စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Marion Stroud

ကိုယ်တော့်အား ကျွန်ုပ်ဘာပေးနိုင်မည်နည်း

တစ်နှစ်တွင် ခရစ်စမတ်အချိန် ဘုရားကျောင်း အလှဆင်ရန် တာဝန်ယူသူများက `ခရစ်စမတ် ပစ္စည်းစာရင်း´ ဟူသော အဓိကခေါင်းစဉ်ကို ရွေးချယ်ခဲ့သည်။ ခါတိုင်းကဲ့သို့ ရွှေရောင် ငွေရောင် စသော တောက်ပသည့် အဆင်တန်ဆာများနှင့် အလှမဆင်ဘဲ လူတိုင်းအား အနီရောင်၊ အစိမ်းရောင် စာရွက်လေးများ ဝေပေးသည်။ စာရွက်၏တစ်ဘက်၌ ၎င်းတို့ ယေရှုရှင်ထံမှ ရလိုသည့် လက်ဆောင်ကို ရေးချရမည်ဖြစ်ပြီး ကျန်တစ်ဘက်တွင် သူတို့ဆင်နွှဲကြသည့် မွေးနေ့ရှင်ပုဂ္ဂိုလ်အား ပေးလိုသည့် လက်ဆောင်ကို ရေးရမည်ဖြစ်သည်။
သင်ဤသို့ ပြုလုပ်ရပါက မည်သည့် လက်ဆောင်ကို ရလိုပြီး မည်သည်ကို ပေးမည်နည်း။ ကျမ်းစာ၌ အကြံ ကောင်းများစွာ ပေးထားပါသည်။ ကျွန်ုပ်တို့၏ လိုအပ်မှု အားလုံးကို ပြင်ဆင်ပေးရန် ဘုရားသခင် ကတိပေးထား ခြင်းကြောင့် အလုပ်အကိုင်သစ်ရရန်၊ ငွေရေးကြေးရေး ပြဿနာ၌ ကူညီပေးရန်၊ မိမိနှင့်အခြားသူများအတွက် ကိုယ်ကျန်းမာခြင်းဆု၊ မိတ်ဆွေများနှင့် ပြန်လည်သင့်မြတ်…

အားလုံးကို ကြိုဆိုပါသည်

အသင်းတော်၏လူငယ်ကလပ်၌ ရုပ်ရှင်ပြသရန် ဆက်ကပ်ဆုတောင်းထားသည့်အတိုင်း နောက်ဆုံးတွင် ရုပ်ရှင်ပြမည့် ညလေးရောက်ရှိလာပါပြီ။ ကြော်ငြာပိုစတာများကို ရွာအနှံ့ကပ်ထားပြီး ပီဇာမုန့်များလည်း နွေးထားပြီးပြီဖြစ်သည်။ သင်းအုပ်ဆရာလေး တစ်ပါးအားဖြင့် သခင်ယေရှုနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည့် နယူးယောက်မြို့မှ လူဆိုး ဂိုဏ်းသားများအကြောင်း ရိုက်ကူးထားသော ရုပ်ရှင်လေးဖြင့် ကလပ်အသင်းသားအသစ်များ အဖွဲ့ဝင်လာမည်ဟု လူငယ် သင်းအုပ်ဆရာ စတိ(ဗ်) မျှော်လင့်ထားသည်။
သို့သော် ထိုနေ့ညတွင် ရုပ်မြင်သံကြားမှ ဘောလုံး ပွဲကြီးပွဲကောင်းတစ်ပွဲ ပြသမည်ကို သူမသိလိုက်ပါ။ သို့နှင့်
သူမျှော်လင့်သည့်အတိုင်းဖြစ်မလာဘဲ လူအနည်းငယ်သာ လာကြည့်သည်။ သက်ပြင်းဖွဖွချရင်း ရုပ်ရှင်စတင်ပြသရန်   မီးအမှောင်ချမည်အလုပ်တွင် နယ်ခံမော်တော်ဆိုင်ကယ် ကလပ်မှ သားရေအင်္ကျီဝတ်ထားသော အသင်းသား ငါးဦး ၀င်လာသည်။ စတိ(ဗ်) ခမျာ သွေးဆုတ်သွားသည်။
tDog ဟုလူအများကသိသော အဖွဲ့ခေါင်းဆောင်က စတိ(ဗ်) ကို ကြည့်ကာ ခေါင်းဆတ်ပြလိုက်ပြီး‘‘ဘယ်သူမဆို လူတိုင်းအတွက် အခမဲ့မဟုတ်လား’’ ဟု ပြောလိုက် သည်။…

အားတင်းထားပါ

အီမေ ဆိုသူသည် အိမ်ခြေယာမဲ့တစ်ဦးဖြစ်ပြီး တစ်နှစ်ပတ်လုံး တစ်ရက်ပြီးတစ်ရက် မြို့ကို ပတ်၍ ပလက်ဖောင်းပေါ်သို့ ငုံ့ကြည့်သွားလာရင်း ဘ၀ရှင်သန်ခဲ့သည်။ ယခင်က ထိုသို့ အခြေအနေမဲ့ လမ်းပေါ်နေထိုင်သူ မဟုတ်၍၊ သူကိုသိသူများနှင့် အကြည့်ခြင်းဆုံပြီး သူ့ကို မှတ်မိသွားမှာ သူရှက်သည်။ ထို့ပြင် သူ့အာရုံက လမ်းပေါ်ကျခဲ့သော အကြွေစေ့၊ ဆေးလိပ်တိုတို့ကိုသာ ရှာတွေ့ရန် သူတောင့်တသည်။ တစ်ချိန်လုံး အောက်ဘက်သို့ အာရုံစိုက်သည့် အနေအထား က အကျင့်ဖြစ်သွားပြီး၊ သူ့ကျောရိုးများ အံသေကာ ခေါင်းပြန်မတ်ရန် အလွန်အခက်တွေ့ခဲ့ရသည်။
ပရောဖက်ဧလိရှဲ၏ကျွန်သည် မှားသော လားရာဘက်  သို့သာ ကြည့်ရှုခဲ့သည်။ သူသည် သူ့သခင်ကို ဖမ်းဆီးရန် ရှုရိရှင်ဘုရင်က စေလွှတ်ခဲ့သော ဧရာမစစ်တပ်ကြီးကြောင့် ကြောက်ရွံ့တုန်လှုပ်ခဲ့သည် (၄ရာ ၆း၁၅)။ သို့သော် သူသည် ရန်သူ၏အန္တရာယ်နှင့်အင်အားကိုသာ မြင်သည်။ ဣသရေလလူတို့ကို ချေမှုန်းရန် ရှုရိဘုရင်စေလွှတ်ခဲ့သည့် အင်အားအလုံးအရင်းထက် သာလွန်အားကြီးသည့်…

သင်ယူမိသော သင်ခန်းစာတစ်ခု

မေရီသည် မုဆိုးမတစ်ဦးဖြစ်ပြီး ကျန်းမာရေးလည်း ချို့တဲ့နေသည်။ သမီးဖြစ်သူက သူ့အိမ်နှင့် ကပ်လျက်ရှိသော ‘‘ဘွားဘွား ရိပ်သာ’’သို့ ပြောင်းလာရန် ခေါ်ခဲ့သည်။ မေရီမှာ မိတ်ဆွေများနှင့် ကျန်မိသားစုဝင်အားလုံးကို မိုင်ပေါင်းများစွာ ဝေးသောအရပ်၌ ချန်ရစ်ခဲ့သော်လည်း ဘုရားသခင်၏ ပြင်ဆင်ပေးမှုအတွက် သူဝမ်းမြောက်ခဲ့သည်။
ဘ၀သစ်၌ နေထိုင်လာသည်မှာ ခြောက်လခန့်မျှ ရှိချိန်တွင်၊ သူ့စိတ်၌ ဘုရား၏စုံလင်သော အကြံအစည် ဟုတ်ပါရဲ့လားဟု သံသယ၀င်ရန် သွေးဆောင်ခံရပြီး သူ၏ကနဦး ၀မ်းမြောက်ခြင်းနှင့် စိတ်ကျေနပ်ရောင့်ရဲမှုတို့ ပျောက်ကွယ်တော့မည့် အခြေဆိုက်လာသည်။   ခရစ်ယာန် မိတ်ဆွေများကို သူအောက်မေ့သည်။ သူတက်ရောက်သော အသင်းတော်သစ်မှာ ဝေးလွန်းလှ၍ သူတစ်ဦးတည်း လွတ်လွတ်လပ်လပ် မသွားနိုင်။
ထို့နောက် ၁၉ ရာစု၏ တရားဟောဆရာကြီး ချားလ်စပါဂျင် ရေးသား ခဲ့သောစာကို သူဖတ်ရသည်။ ‘‘ယခုတွင် ရောင့်ရဲကျေနပ်မှု ဟူသည် ကောင်းကင်ဘုံ၏ ပန်းများထဲမှ ပန်းတစ်မျိုးဖြစ်ပြီး၊ ယင်းကို ပြုစုပျိုးထောင်ရန်…

ကြီးထွားတိုးတက်ရန်အချိန်

ဒယ်ဘီ သည် သူ့အိမ်သစ်တွင် မှောင်ရိပ်ကျသော မီးဖိုချောင်ထောင့်၌ စွန့်ပစ်ထားသည့် အပင်တစ်ပင်ကို တွေ့ခဲ့သည်။ စုတ်ပြတ်သတ်ပြီး ဖုန်တက်နေသော အရွက်များက
သစ်ခွရွက်များနှင့်တူသည်။ ထိုအပင်လေးသည်   အကိုင်းခက်အသစ်များ ထွက်လာလျှင် မည်မျှလှပမည်ကို သူမစိတ်ကူးကြည့်မိသည်။ သို့နှင့် အပင်ကို ပြူတင်းပေါက်နား ရွှေ့ပြီး၊ အရွက်ခြောက်များကို ဖြတ်တောက်ကာ ဂရုတစိုက် ရေလောင်းပေးခဲ့သည်။ အပင်အားတိုးဆေးဝယ်ပြီး၊ အမြစ်ကို မြေသြဇာကျွေးသည်။ သူမသည် တစ်ပတ်ပြီးတစ်ပတ် အပင်ကို စစ်ဆေးခဲ့သော်လည်း၊ အညှောင့်သစ်များ ထွက် မလာ။ သို့နှင့် “နောက်ထပ် တစ်လလောက် စောင့်ကြည့်မယ်။ တကယ်လို့ ဘာမှမထူးခြားရင်တော့ အပင်ကို လွှင့်ပစ်တော့ မယ်” ဟု သူမ၏ခင်ပွန်းကို ပြောလိုက်သည်။
ထိုနေ့သို့ ရောက်လာသောအခါ သူ့မျက်လုံးကိုပင် သူမယုံနိုင်ဖြစ်သွားသည်။ အရွက်များကြား အခက်လေးနှစ်ခု ထွက်နေသည်။ သူမလက်လျှော့တော့မည့်အပင်သည် ရှင်သန်နေဆဲ မဟုတ်ပါလား။
သင်၌် ၀ိညာဉ်ရေးတိုးတက်မှု လုံးဝမတွေ့ရသောကြောင့်…

ခရစ်တော်၏ မွှေးရနံ့

အတိတ်က ဖြစ်ရပ်၊ အကြောင်းအရာတို့ကို ပြန်လည်မြင်ယောင် စဉ်းစားရာ၌ မည်သည့်အာရုံက အဆွဲဆောင်နိုင်ဆုံးနည်း။ ကျွန်တော့်အတွက် ဆိုရလျှင် ရနံ့အာရုံ ဟုပင်ဆိုရမည်။ နေလောင်ဒဏ်ကာကွယ်ပေးသည့် အဆီတမျိုး၏ရနံ့ကိုရလျှင် ပြင်သစ်နိုင်ငံရှိ ကမ်းခြေတစ်ခုသို့ ရောက်သွားစေသည့်အလား ကျွန်ုပ်ခံစားရသည်။ ကြက်သားနှပ် ဟင်းအနံ့ရလျှင်  ငယ်စဉ်က ဘွားဘွား ချက်ကျွေးခဲ့သည့်ဟင်းကို သတိရမိသည်။ ထင်းရှူးပင်ဆိုလျှင် `ခရစ်စမတ်ရောက်ပြီ´ဟု သတိရသလို၊ မုတ်ဆိတ်ရိတ် ဆေးရည်အနံ့တစ်မျိုးဆိုလျှင် သား၏ဆယ်ကျော်သက် အရွယ်ကို ပြန်သတိရမိသည်။
ရှင်ပေါလုက မိမိတို့ယုံကြည်သူ တစ်ယောက်စီတိုင်း သည် ခရစ်တော်၏ အမွှေးရနံ့များဖြစ်ကြောင်း သတိပေးခဲ့ သည်။ ‘‘အဘယ်သို့နည်းဟူမူကား၊ ငါတို့သည် ကယ်တင်သောသူတို့၌၎င်း၊ ဘုရားသခင် အား ခရစ်တော်၏ အမွှေးအကြိုင် ဖြစ်ကြ၏” (၂ကော ၂း၁၅)။
ရှင်ပေါလုအနေဖြင့် ရောမစစ်သားများ၏အောင်ပွဲခံပုံကို ပုံဆောင်၍ ဥပမာပေးခြင်း
ဖြစ်သည်။ ထိုခေတ်အခါက ရောမတို့သည် စစ်တိုက်၍အောင်မြင်သောအခါ ယဇ်ပလ္လင် ပေါ်တွင် နံ့သာပေါင်းကို…

ဘုရားသခင်၏ နည်းလမ်း

ကျွန်မတို့အားလုံး ဘုရားသခင်၏အသံတော်ကို ကြားရန်လိုသည်။ လွန်ခဲ့သော ၃ လ ခန့်က ကလေး ၂ ဦးကို စောင့်ရှောက်ပေးရန် အရေးပေါ် တောင်းဆိုလာခြင်းကြောင့် ၎င်းတို့၏အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရန် စဉ်းစားရတော့သည်။ ကျွန်မတို့၌ ကလေး ၃ ယောက် ရှိပြီးသားဖြစ်ပြီး၊ နောက်ထပ် မူကြိုအရွယ် ကလေး ၂ ဦးကို မွေးစားရန်မှာ ကျွန်မတို့၏ မူလအစီအစဉ်နှင့်မကိုက်၊  လူဦးရေ
တိုးလာမည့်ကိစ္စဖြစ်၍ မလွယ်ပါ။ သို့နှင့် ကျွန်မတို့ နေ့စဉ် ဖတ်ရှုသည့် သာသနာပြုသူရဲကောင်း အေမီ ကာမိုက်ကယ် ရေးသားသည့် စာအုပ်တွင် ကျွန်မတို့ အကျွမ်းတ၀င် မရှိသည့် တောလည်ရာကျမ်း အခန်းကြီး ၇ မှ ကျမ်းပိုဒ်အချို့ကို တွေ့ရှိခဲ့သည်။
“ကောဟပ်သားတို့ မည်သို့ခံစားရမည်နည်း။ အခြား
ယဇ်ပုရောဟိတ်အားလုံးက တဲတော်နှင့် တဲတော်တန်ဆာ များကို သယ်ဆောင်ရန် ရထားနှင့်နွားလှည်းများ ရရှိကြသည်။…

ကျေးဇူးပြု၍ ၀င်လာပါ

ဂျဲနီ၏အိမ်က  မြို့စွန်မြေလမ်းကျဉ်းလေးတွင်  တည်ရှိပြီး  ယာဉ်ကြောကြပ်သော အချိန်တွင်  အဓိကလမ်းမကြီးနှင့်  မီးပွိုင့်များကို  ရှောင်ရှားလိုသော  ယာဉ်မောင်းများက  ထိုလမ်းကို မကြာခဏအသုံးပြုကြသည်။  လွန်ခဲ့သော  ရက်သတ္တပတ်အနည်းငယ်က ဆိုးဆိုးရွားရွား  ပျက်စီးနေသောလမ်းကို  ပြုပြင်ရန်  အလုပ်သမားများရောက်ရှိလာပြီး "မ၀င်ရ"  ဆိုင်းဘုတ်နှင့် ကြီးမားသော  အရံအတားများကိုပါ ယူဆောင်လာကြသည်။  "အစတော့  ကျွန်မတကယ့်ကို စိုးရိမ်သွားတယ်။  လမ်းပြင်လို့မပြီးမချင်း  ကျွန်မ  ကားသုံးလို့ မရဘူးလို့  ထင်ခဲ့တယ်။  ဒါပေမယ့် ဆိုင်းဘုတ်ကို  အနီးကပ် သွားကြည့်တော့မှ  "မ၀င်ရ။  လမ်းအတွင်း  နေထိုင်သူများကိုသာ ၀င်ခွင့်ပြုသည်" လို့ ရေးသားထားတာကို တွေ့လိုက် ရတယ်။  ကျွန်မအတွက်  အတားအဆီး မရှိတော့ဘူး။ ကြိုက်တဲ့အချိန်  ၀င်ထွက်လို့ရတဲ့  အခွင့်အရေး  ရသွားပြီ။ ဘာလို့လဲဆိုတော့  ကျွန်မက  အဲဒီလမ်းထဲမှာနေလို့လေ။ အထူးအခွင့်အရေးရတဲ့လူလို့  ကျွန်မခံစားရတယ်"  ဟု ဂျဲနီ က ပြောသည်။
ဓမ္မဟောင်းကာလ  တဲတော်နှင့် …

အမှုမဲ့ အမှတ်မဲ့ ပြောသောစကား

မကြာသေးမီက ကျွန်မသမီးသည် ဆက်တိုက်အအေးမိပြီးဖျားရာ၊ သူ့ခင်ပွန်းက သူ့ကို အံ့မခန်းဂရုစိုက်ပြုစုသည်ကို တွေ့ရ၍ “တကယ့်အဖိုးတန်လေးကို သမီး ရထားတာပဲ” ဟု ကျွန်မပြောလိုက်သည်။
“ကျွန်မ ရည်စားစထားတော့ အမေ အဲဒီလိုမထင်ဘူးမှတ်လား” ဟု သမီးက ပြုံးစိစိနှင့် ပြောသည်။ အမှန်ပင်။ အိုင်စဲဒါနှင့် ဖိလစ်တို့ စေ့စပ်သောအခါ ကျွန်မစိတ်ပူမိသည်။ သူတို့နှစ်ဦး၏ စရိုက်
သဘောထား၊ အသွင်အပြင်က အတော်လေး ကွာခြားသည်။ ကျွန်မတို့က မိသားစုကြီးပြီး စည်ကားဆူညံသည်။ ဖိလစ်က အေးဆေးတည်ငြိမ်သူဖြစ်သည်။ ကျွန်မ၏စိုးရိမ်စိတ်ကို သမီးဖြစ်သူနှင့် ပွင့်ပွင့်လင်းလင်း ပြောခဲ့ဖူးသည်။
လွန်ခဲ့သော ၁၅ နှစ်ခန့်က ကျွန်မ သာမန်ကာလျံကာ ပြောခဲ့သော ဝေဖန်စကားက သမီး၏စိတ်ထဲ ကိန်းအောင်း
နေကြောင်း၊ ယခုလက်ရှိတွင် မှန်ကန်ကောင်းမွန်ပြီး ပျော်ရွှင်ရသည့် ဆက်ဆံရေးကိုပျက်စီးပြိုကွဲသွားစေနိုင်ကြောင်း ကျွန်မအလန့်တကြား သိလိုက်ရသည်။ အခြားသူ များအား ကျွန်မတို့ ပြောသည့်…

ဒါ့ကြောင့် သခင်ယေရှုကို ရယူထားတာ

အသက်တာ၌ ပြဿနာကင်းသော အချိန်များရှိခဲသည့်အပြင် တစ်ခါတစ်ရံ အလွန်ပင် ပြင်းထန်စွာ တိုက်ခိုက်ခံရသည်။
ရို့စ် သည် ၁၉၉၄ ခုနှစ် အာဖရိကတိုက်ရှိ ရ၀မ်ဒါနိုင်ငံအရေးအခင်း၌ သူ့သမီး၂ဦးမှလွဲ၍ ကျန်တစ်မိသားစုလုံး အသတ်ခံရသည်ကို မြင်ခဲ့ရသည်။ သူသည် ငွေမရှိသည့် မုဆိုးမများစွာထဲမှ မုဆိုးမတစ်ဦးဖြစ်သည်။ သို့သော် သူက ဘ၀ကို အရှုံးမပေးပါ။ မိဘမဲ့ ကလေး ၂ ဦးကို သူမွေးစားပြီး သူတို့ မိသားစု(၅)ဦးအတွက် စားဝတ်နေရေးနှင့် ကလေးကျောင်းစရိတ်ကို ဘုရားသခင် ပြင်ဆင်ပေးမည်ဟု ရိုးရိုးလေးယုံကြည်ခဲ့သည်။ သူက ခရစ်ယာန်စာပေများကို ၎င်းတို့၏ဒေသခံဘာသာစကားသို့ ပြန်ဆိုပြီး၊ မုဆိုးမများအတွက် နှစ်ပတ်လည်ညီလာခံ ဖြစ်မြောက်ရေးကို စည်းရုံးလုပ်ဆောင်သည်။ သူ့ဘ၀ အကြောင်းကို ပြောပြရင်း သူငိုသည်။ ဤဘ၀၌ သူမ၏ ပြဿနာတိုင်းအတွက် တစ်ခုတည်းသော ကုစားချက်ရှိသည်။ “ဒါ့ကြောင့် သခင် ယေရှုကို ကျွန်မ ရယူထားတာပေါ့” ဟု…