အမေရိကန်စာရေးဆရာ အန်း ဟားဗက်က “ကြိုတင်ပြင်ဆင်မထားသော ကြင်နာမှုပြပါ။ မရည်ရွယ်သော ချစ်ဖွယ်အပြုအမူကို လေ့ကျင့်လုပ်ဆောင်ပါ” ဟူသော စာစုလေးကို ၁၉၈၂ ခုနှစ်က စားသောက်ဆိုင်တစ်ခု၌ အမှတ်တမဲ့ရေးခြစ်ခဲ့သည်ဟု ပြောစမှတ်
ပြုကြသည်။
အဘယ်ကြောင့်နည်း။ သူတစ်ပါးကို အဘယ့်ကြောင့် သနားကြင်နာမှု ပြရမည်နည်း။ ယေရှု၏ နောက်တော်လိုက် များအတွက် အဖြေက ရှင်းပါသည်။ ဘုရားရှင်၏နူးညံ့ သိမ်မွေ့သောကရုဏာနှင့် ကြင်နာမှုကို ပြသရန် ဖြစ်သည်။
ထိုအခြေခံသဘောတရားနှင့် စပ်လျဉ်းသော ဥပမာကို
ဓမ္မဟောင်းကျမ်းတွင် မောဘပြည်မှ ပြောင်းလာသည့် ရုသအကြောင်းဝတ္ထု၌ တွေ့ရှိရသည်။ သူနှင့် ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့စရိုက်မတူညီသည့် တိုင်းတစ်ပါး၌ ရုသသည်  နိုင်ငံခြားသားတစ်ဦးဖြစ်သည်။ ထိုထက်မက သူသည် လွန်စွာဆင်းရဲပြီး သူ့ကို ဂရုတစိုက်မရှိလှသည့် လူများ၏ စွန့်ကြဲပေးကမ်းမှုအပေါ် လုံးလုံးအမှီပြုနေရသည်။
သို့သော် ရုသကို ကျေးဇူးပြုပြီး နှစ်သိမ့်စကားဆိုသူ ဣသရေလလူတစ်ယောက် ရှိပါသည် (ရုသ ၂း၁၃)။ ထိုသူက သူ့လယ်ထဲမှ စပါးကျန်များကို ရုသအား ကောက်သိမ်းခွင့် ပေးသည်။ ရိုးစင်းသောပေးကမ်းမှုထက်မက သူ၏စာနာသနားစိတ်အားဖြင့် အတောင်တော်အောက်၌ လုံခြုံစွာ နားခိုနိုင်သော ဘုရားသခင်၏ နူးညံ့သောကရုဏာနှင့် ကြင်နာမှုကို ရုသအား ပြသခဲ့သည်။ ရုသသည် ဗောဇ၏ ဇနီး၊ သတို့သမီးဖြစ်လာပြီး ဘုရားသခင်၏ မိသားစုဝင်၊ လောကသို့ ကယ်တင်ခြင်း ဆောင်ယူလာပေးမည့် ယေရှုရှင် မွေးဖွားဆင်းသက်လာမည့် အမျိုးအနွယ်တွင် ပါဝင်ခဲ့ရသည် (မ ၁း၁-၁၆ ကိုကြည့်ပါ)။
ယေရှုရှင်၏နာမတော်ကို ထောက်၍ လုပ်ဆောင်သောအမှုက မည်သို့ဖြစ်လာ မည်ကို ကျွန်ုပ်တို့ မသိနိုင်ပါ။ DAVID ROPER