန်ရောက်ရှိသွားခြင်းဟာ ကောင်းရင်လည်း ကောင်းနိုင်တယ်။ ဆိုးရင်လည်း ဆိုးနိုင်တယ်။ အခြေအနေ အရပဲ။ ... စိတ်ပျက်စရာဖြစ်ကောင်းဖြစ်နိုင်တယ်” ဟူ၍ ရေးသားထားပါသည်။
ပရောဖက်နေဟမိသည် ဣသရေနိုင်ငံမှ တိုင်းတစ်ပါးသို့ နှစ်ပေါင်းများစွာ ဖမ်းသွားခေါ်ဆောင်ခံရစဉ်     အကျဉ်းအကျပ်ထဲ၌ အတိဒုက္ခရောက်နေသော သူ့လူမျိုး များနှင့် ပျက်စီးနေသော ယေရုရှလင်မြို့အကြောင်းကို ကြားသိ ခဲ့ရသည်။ ထို့နောက် ရှုရိရှင်ဘုရင် အာတဇေရဇ်မင်းကြီး အခွင့်နှင့် ယေရုရှလင်သို့ပြန်ကာ မြို့ရိုးကြီးကို ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက် ရခဲ့သည်။ ညအချိန်တွင် အခြေအနေများကို ထွက်လေ့လာပြီးနောက် (၂း၁၃-၁၅)၊ နေဟမိသည်…

ထာဝရဖြစ်တော်မူသော ကယ်တင်ရှင်

ကမ္ဘာ့အသက်အကြီးဆုံးသူ Jerelean Talley သည် အသက် ၁၁၆ အရွယ် ၂၀၁၅ ခုနှစ် ဇွန်လတွင် သေဆုံးခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ဂျေရုဆလင်မြို့သည် ၎င်း၏ မြို့တည်နှစ် အနှစ် ၃၀၀၀ မြောက်နေ့ကို ဆင်နွှဲခဲ့သည်။ ၁၁၆ နှစ် ဆိုသော အရာသည် လူတစ်ယောက်အတွက် အိုမင်းရင့်ရော်လှသည်။ မြို့တစ်မြို့အတွက် အနှစ် ၃၀၀၀ သက်တမ်းသည်လည်း မနည်းပါ။ သို့သော် ၎င်းတို့ထက်
သက်တမ်းရင့်သောသစ်ပင်များရှိသည်။ ကယ်လီဖိုးနီးယား ပြည်နယ် White Mountains ရှိ ဘရစ်စတယ်ခုံး ထင်းရှုးပင် ကို သက်တမ်းနှစ်ပေါင်း ၄၈၀၀ ကျော်ပြီဟု သတ်မှတ်ထားကြ သည်။ ထိုရှေးကျသော သစ်ပင်သည် ယုံကြည်ခြင်းဖခင် အာဗြဟံထက်ပင် နှစ်ပေါင်း ၈၀၀ လောက်စောပါသည်။
သခင်ယေရှု၏ဖြစ်တည်မှုနှင့် ပတ်သက်၍ ဂျုးဘာသာရေး ခေါင်းဆောင်များက စိန်ခေါ်လာသောအခါ သခင်သည်…

အမြဲချစ်၊ အမြဲတန်ဖိုးထားသော

ကျွန်ုပ်တို့ လုပ်ဆောင်သည်ထက်ပို၍ ကျွန်ုပ်တို့ကို ချစ်သော ဘုရားသခင်ကို ကျွန်ုပ်တို့ ဆက်ကပ် အစေခံနေကြသည်။
အို! ဘုရားသခင်သည် မိမိမိသားစုကို ကျွေးမွေးပြုစုနိုင်အောင် ကျွန်ုပ်တို့ အလုပ်လုပ်ရန်၊ သူဖန်ဆင်းခဲ့သော ဤကမ္ဘာမြေကြီးကို တာဝန်သိသိ စောင့်ရှောက်ရန် အလိုတော်ရှိသည်မှာ မှန်သည်။ ထို့ပြင် အားနည်းသူ၊ ဆာလောင်သူ၊ အဝတ်မရှိသူ၊ မွတ်သိပ်နေသူနှင့် ဝန်းကျင်ရှိ
ကြေကွဲနေသူများကို အစေခံရင်း တစ်ဘက်တွင် အသက်တာ၌  ဝိညာဉ်တော်ဘုရား၏အုပ်စိုးမှုကို ဝန်မခံ ရသေးသူများကို နှိုးဆော်ရန် ဘုရားသခင်အလိုရှိသည်။
ကျွန်ုပ်တို့ လုပ်ဆောင်နေသောအရာများထက် ကျွန်ုပ်တို့ကို ပိုချစ်သော ဘုရားရှင်ကို ကျွန်ုပ်တို့ ဆက်ကပ် အစေခံနေကြသည်။
၎င်းကို ကျွန်ုပ်တို့ ဘယ်သောအခါမှ မမေ့လျော့အပ်၊ အဘယ်ကြောင့်ဆိုသော် ကျန်းမာရေး (သို့)  မျက်မြင်မရသော အကြောင်းတရားများကြောင့် ဘုရားရှင်အတွက် လုပ်ဆောင် နိုင်စွမ်းများ ဆုံးရှုံးရသောအချိန် ရောက်လာကောင်း ရောက်လာ နိုင်သည်။ ထိုသို့…

မပေါ်လွင်သော သူရဲကောင်းများ

ကျမ်းစာထဲမှ ဇာတ်လမ်းများသည် ကျွန်ုပ်တို့ရပ်ပြီးမဆင်ခြင်ဘဲ မနေနိုင်အောင် အံဩစရာကောင်းလှသည်။ ဥပမာ - မောရှေသည် ဘုရားသခင်၏လူမျိုးတော်ကို ကတိထားတော်မူသောပြည်သို့ ဦးဆောင်ပို့ဆောင်စဉ် အာမလက်လူတို့နှင့် တိုက်ခိုက် ခဲ့စဉ်က တောင်ထိပ်ပေါ်တက်ပြီး ဘုရားသခင်၏လှံတံကို မြှောက်ကိုင်ရမည်ကို သူမည်သို့ သိသနည်း (ထွက် ၁၇း၈-၁၅)။ ကျွန်ုပ်တို့လည်း မပြောတတ်ပါ။  မောရှေလက်မြှောက်လိုက်လျှင် ဣသရေလ လူတို့ အောင်နိုင်ပြီး၊ လက်ချလိုက်လျှင် အာမလက်တို့ နိုင်သည်ကိုသာ သိရသည်။ မောရှေပင်ပန်းလာသောအခါ   အာရုန်နှင့် ဟုရတို့က ဣသရေလလူတို့ အောင်နိုင်ရေး အတွက် မောရှေလက်ကို ကူညီမြှောက်ပင့်ပေးခဲ့သည်။
ဟုရ အကြောင်းကို အနည်းငယ်သာ ရေးသားထား သော်လည်း ဣသရေလသမိုင်းတွင် သူသည် အရေးပါသော
အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ဤအချက်က   နောက်ကွယ်မှ မထင်ရှားသော သူရဲကောင်းများသည် အရေးပါကြောင်း၊ ခေါင်းဆောင်ကို ကူမထောက်ပံ့ပြီး အားပေးတိုက်တွန်းသူများ သည် အဓိကအရေးကြီးဆုံးအခန်းကဏ္ဍ (သို့)…