စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ sawjefry

ရွေးနုတ်ပိုင်သောအရှင် ခရစ်တော်

နာမည်ကျော် “ရွေးနုတ်ရှင် ခရစ်တော်” ရုပ်တုသည် ရီရို ဒီဂျဲနရို မြို့ကို အပေါ်စီးမှ
မိုးထားသည်။ ခရစ်တော်၏ ဆန့်တန်းထားသည့်လက်တော်က လက်ဝါးကပ်တိုင်ပုံစံကို
ဖော်ကျူးသည်။ ဘရားဇီးနိုင်ငံသား ဗိသုကာ ပညာရှင် Heitor da Silva Costa က ထိုပုံကို
ဒီဇိုင်းရေးဆွဲဖန်တီးထားခြင်းဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ
ထိုရုပ်တုသည် အမှောင်ထုမှ မနက်မိုးသောက်သည်နှင့်
ဒေသခံများ ပထမဦးဆုံး မြင်ရသည့် ပုံရိပ်ဖြစ်ရန်၊ နေ၀င်ချိန်
တွင်လည်း ရုပ်တုဦးခေါင်းမှ ဖြာကျလာသည့် ဆည်းဆာ
အလှကို ခံစားရရန် ဖြစ်သည်။
ကောင်းစားနေချိန်ဖြစ်စေ၊ ခက်ခဲနေချိန်ဖြစ်စေ၊
ကျွန်ုပ်တို့၏ရွေးနုတ်ရှင်ထံ နေ့ရက်အစဉ်တိုင်း မျက်မှောက်
ပြုခြင်းက အကျိုးကြီးသည်။ ဆင်းရဲဒုက္ခများနှင့်တွေ့ကြုံရစဉ် ယောဘက ဤသို့ပြော
ခဲ့သည်။ “ငါ့ကို ရွေးနုတ်သောသခင်သည် အသက်ရှင်၍ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ
ပေါ်လာတော်မူမည်...”(ယောဘ ၁၉း၂၅)။ ယောဘ၏အော်ဟစ်သံက ကျွန်ုပ်တို့ကို
သခင်ယေရှုဆီသို့…

တွန့်ဆုတ်ရုန်းကန်နေသူကို ကယ်ဆယ်ခြင်း

လွန်ခဲ့သော နှစ်များစွာက ရေကူးသင်တန်းတစ်ခုတွင် ရုန်းနေသည့် ရေနှစ်နေသူအား
မည်သို့ကယ်ရမည်ကို သင်ပေးခဲ့သည်။ “ရေနှစ်သူကို သူ့ရဲ့နောက်ဖက်ကနေ ချဉ်းကပ်ပါ။
ပြီးတော့ လက်တစ်ဖက်နဲ့ သူ့ရဲ့ရင်ဘတ်ကိုသိုင်းဖက်ပြီး ကျန်လက်တစ်ဖက်နဲ့ ဘေးကင်း
လုံခြုံရာကို ကူးခတ်သွားပါ။ အကယ်၍ သူ့ကို အရှေ့ဖက်က
ချဉ်းကပ်သွားခဲ့ရင် အဲ့ဒီလူက သင့်ကို အမိအရ ဖမ်းဆွဲ ထားပြီး
နှစ်ယောက်စလုံး ရေနှစ်သွားနိုင်တယ်။” ဟု နည်းပြက
ပြောပါသည်။ ထိတ်လန့်မှုနှင့် ခြောက်ခြားမှုကြောင့် ပညာ
သတိနှင့် စဉ်းစားဆုံးဖြတ်နိုင်သည့်စွမ်းရည် ပျောက်ဆုံးသွား
စေသည်။
ကမ္ဘာဦးကျမ်း ၁၉း၁၂-၁၃ တွင် ဘုရားသခင်သည်
သောဒုံနှင့် ဂေါမောရမြို့ကို မစီရင်မီ လောတနှင့် သူ့မိသားစု
ကို ကယ်တင်ရန် ကောင်းကင်တမန်နှစ်ပါးကို စေလွှတ်ခဲ့ရာ၊
ကောင်းကင်တမန်နှစ်ပါးမှာ လောတမိသားစု၏တု့န်ပြန်မှုကို
ခံခဲ့ရသည်။ လောတ၏သမက်များက သတိပေးမှုကို
ပြက်ရယ်ပြုခဲ့သည်။ လောတအနေနှင့်လည်း မြို့ထဲမှ
အမြန်ဆုံးထွက်ခွာရန်…

ညဥ့်ယံမှ အသံတော်

ဆာလံ ၁၃၄ သည် အပိုဒ်ငယ် သုံးပိုဒ်သာရှိသော်လည်း အဓိပ္ပာယ်ပြည့်စုံလှသည့်အတွက်
အသေးအမွှားအရာက အဓိပ္ပာယ်များစွာရှိကြောင်း သက်သေပြနေသည်။ ကျမ်းပိုဒ်
ပထမနှစ်ပိုဒ်က ဘုရား၏ဗိမာန်တော်၌ နေ့ရောညပါ ဆက်ကပ်အသုံးတော်ခံကြသော
ယဇ်ပရောဟိတ်များကို တိုက်တွန်းနှိုးဆော်ထားသည်။
အခန်းတစ်ခုလုံး မှောင်မဲပြီး ဘာမှမရှိဟုထင်ရလည်း
“သန့်ရှင်းရာဌာနတော်သို့ လက်ကိုချီ၍၊ ထာဝရဘုရားကို
ကောင်းချီးပေးကြလော့။” (း၂) ဟူ၍ အမှုတော်ဆောင်များကို
အားပေးထားသည်။ တတိယအပိုဒ်မှ “ကောင်းကင်နှင့်
မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည်
သင့်ကို ကောင်းကြီးပေးတော်မူပါစေသော” (း၃) ဟူသည့်
အသံသည် အထီးကျန်အမှောင်ညတွင် ပရိသတ်ကြားမှ
ပေါ်ထွက်လာသော အသံဖြစ်သည်။
ယခုမျက်မှောက်ခေတ်၌ မထင်မရှားနေရာမှ အသင်းတော်ငယ်လေးများတွင်
အမှုတော်ဆောင်နေကြသည့် သင်းအုပ်များနှင့် ၄င်းတို့မိသားစုအကြောင်းကို ကျွန်တော်
စဉ်းစားမိသည်။ မကြာခဏဆိုသလို ၎င်းတို့သည် အကောင်းဆုံး လုပ်ဆောင်ရင်း၊
အသိအမှတ်ပြုမခံရလည်း၊ အကျိုးမရလည်း အစေခံနေကြရင်း၊ စိတ်ပျက်နွမ်းလျလျက်
အားလျော့လိုက်ရန် သွေးဆောင်ခံရသည်။ ၎င်းတို့၏…

ဇာတ်လမ်းအပြည့်အစုံ

မကြာသေးမီက ကျွန်ုပ်၏မြေး ဒါးလပ်စ်က ‘‘သခင်ယေရှု ဘာကြောင့် ကားတိုင်မှာ
အသေခံခဲ့တာလဲ’’ ဟု မေးခဲ့၍ အပြစ်တရားအကြောင်းနှင့် သခင်ယေရှု၏ ရွေးနှုတ်
ကယ်တင်ခြင်းအကြောင်းကို သူအား အတန်ကြာရှင်းပြခဲ့သည်။ ထို့နောက် သူသည်
ကစားရန် အပြင်သို့ပြေးထွက်သွားသည်။ မိနစ် အနည်းငယ်
အကြာတွင် မြေးကလေးသည် သူ၏ရွယ်တူ အစ်မ၀မ်းကွဲ
ဖြစ်သူ ကေတီအား သခင်ယေရှု၏ အသေခံခြင်းအကြောင်း
ကို ပြန်လည် ပြောပြနေသည်ကို ကြားခဲ့ရသည်။ ကေတီက
‘‘သခင်ယေရှု မသေဘူး’’ ဟုပြန်ပြောရာ၊ ဒါးလပ်စ်က
‘‘ဟုတ်တယ်။ သခင်ယေရှု လက်ဝါးကပ်တိုင်မှာ တကယ်
သေသွားပြီလို့ အဘိုးပြောတယ်’’ ဟု ငြင်းခုံနေပြန်သည်။
အကြောင်းအရာအပြည့်အစုံကို ကျွန်ုပ် မရှင်းပြလိုက်
မိခြင်းဟု နားလည်လိုက်သည်။ ထို့ကြောင့် ဒါးလပ်စ် အား
သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်း၊ ကျွန်ုပ်တို့အတွက် သူအသေခံ
ခဲ့သော်လည်း…

ဝှက်ထားသည့် လျှို့ဝှက်ဆန်းကြယ်ရာများ

စကြစဠာကြီးထဲ ရွေ့လျားနေသည့်အရာဝတ္ထုများစွာကို ကျွန်ုပ်တို့ တစ်ခါမှ မြင်ဖူးကြမည်
မဟုတ်ပါ။ အချို့က သေးငယ်လွန်းခြင်း၊ အချို့က လျင်မြန်စွာ ရွေ့ရှားခြင်း၊ အချို့က
နှေးကွေးစွာ ရွေ့ရှားခြင်းကြောင့် မမြင်နိုင်ပါ။ ဗွီဒီယိုရုပ်ရှင် ရိုက်ကူးသူ Louis Schwartzberg
က ခေတ်မီနည်းပညာများကို သုံးပြီး ဘောက်ဖတ်၏ပါးစပ်၊ အသီးစား ယင်ကောင်၏
မျက်စိ၊ မှိုပွင့်များ ကြီးထွားလာပုံ စသည်တို့ကို အံ့သြဖွယ်ရာ ရိုက်ကူးပြသခဲ့သည်။
ရုပ်လောက ကမ္ဘာကြီးထဲ ထူးခြားဆန်းကြယ်သည့်
အရာများကို မြင်နိုင်စွမ်းမရှိခြင်းက၊ ဝိညာဉ်ရေး၌ မည်သည်တို့
ဖြစ်ပျက်နေသည်ကို သိမြင်နားလည်ရန်မှာလည်း မလွယ်ကူ
ကြောင်း သတိပေးသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အနီး
ဝန်းကျင်၌ ကျွန်ုပ်တို့တွေးထင်ထားသည်ထက် ပို၍အံ့ဖွယ်
ကောင်းသော အမှုအရာများကို လုပ်ဆောင်နေသည်။
ကျွန်ုပ်တို့၏ ဝိညာဉ်အမြင် အားနည်းခြင်းကြောင့်သာ ထိုအရာ
များကို မမြင်နိုင်ပါ။ ပရောဖက်ဧလိရှဲသည် ဘုရားသခင်၏…

ထိုက်တန်သည်

၎ ရာစု အကုန်ခန့်တွင် ရောမသားတို့အား ဖျော်ဖြေသည့်အနေဖြင့် ခရစ်တော်
နောက်တော်လိုက်များအား ခြင်္သေ့စာကျွေးသည့်ပွဲများ မရှိတော့ပါ။ သို့သော် သေတမ်း
ကစားပွဲများ ဆက်ရှိနေခဲ့သည်။ သို့သော် တစ်နေ့တွင် သူသေကိုယ်သေ တိုက်ခိုက်
နေသည့် လူနှစ်ဦးကြားသို့ ပုဂ္ဂိုလ်တစ်ဦး ခုန်ချပြီး ဆီးတား
ခဲ့သည်။
ထိုသူမှာ တယ်လီ မက်ချက်ဆိုသည့် တောထွက်
ခရစ်ယာန်ဘုန်းကြီးတစ်ပါးဖြစ်သည်။ သူက ရောမမြို့သို့
လာရောက်လည်ပတ်ရာ ဤသို့ လူလူချင်းသတ်ပုတ်စေသည့်
သွေးဆာနေသောကစားပွဲကို မခံစားနိုင်ခဲ့ပါ။ ၅
ရာစုနှစ်က အသင်းတော်သမိုင်းပညာရှင်ဘုန်းတော်ကြီး
သီအိုဒိုရက် က တယ်လီ မက်ချက်သည် ဤရက်စက်သောကစားပွဲကို ရပ်တန့်ရန်
တောင်းဆိုခဲ့သော်လည်း လူထုပရိတ်သတ်က သူ့ကို ကျောက်ခဲနှင့် ပစ်သတ်ခဲ့သည်။
ရောမဧကရာဇ် အော်နယ်ရီရပ်စ် က သူ၏ရဲရင့်သောအပြုအမူအကြောင်း သတင်းကို
ကြားပြီး ထိုကစားပွဲကို အဆုံးသတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
အချို့ကမေးမည်။ ၎င်းသည်…

ရေပေါ်လမ်းလျှောက်ခြင်း

လှေလှော်ရွက်တိုက်နည်း သင်ယူစဉ်က လှေများထားရှိသည့် သင်ကြားသည့်နေရာသို့
ဘောလောပေါ်နေသည့် လှုပ်လီလှုပ်လဲ့တံတားမှ အတော်လေး သွားရသည်။ ဒါကို
ကျွန်မ မကြိုက်ပါ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဟန်ချက်ညီအောင် မထိန်းနိုင်သဖြင့်
လှေထဲဆင်းစဉ် လှေနှင့်တံတားကြားပြုတ်ကျမှာ စိုးမိသည်။
ထို့ကြောင့် လက်လျှော့လိုက်ရန်ပင် တွေးမိသည်။ “မျက်လုံးက
ဆရာ့ကိုပဲကြည့်၊ ဆရာရှိနေတယ်။ မင်းချော်သွားရင်
ငါဖမ်းမှာပါ”ဟု သင်တန်းဆရာကပြောသည်။ ဆရာ ပြောသည့်
အတိုင်း နာခံလုပ်ဆောင်ခဲ့၍ ယခုတွင် အခြေခံ လှေလှော်
ရွက်တိုက်သင်တန်းကို ကျွမ်းကျင်စွာ ပြီးမြောက်အောင်မြင်
ကြောင်း သင်တန်းဆင်းလက်မှတ်ကို ဂုဏ်ယူစွာ ပိုင်ဆိုင်ရရှိ
ခဲ့တော့သည်။
စွန့်စားရမည့်အလုပ်ကို သင်ရှောင်ဖယ်နေပါသလား။ မအောင်မြင်မှာ၊ ထိခိုက်
နာကျင်မှာ၊ မိုက်မဲရာကျမှာစိုးပြီး မိမိအသားကျသည့်နေရာမှထွက်ရန် ကျွန်ုပ်တို့ တုံ့ဆိုင်း
တတ်သည်။ သို့သော် ထိုစိုးကြောက်စိတ်၏ချည်နှောင်မှု ခံနေရလျှင် ဘာလုပ်လုပ်
ကြောက်နေတာချည်းနှင့် အဆုံးသတ်ရလိမ့်မည်။
ရှင်ပေတရု ရေပေါ်လမ်းလျှောက်သည့်…

Liam နှင့်ဈေးသွားခြင်း

သားလေး liam က သူ့မေမေအတွက် ဇော်မွှားပန်းများခူးပေးရသည်ကို သဘောကျ
သည်။ အများက ပေါင်းပင်ဟုသာမြင်မည်။ သို့သော် ကလေးတစ်ဦးအတွက်မူ လှပသော
ပန်းလေးပါ။ တစ်နေ့တွင် Liam ကိုခေါ်ပြီး ကျွန်တော်ဈေးသွားရာ ပန်းဆိုင်ရှေ့ အဖြတ်တွင်
အ၀ါရောင် ချူးလစ်ပန်းစည်းကို သူ အားရ၀မ်းသာညွှန်ပြပြီး၊ “မေမေ့အတွက်
ဖေဖေ အဲဒီချူးလစ်ပန်းတွေ ၀ယ်ပေးသင့်တယ်”ဟု ပြောလိုက်သည်။ သူ့အကြံကို
ကျွန်တော်သဘောကျပြီး ရယ်မိသည်။ (ပြောရလျှင် ကျွန်တော်
ထိုပန်းစည်း ၀ယ်ဖြစ်ခဲ့သည်။) သူ့မေမေကလည်း ဖေ့စ်ဘွတ်၌
ထိုပန်းစည်းဓါတ်ပုံကို တင်ခဲ့သည်။
ပေါင်းပင်အားဖြင့် အာဒံ၏အပြစ်ကို သတိရစေသည်။
တားမြစ်ထားသော အသီးကိုစားမိ၍ အာဒံနှင့်ဧ၀နှစ်ဦးမှာ
အပြစ်သို့ သက်ဆင်းမိပြီး ကျိန်ခြင်းအမင်္ဂလာကို ခံစားရသည်။
ပင်ပန်းစွာ အလုပ်လုပ်ရသည်။ သားဖွားခြင်းအမှု၌ ဝေဒနာ
ခံစားရသည်။ နောက်ဆုံး သေခြင်းကို ရင်ဆိုင်ရသည် (က
၃း၁၆-၁၉)…

အကူးအပြောင်းကာလ၏စိန်ခေါ်မှု

ထူးချွန်အားကစားသမား ခရစ် စန်ဒါစ် ခံစားခဲ့ရသည့် ထိခိုက်ဒဏ်ရာကြောင့်
အားကစားသမားဘ၀ကို အဆုံးသတ်ခဲ့ရသည်။ ထိုနောက်ပိုင်းတွင် စစ်ပြန်
ရဲဘော်ဟောင်းတစ်ဖွဲ့ကို အားပေးရာ၌ သူက တိုက်ပွဲတစ်ပွဲကိုမျှ သူမတိုက်ဖူးသော်လည်း
“အကူးအပြောင်းကာလရဲ့ဖိအားကို ကျွန်တော်ကောင်းကောင်း သဘောပေါက်ပါတယ်”
ဟု ပြောခဲ့သည်။
အလုပ်ပြုတ်ခြင်း၊ အိမ်ထောင်ကွဲခြင်း၊ အသည်း
အသန် ဖျားနာခြင်း၊ ငွေကြေးပြဿနာတက်ခြင်း စသည်ဖြင့်
မည်သည့် အပြောင်းအလဲ ကြီးကြီးမားမားမဆို စိန်ခေါ်မှု
ရှိသည်။ အားကစားသမားဟောင်းကြီးက ဘ၀ ရှင်သန်မှုကို
ပြောင်းလဲရှင်သန်ရမည့် အကူးအပြောင်း ကာလ၌ အောင်မြင်
စေသော သော့ချက်မှာ အကူအညီ တောင်းခံခြင်းဖြစ်သည်
ဟု ရဲဘော်များကို အားပေးခဲ့သည်။
အကူးအပြောင်းကာလ၌ ရောက်နေတိုင်း ယောရှုမှတ်စာကို ဖတ်ရန် အကြံပေး
ထောက်ခံကြသည်။ နှစ်ပေါင်း ၄၀ ကျော် တော၌ လှည့်လည်ခဲ့ရပြီးနောက် ဘုရား၏
လူမျိုးတော်သည် ကတိထားတော်မူသောပြည်သို့ဝင်ရန် အသင့်ရှိနေပြီ…

နှစ်လိုဖွယ်ကောင်းသော ဖခင်

လေယာဉ်ပေါ်နှင့် လေဆိပ်ထဲတွင် သွက်လက်တက်ကြွသည့် မူကြိုအရွယ် သား
နှစ်ယောက်ကို ထိန်းရင်းဆွဲရင်းဖြင့် မိဘနှစ်ဦးမှာ မောဟိုက်နေကြောင်း သိသာသည်။
တစ်ဖန် ယခုနောက်ဆုံးစီးရမည့်လေယာဉ်က နောက်ကျသည်။ ခရီးသွားများနှင့်
ပြည့်ကြပ် နေသည့် ထွက်ခွါဂိတ်တွင် ပြေးလွှားဆော့နေသည့်
ချာတိတ်လေး နှစ်ဦးကိုကြည့်ပြီး ဂရန်း ရက်ပစ်သို့
နောက်ထပ် နာရီဝက်စီးရမည့်ခရီးတွင် ကလေးငြိမ်အောင်
မိဘများ မည်သို့ ထိန်းမည်နည်းဟု ကျွန်တော်တွေးမိသည်။
လေယာဉ်ပေါ် ရောက်သော် အဖေနှင့်သားတစ်ယောက်က
ကျွန်တော့်အနောက်ခုံ၌ နေရာကျသည်။ ခဏအကြာတွင်
“သားကို ပုံပြင်စာအုပ်ဖတ်ပြမလို့”ဟု ပြောလိုက်သံကို
ကြားရသည်။ သို့နှင့် ခရီးတစ်လျှောက်လုံး နှစ်လိုဖွယ်
ကောင်းသည့်ဖခင်က စိတ်ရှည်နူးညံ့စွာဖြင့် ပုံပြင်ဖတ်ပြကာ
သား၏အာရုံကို စုစည်းလျက် ငြိမ်သက်စေတော့သည်။
ဒါဝိဒ်ကလည်း သူရေးသားသည့် ဆာလံသီချင်းတစ်ခုတွင် “အဘသည်
သားတိုကို သနားစုံမက်သည့်နည်းတူ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို
သနားစုံမက်တော်မူ၏”(၁၀၃း၁၃)ဟု ကြွေးကြော်ခဲ့သည်။ Pities ဟူသော…