နေ့စဉ်ခွန်အားအကြောင်းသိကောင်းစရာ

Our Daily Bread (နေ့စဉ်ခွန်အားစာစောင်)ကို ၁၉၅၆ ခုနှစ်၌ စတင်ပုံနှိပ်ဖြန့်ဝေစဉ်ကပင် ယင်းသည်   အာရ်ဘီစီသာသနာလုပ်ငန်း၏ လူသိများသော စာစောင်ဖြစ်ခဲ့သည်။ နေ့စဉ်ခွန်အားစာစောင်၌ ရေးသားပုံနှိပ်ထားသော နေ့စဉ် ၀တ်ပြုကိုးကွယ်ခြင်းဆိုင်ရာ စဉ်းစားဆင်ခြင်စရာများသည် စာဖတ်ရှုသူများအား နေ့စဉ် ဘုရားသခင်၏နှုတ်ကပတ်တော်၌ အချိန်ယူနိုင်ရန် အထောက်အကူပြုခဲ့သည်။

Our Daily Bread (နေ့စဉ်ခွန်အားစာစောင်)ကို ကမ္ဘာတစ်ဝှမ်း ဘာသာစကား ၄၀ ထက်မနည်း ပုံနှိပ်ဖြန့်ချိလျက်ရှိပြီး RBC Ministries (အာရ်ဘီစီ သာသနာလုပ်ငန်း) ၏ ရုံးခွဲများမှာလည်း ကမ္ဘာအနှံတွင် ရှိနေပါပြီ။ အာရ်ဘီစီ သာသနာလုပ်ငန်းသည် သမ္မာကျမ်းစာလေ့လာရန် အထောက်အကူပြု အခြားစာစောင်အမျိုးမျိုးကိုလည်း ထုတ်ဝေလျက်ရှိသည်။ ယင်းတို့ကို ရယူလိုပါကလည်း မှာကြားတောင်းခံ နိုင်ပါသည်။ အာရ်ဘီစီ သာသနာလုပ်ငန်းကို အဖွဲ့အစည်းတစ်ခုခု (သို့) ဂိုဏ်းဂဏတစ်ပါးပါးမှ အရံသင့် ငွေပင်ငွေရင်းရံပုံငွေ မတည်ပေးခြင်းမရှိပါ။ လူများစွာတို့၏ နည်းများမဆိုသောပါဝင်ပေးလှူမှုဖြင့် အာရ်ဘီစီသာသနာလုပ်ငန်းသည် အသက်တာကို ပြောင်းလဲစေနိုင်သော သမ္မာကျမ်းစာကို  လူအပေါင်းတို့ထံသို့ ဝေမျှနိုင်ခဲ့ပါသည်။

Our Daily Bread ရေဒီယိုမှာ နေ့စဉ်ခွန်အားစာစောင် စာမျက်နှာများရှိ ဆင်ခြင်စရာ ထင်ဟပ်ဖော်ပြချက်များကို နေ့စဉ်အသံလွှင့်ထုတ်ဝေသော အစီအစဉ်ဖြစ်ပါသည်။ နားသောတဆင်သူများအား သခင် ယေရှုခရစ်နှင့် နီးကပ်ရင်းနှီးစွာ မိတ်သဟာယဖွဲ့နိုင်ရန် ဆွဲဆောင်ပြီး၊  ကိုးကွယ်ခြင်း၊ မေတ္တာသဘောရှိခြင်း၊ ယုံကြည်ကိုးစားခြင်းနှင့် နာခံခြင်းတို့ ဖြင့်တုံ့ပြန်ဝတ်ပြုနိုင်အောင် နိုးဆော်အားပေးသောအစီအစဉ် အဖြစ် နေ့စဉ်ဆင်ခြင်စရာများကို စီစဉ်ရေးသားထုတ်လွှင့်နေပါသည်။

ယနေ့တွင် Our Daily Bread ကို စာအုပ်စာစောင်အဖြစ် ပုံနှိပ်ထုတ်ဝေခြင်း၊   ရေဒီယိုအသံလွှင့်ခြင်း၊ podcast ၊ အီးမေးလ်၊ rss နှင့် လက်ကိုင်ဖုန်း စသည်တို့မှတစ်ဆင့် နည်းမျိုးစုံဖြင့်  ဖြန့်ဝေလျက်ရှိပါသည်။ နက်ဝေါ့(ခ) အသုံးပြုသူများအတွက် Our Daily Bread ကို Twitter နှင့် Facebook တို့တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။