လ - မတ် 2017

အကြီးမြတ်ဆုံးသော ဖိတ်ကြားမှု

လွန်ခဲ့သော ရက်သတ္တပတ်အတန်ကြာက စာတိုက်မှ ဖိတ်စာများစွာကို ကျွန်တော် လက်ခံရရှိခဲ့သည်။ အငြိမ်းစားရေးရာ၊ အိမ်ခြံမြေ ရောင်းဝယ်ငှား၊ အသက်အာမခံ စသည့် လုပ်ငန်းများမှ ၎င်းတို့၏ “အခမဲ့” ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ဖိတ်စာများကို ချက်ခြင်း လွှင့်ပစ်လိုက်သည်။ သို့သော် နှစ်ရှည်လများသိကျွမ်းခဲ့သည့် မိတ်ဆွေဟောင်း တစ်ဦး၏ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲအစီအစဉ် ဖိတ်ကြားလွှာ ကိုမူ ကြွရောက်ပါမည်ဟု ကျွန်တော်ချက်ခြင်း အကြောင်းပြန် ခဲ့သည်။ ခေါ်ဖိတ်ခြင်း +ဆန္ဒရှိခြင်း = လက်ခံခြင်း
ဟေရှာ ၅၅း၁ တွင် အကြီးမြတ်ဆုံးသော ဖိတ်ကြားချက်ကို တွေ့ရသည်။ ခက်ခဲကြပ်တည်းနေသော အခြေအနေ၌ရှိနေသည့် သူ့လူများအား ထာဝရဘုရားသခင် မိန့်တော်မူသည်ကား  “အို ရေငတ်သောသူအပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသောသူတို့၊ လာကြ။ ၀ယ်၍ စားသောက်ကြလော့။ ငွေမပါဘဲ၊ အဖိုးကို မပေးဘဲ လာ၍  စပျစ်ရည်နှင့်နို့ကို ၀ယ်ကြလော့။”(း၁-၂)။ အတွင်းလူကို…

အသက် ရှင်ခြင်းနှင့် သေခြင်း

ကျွန်မသူငယ်ချင်း၏အစ်ကို ကွယ်လွန်သွားချိန်က သူ့အနားရှိနေခဲ့သည့်အဖြစ်အပျက်ကို ကျွန်မ ဘယ်သောအခါမှ မမေ့ပါ။ ထိုအဖြစ်က သာမန်အခြေအနေမှ တစ်မူထူးသည့် အနေအထားသို့ ရောက်လာသည်။ ကျွန်မတို့သုံးဦးက တိတ်တဆိတ် စကားပြောနေရင်းမှ ရစ်ချက် အသက်ရှုပုံက ပို၍ခက်ခဲလာကြောင်း သိလိုက်သည်။ ကျွန်မတို့က သူ့အနီး၌ ၀ိုင်းရံစောင့်ကြည့်နေပြီး၊ ဆုတောင်း ပေးသည်။ သူ၏နောက်ဆုံး ထွက်သက်ရှိုက်လိုက်ချိန် အသက် ၄၀ အရွယ် နှစ်လိုဖွယ် အမျိုးသားတစ်ဦး သေဆုံး တော့မည်ဖြစ်၍ ကျွန်မတို့မျက်ရည်ပင်လယ် ဝေနေချိန်၌ ဘုရားသခင်၏တည်ရှိနေမှုက ကျွန်မတို့ကို လွှမ်းခြုံလျက်   သန့်ရှင်းသောအချိန်ကဲ့သို့ ခံစားရသည်။
ယုံကြည်ခြင်းသူရဲကောင်းများစွာတို့သည် ဘုရား သခင်၏သစ္စာတည်မှုကို သူတို့ကွယ်လွန်ချိန်၌ တွေ့ကြုံခံစားခဲ့ကြသည်။ ဥပမာ - ယာကုပ်က မကြာမီ ‘‘ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်’’ဟု ပြောကြားခဲ့သည် (က ၄၉း၂၉-၃၃)။ ယာကုပ်၏သား ယောသပ်သည်လည်း မကြာမီ ရောက်လာတော့မည့် သူ၏သေခြင်းအကြောင်းကို ကြေညာခဲ့သည်။ သူ့ညီအစ်ကို…

မီးဖြင့် စုံစမ်းစစ်ကြောခြင်း

လွန်ခဲ့သော ဆောင်းရာသီက ကော်လိုရာဒို ပြည်နယ်ရှိ သဘာဝသမိုင်းပြတိုက်သို့ သွားရောက် လည်ပတ်ခဲ့စဉ် အံ့ဩဖွယ်တစ်မူထူးသည့် လေလာရွက်လှုပ်ပင် အကြောင်းကို သိခဲ့ရသည်။ ၎င်းသည် အဖြူရောင်ပင်စည်ရှိပြီး သေးသွယ်သည့် အပင်အစု တစ်ခုလုံးသည် အစေ့ တစ်စေ့တည်းထဲမှ အပင်ပေါက်ပြီး တူညီပင်မြစ် စနစ်ပုံစံဖြင့် ရှင်သန်ကြသည်။ ဤပင်မြစ်စနစ်သည်  အပင် ထပ်ပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ နှစ်ထောင်ပေါင်း များစွာ အသက်ရှင်နိုင်သည်။ ၎င်းသည် မြေအောက်၌ အိပ်နေပြီး၊ အရိပ်ထူထဲသည့် တောအုပ်တွင် သူတို့အတွက် နေရာ ပြင်ဆင်ပေးမည့် တောမီး၊ ရေတိုက်စားခြင်း (သို့) ရေခဲတောင်ပြိုခြင်း စသည့် သဘာဝဘေးဒဏ်များကို စောင့်ဆိုင်း နေကြသည်။ သဘာဝဘေးဒဏ်ကြောင့် မြေနေရာရှင်းလင်းသွားသော် အဆုံးတွင် အမြစ်က နေရောင်ကို ခံစား လာနိုင်ပြီး ထိုအမြစ်မှ အပင်ဖြစ်လာမည့် ပင်ပျိုလေးများကို ပို့လွှတ်လိုက်သည်။
သဘာဝဘေးအန္တရာယ်၏ အဖျက်လုပ်ငန်းသည် လေလာရွက်လှုပ်ပင်အတွက် ၎င်းတို့ကို…

ကောင်းသောအသီး သီးခြင်း

လေယာဉ်ပြတင်းပေါက်မှ မြင်ရသော မြင်ကွင်းက စိတ်ဝင်စားဖွယ် လှပသည်။ ၀င်းမှည့် နေသောဂျုံခင်းနှင့် သစ်သီးခြံများက ဖဲကြိုးသေးသေးသွယ်သွယ်လေးပမာ တောင်နှစ်လုံး ကြားတွင် အတန်းလိုက် ရှိနေသည်။ တောင်ကြားကို ဖြတ်၍ မြစ်တစ်စင်းက စီးဆင်း နေသည်။ အသက်ကိုပေးသော ရေမရှိပါက အသီးလည်း ရှိမည် မဟုတ်ပေ။
အသီးအနှံဖြစ်ထွန်းအောင်မြင်ရန် သန့်စင်သော ရေ အရင်းအမြစ် လိုအပ်သကဲ့သို့၊ မိမိပြောသောစကား၊ ပြုသော
အမှု၊ စိတ်ထား စသည့်  အသက်တာ‘‘အသီး’’၏ အရည်အသွေး မှာ ကျွန်ုပ်တို့မှီဝဲသည့် ၀ိညာဉ်အစာအာဟာရပေါ်တွင် မူတည်သည်။ ဤအချက်ကို ဆာလံဆရာက ဆာလံ ၁ ၌ဖော်ပြထားသည်။ ‘‘ထာဝရဘုရား၏တရားတော်၌ မွေ့လျော် ... သောသူသည် ... မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏’’ (း၁-၄)။ ရှင်ပေါလုကလည်း ၀ိညာဉ်တော်နှင့် လျှောက်လှမ်းသူ တို့၏အမှတ်လက္ခဏာမှာ…

ပုံရိပ်ကို စီမံခန့်ခွဲခြင်း

ဝန်ကြီးချုပ် ၀င်စတန်ချာချီ၏ အနှစ် ၈၀ မြောက် မွေးနေ့ပွဲအတွက် ဗြိတိသျှ ပါလီမန်က နာမည်ကျော် နိုင်ငံခေါင်းဆောင်ကြီး၏ ပုံတူပန်းချီကားဆွဲပေးရန် ပန်းချီဆရာ ဂရေဟမ် စူသလန်အား အလုပ်အပ်ခဲ့သည်။ ‘‘ငါ့ကို ဘယ်လိုပုံဆွဲပေးမှာလဲ၊ အပြစ်ကင်းတဲ့ ကလေးတစ်ယောက်ပုံလား၊ ဒါမှမဟုတ် ခွေးဘီလူးလိုမျိုးလား’’ ဟု ချာချီ က ပန်းချီဆရာကို မေးခဲ့ကြောင်း အရပ်စကားများအရ သိရသည်။ သူ့အား ကိုယ်စားပြုသော၊ နာမည်ကျော်ပြီး လူကြိုက်များသည့် ဤပုံစံနှစ်မျိုးကို ချာချီ နှစ်သက်သည်။ သို့သော် စူသလန်က သူမြင်သည့် အရာကိုသာ သူရေးဆွဲမည်ဟု ဖြေခဲ့သည်။
ချာချီသည် သူ့ပုံတူ ပန်းချီကားကို မကြိုက်ပါ။ စူသလန် ဆွဲပေးသော ပုံတူမှာ ချာချီ၏ အပြင်က ရုပ်အတိုင်း သူ၏စတိုင်ဖြစ်သည့် စိတ်ဆိုးမာန်ဆိုး မျက်နှာပေးနှင့် ကုလားထိုင်ပေါ်၌ ထိုင်နေသည့်ပုံဖြစ်သည်။ ကြည့်ကောင်းအောင် ဆွဲဆောင်မှုရှိအောင် ရေးဆွဲမထားပါ။ ထိုပုံတူပန်းချီကားကို  …