သေခြင်းဆိုသည်မှာ အဘယ်နည်း။ သေပြီးလျှင် ဘာဖြစ်မည်နည်း။

သေခြင်းသည် သင်ကြိုက်ကြိုက် မကြိုက်ကြိုက် – ချမ်းသာသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ၊ ကျော်ဇောသည်ဖြစ်စေ၊ ပညာနှင့်ပြည့်စုံလျက် ဗဟုသုတ အတွေ့အစမ်း များသည်ဖြစ်စေ၊ တစ်နေ့တွင် ကျွန်ုပ်တို့အားလုံး သေရမည်ပင်။ လူအချို့က သေခြင်းသည် နိဂုံးအဆုံးသတ် `သေသောသူ ကြာလျှင်မေ့´ဟူသည့်စကားအတိုင်း မေ့လျော့ပျောက်ကွယ်သွား မည်ဟု တွေးထင်ကြသည်။ ထို့ကြောင့် ၎င်းတို့ကို လူတို့အမှတ်ရနေအောင် အပြင်းအထန် ကြိုးစားလျက် အမွေအနှစ် တစ်စုံတစ်ရာ ချန်ရစ်နိုင်အောင် ကြိုးစားကြလေသည်။ အချို့သော သူများကမူ အသစ်အဆန်း စိတ်လှုပ်ရှားစရာများကို များနိုင်သမျှ များများမြည်းစမ်းခံစားလျက် သေမင်းကို ရှောင်ဖယ်ရန် ကြိုးစားကြသည်။

သို့ငြားလည်း သမ္မာကျမ်းစာမှ သေခြင်းနောက်ဝယ် စီရင်းခြင်းရှိကြောင်း ဆိုထားသည် (ဟေဗြဲ ၉း၂၇)။ ယေရှုမပါရှိလျှင် ကျွန်ုပ်တို့၏ကြမ္မာမည်သို့မည်ပုံဖြစ်မည်ကို ”ပျက်စီးခြင်းသို့မရောက်” ဆိုသည့် စကားစုက သတိပေးနေသည်။

ပျက်စီးခြင်းဟု ဆိုရာ၌ လုံးဝပျက်စီးသွားခြင်းကို ဆိုလိုသည်။ ဩတပ္ပစိတ်၊ အသိ၊ အသက် တို့ ရပ်တန့်သွားရုံ မဟုတ်ဘဲ ဖြစ်တည်မှု၊ တန်ဖိုး၊ အဓိပ္ပာယ် အရာခပ်သိမ်းကို ဆုံးရှုံးရခြင်း ဖြစ်သည်။ ဘုရားသခင်နှင့် ထာဝရဝေးကွာရခြင်းဖြစ်သည်။ ကောင်းသောအရာခပ်သိမ်းကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။

ကျွန်ုပ်တို့ရှိသမျှသည် အပြစ်သင့်လျက် သေထိုက်သော်လည်း သခင်ယေရှု၏ လက်ဝါးကပ်တိုင်ပေါ် အသေခံခြင်းက အပြစ်တရား ပြဿနာကို အပြီးအစီး ရှင်းပေးခဲ့သည်။ ကျွန်ုပ်တို့ ကိုယ်စား အပြစ်အဖိုးအခကို သခင်ပေးခဲ့သည်။ ထို့ကြောင့် ထိုသခင်၌ ကျွန်ုပ်တို့ ယုံကြည်ပါလျှင် ကြောက်မက်ဖွယ် ကြမ္မာဆိုးမှ လွတ်မြောက်ကာ ပျက်စီးခြင်းသို့ မရောက်ပြီ။

သခင်ယေရှုသည် ကျွန်ုပ်တို့ ကယ်တင်ခဲ့ပြီဖြစ်၍ သေခြင်းကို ကျွန်ုပ်တို့ ကြောက်စရာ မလိုတော့ကြောင်း သိရသည်မှာ အလွန်နှစ်သိမ့်သက်သာ ကျေနပ်စရာပင် ဖြစ်တော့သည်။