စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

စစ်မှန်သော အခြေခံအုတ်မြစ်

ကျွန်တော်အမွေရသော အိမ်အိုကြီးကို ပြန်လည်ပြုပြင်ပေးသည့် လက်သမားက “ခင်ဗျား ကို သတင်းဆိုးပြောစရာရှိတယ်။ ခင်ဗျားရဲ့ ရုံးခန်း ဆောက်ဖို့ ကားဂိုဒေါင်တစ်ဝက်လောက်ကို စပြီး ပြုပြင်တဲ့အခါမှာ နံရံတွေမှာ အုတ်မြစ်မရှိဘူး။ အဲဒါ တွေအားလုံးကို ဖြိုချပြီး အုတ်မြစ်ချဖို့ မြေတွေ တူးထုတ်ရမယ်၊ ပြီးမှအစကနေ ပြန်ဆောက်ရမယ်” ဟု ပြောပါသည်။
ထပ်ပြီးကုန်ကျမည့် ငွေကို စိတ်ထဲ တွက်ချက်ပြီး “မဖြိုချရင် မရဘူးလား၊ ဒီအတိုင်းပဲ ပြင်ဆောက်ပေးလို့မရဘူးလား” ဟု တောင်းဆိုလိုက်သည်။ ဆောက်လုပ်ရေးသမားက လည်း ပြတ်ပြတ်ပင် “ကျွန်တော်တို့ သင့်လျော်တဲ့ အနက်ကို မတူးဘူးဆိုရင် အဆောက်အအုံစစ်ဆေးသူက ခွင့်ပြုမှာမဟုတ်ဘူး။ အုတ်မြစ် မှန်မှန်ကန်ကန်ချဖို့က အရေးကြီးတယ်” ဟုပြန်ပြောသည်။
အုတ်မြစ် မှန်မှန်ကန်ကန်ချခြင်းက ရေရှည်တည်တံ့သည့်အရာနှင့် ယာယီမျှသာခံသောအရာ နှစ်ခုကြား ခြားနားမှုကို ဖြစ်စေသည်။ အုတ်မြစ်များကို မတွေ့ မမြင်ရသော်လည်း အိမ်တစ်လုံး၏ကြံ့ခိုင်မှုနှင့် တည်တံ့ခိုင်မြဲမှုအတွက်…

မိတ်ဆွေစစ်

Shane အမည်ရှိ ၀တ္ထု၌ အမေရိကန် နယ်စပ်မှ လယ်သမား ဂျိုးစတားရက်နှင့် ၎င်း၏ နေအိမ်၌ လာရောက်တည်းခိုသူ လူထူးဆန်း ရှိန်း တို့နှစ်ဦး မိတ်ဆွေဖြစ်လာခြင်းအကြောင်း ရေးသား ထားသည်။ ဂျိုး၏မြေယာထဲမှ သစ်မြစ်ဆုံကြီး တစ်ခုကို ဖယ်ရှားရန် အတူတကွလုပ်ဆောင်ရင်း ပထမ ရင်းနှီးမှုရလာခဲ့ကြသည်။ ဂျိုးက ရှိန်းကို ရန်ပွဲတစ်ပွဲမှ ကယ်တင်ခြင်း၊ ရှိန်းကလည်း ဂျိုး၏ လယ်ယာမြေ တိုးတက်ကောင်းမွန်အောင် ကြီးကြပ်
စောင့်ရှောက်ပေးခြင်း စသည်ဖြင့် သူတို့၏ ရင်းနှီးမှုမှာ
နက်ရှိုင်းလာသည်။ သူတို့နှစ်ဦး၏အချင်းချင်း အပြန်အလှန်လေးစားမှု၊ သစ္စာစောင့်သိမှုတို့က “လူတစ်ယောက်တည်းထက် နှစ်ယောက်သာ၍ ကောင်း၏။ ... တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်” (ဒေ ၄း၉-၁၀) ဟူသည့်
နှုတ်ကပတ်ကျမ်းစာကို ထင်ဟပ်ပြနေသည်။
ယောနသန်နှင့် ဒါဝိဒ်တို့သည်လည်း ဤအခြေခံသဘောတရားကို နမူနာပြခဲ့ သည်။ ရှောလုမင်းက သူ့အားသေစေလိုသည်ဟု ဒါဝိဒ်သံသယ၀င်ခဲ့ဖူးစဉ်…

ချောင်းမြောင်းသူဘ၀မှ ရှာဖွေသူအဖြစ်သို့

ကျွန်တော့်သမီးလေး ကက်သရင်း လမ်းမလျှောက် တတ်သေး၊ တွားမသွားတတ်သေး သည့်အရွယ်က သူ့ဘာသာသူ တစ်ယောက်တည်း
(သို့) သူလိုသလို နေလိုသောအခါ လူကြီးများထံမှ ရှောင်ပုန်းသည့်နည်းကို ကြံဆခဲ့သည်။ ရိုးရိုးလေးပါ။
မျက်ဝန်းများကို သူပိတ်ထားလိုက်သည်။ ဘယ်သူ့ ကိုမှ သူမမြင်၍၊ သူတို့ကလည်း သူ့ကိုမမြင်ဟု သူတွေးထင်ခဲ့သည်။ ကားထိုင်ခုံပေါ် သူထိုင်နေစဉ်
သူမသိသောတစ်ယောက်ယောက်က သူ့အား `ဟဲလို´ ဟု နှုတ်ဆက်လျှင် ဤနည်းကို သူသုံးတတ် သည်။ သူ့ကိုကျွေးသည့်အစာကို မကြိုက်လျှင် ဤနည်းကို သုံးသည်။ ကျွန်တော်တို့က အိပ်ရတော့ မည်ဟုပြောလျှင်လည်း ဤနည်းကိုပင် သုံးသည်။
ယောန၌ ပို၍ လူကြီးဆန်သော ပုန်းရှောင်သည့် နည်းလမ်းရှိခဲ့သည်။ သို့သော် ကျွန်တော့်သမီး၏နည်းလမ်းကဲ့သို့ပင်
ထိရောက်မှုမရှိခဲ့ပေ။ သူမလုပ်လိုသည့်အမှုကို လုပ်ဆောင်ရန် ဘုရားသခင် ခိုင်းစေသည့် အခါ ဆန့်ကျင်ဘက်အရပ်သို့ ယောနရှောင်ပြေးခဲ့သည်။ ဘုရားရှာမတွေ့နိုင်သောနေရာ တစ်နေရာမှမရှိကြောင်း သူအနှေးနှင့်အမြန်…

နားမလည်နိုင်သော ခရီးစဉ်

ကျွန်တော်နှင့်ဇနီးဖြစ်သူတို့ မိုင်(၄၀၀) ခရီးစဉ်ကို မစတင်မီတွင် ကျွန်တော်က မစ်ဇူရီရှိ သမီး၏အိမ်ကို ခရီးဆုံးအဖြစ်ထားပြီး ဂျီပီအက်(စ်) (ကား၏အလိုအလျောက် လမ်းညွှန်စက်) ကို ချိန်ညှိ
ထားလိုက်သည်။ အီလီနွိုက်နယ်ကို ဖြတ်သွားစဉ်
ပြည်နယ်ဖြတ်လမ်းမကြီးမှ ထွက်ခွာရန် စက်မှ
အချက်ပြ ညွှန်သည့်အတိုင်းသွားခဲ့ရာ ဟာဗေးမြို့ကို
ပတ်နေရတော့သည်။ တစ်ဖန် I-80 ပြည်နယ်ဖြတ် လမ်းမကြီးသို့ ပြန်သွားရန် ထပ်ညွှန်ကြားသဖြင့် ခေါင်းရှုပ်သွားသည်။ အဆင်ပြေသည့်လမ်းမကြီးမှ ထွက်ရန် ဘာ့ကြောင့် ပထမညွှန်ကြားသည်ကို နားမလည်နိုင်ခဲ့ပါ။
အကြောင်းရင်းကို ကျွန်တော် ဘယ်တော့မှ သိရမည်မဟုတ်ပါ။ ကျွန်တော်တို့ ခရီးဆက်ကာ ဂျီပီအက်(စ်)လမ်းညွှန်က သမီးတို့အိမ်သို့အရောက်ပို့ပေးမည်၊ ကျွန်တော်တို့ အိမ်သို့လည်း ပြန်လမ်းညွှန်ပေးမည်ဟုသာ ယုံကြည်ထားလိုက်သည်။
ထိုဖြစ်စဉ်ကြောင့် ဘ၀၏မလိုအပ်သောခရီးစဉ်များအကြောင်းကို ဆင်ခြင် မိသည်။ အဆင်ပြေစွာ ဘ၀ခရီးနှင်နေသည့်ပုံပေါ်နေလည်း အကြောင်းအမျိုးမျိုးကြောင့် ဘုရား သခင်က ကျွန်ုပ်တို့မကျွမ်းသည့်နယ်မြေသို့ ပြန်ဦးလှည့်ပေးသည်။ နာမကျန်းဖြစ်ခြင်း၊ အလုပ်(သို့)ကျောင်း၌အခက်ကြုံရခြင်း၊…

ဇောက်ထိုး ကြည့်မြင်ခြင်း

အိန္ဒိယနိုင်ငံသို့ ရောက်ခဲ့စဉ်က အနာကြီး ရောဂါသည်များနှင့် အတူဝတ်ပြုကိုးကွယ် ခဲ့သည်။ ကြောက်စရာရောဂါဆိုးကြီးနှင့် မပြတ် ထိတွေ့ရလည်း လူနာများကြား နေထိုင်ခဲ့ကြသည့် သာသနာပြု ဆရာဝန်များ၏ကျေးဇူးကြောင့် အနာကြီးရောဂါအတွက် ကုထုံးများ အဆင့်မြင့် တိုးတက်လာသည်။ အကျိုးဆက်အနေဖြင့် အဓိက
ကျသော အနာကြီးရောဂါသည်ရိပ်သာများတွင် အသင်းတော်များ ရှင်သန်ခွင့်ရခဲ့သည်။ မြန်မာ နိုင်ငံသို့ရောက်ခဲ့စဉ်ကလည်း မိဘမဲ့ အေအိုင် ဒီအက်စ် ရောဂါသည်များနေထိုင်ရာနေရာများသို့ သွားရောက်ခဲ့သည်။ ထိုနေရာများတွင် ခရစ်ယာန် လုပ်အားပေးများက ရောဂါဆိုးကြောင့် ပျောက်ဆုံးခဲ့ရသည့် မိဘအရိပ် မိဘမေတ္တာကို အစားထိုးပေးနိုင်ရေး အားထုတ်ကြိုးပမ်း အစေခံနေကြသည်။ ချီလီနိုင်ငံနှင့် ပီရူးနိုင်ငံ၌ အကျဉ်းထောင်များအတွင်းရှိ အနိုးထဆုံးဝတ်ပြုကိုးကွယ်ခြင်းများကို ကျွန်တော်ရောက်ခဲ့ သည်။ နှိမ့်ချသော၊ ပျက်စီးယိုယွင်းနေသော၊ ဖိနှိပ်ခံနင်းပြား စသည့် လောကမှလက်မခံ၊ ငြင်းပယ်ခံရသူများအတွင်း၌ ဘုရားသခင်၏ကောင်းကင်နိုင်ငံ အမြစ်တွယ်ခဲ့ပြီ။
ဘုရားသခင်စေခိုင်းသောအမှုကို အလေးထားပါလျှင် ကျွန်ုပ်တို့အနေဖြင့် လောကကြီးကို သခင်ယေရှု ရှုမြင်သကဲ့သို့…

ထာဝရ နှုတ်ခွန်းဆက်စရာ

သမီးနှင့် (၄)လအရွယ် မြေးလေး အော်လီဗာထံ တစ်ပတ်တာ သွားရောက် လည်ပတ် ခဲ့သည့် ဘွားဘွားကေသီ၏ခရီးစဉ် မကုန်ဆုံးမီ နောက်တစ်ကြိမ် ပြန်ဆုံချိန်အထိ ဘွားဘွားက နှုတ်ဆက်စကား ဆိုရတော့မည်။ “အခုလို ချိုမြတဲ့ ပြန်လည်တွေ့ဆုံရခြင်းတွေက ကောင်းကင်ဘုံကို သာ၍ တောင့်တမိစေတယ်။ ကောင်းကင်မှာ အမှတ်တရတွေ မြဲနေဖို့ကြိုးစားစရာ မလိုဘူး။ အချိန်
မြန်မြန်မကုန်ဖို့၊ အဲဒီအချိန်တွေ ကြာရှည်မြဲဖို့ ဆုတောင်းစရာလည်း မလိုဘူး။ နှုတ်ခွန်းဆက် စကားဆိုပြီးနောက် နှုတ်ဆက်ခွဲခွာစကား ဆိုစရာ လည်း ဘယ်တော့မှမလိုဘူး။ ကောင်းကင်ဘုံဟာ ထာဝရနှုတ်ခွန်းဆက်ရတဲ့နေရာပဲ။ ရောက်ချင်လှ ပါပြီ”ဟု သူ ကျွန်မထံ စာရေးပြောပြခဲ့သည်။ ကေသီက အခုမှအဘွားဖြစ်ရခြင်းကြောင့် ဖြစ်နိုင်
လျှင် သူ့မြေးလေးအော်လီဗာနှင့်အတူ ရှိနေလို သည်။ မြေးနှင့်အတူ ရှိနေရချိန်အတွက်၊ အံ့ဖွယ်အချိန်များ မကုန်ဆုံးသော ကောင်းကင်ဘုံ မျှော်လင့်ချက်ရှိခြင်းအတွက် ကေသီ ကျေးဇူးတင်ပါသည်။
ကောင်းမွန်ပျော်ရွှင်ရသည့်…

အချိန်တန်မှပြောသောစကား

“အချိန်ကိုက် အချိန်တန်မှ ဆောင်ရွက် ခြင်းသည် ပဓာနကျသည်” ဟူသော ရှေးရိုး စကားကို ကြားဖူးကြပေလိမ့်မည်။ သမ္မာကျမ်းစာ ဖော်ပြချက်အရ ကျွန်ုပ်တို့ပြောဆိုသော စကားများ လည်း အချိန်ကိုက်ဖြစ်ရန် အရေးကြီးပါသည်။ တစ်စုံတစ်ဦးကို ပြန်လည်ရွှင်လန်းစေမည့်စကား ပြောရန် ဘုရားသခင် သင့်ကို အသုံးပြုခဲ့ချိန်၊ (သို့) သင်က ပြောချင်နေသော်လည်း နှုတ်ဆိတ် နေလိုက်ခြင်းက ပိုသင့်တော်သောအချိန် စသည် တို့ကို ဆင်ခြင်ကြည့်ပါ။
သမ္မာကျမ်းစာမှ စကားပြောရန် သင့်လျော်သည့် အချိန်ရှိကြောင်း ဆိုထားသည် (ဒေ ၃း၇)။ ပြောချိန်တန်၍ ကောင်းမွန်စွာ ပြောသော
စကားမှာ အဖိုးတန်ငွေနားကွပ်နှင့် လှပစွာ စီခြယ်ထားသော ရွှေပန်းသီးနှင့်တူကြောင်း နှိုင်းခိုင်းထားသည် (သု ၂၅း ၁၁-၁၂)။ မေတ္တာစကားဖြစ်စေ၊ အားပေးစကားဖြစ်စေ၊ အပြစ်ပြဆုံးမစကားဖြစ်စေ ပြောရမည့် အချိန်ကိုသိခြင်းဖြင့် ပြောသူရော ကြားနာသူအတွက်ပါ အကျိုးဖြစ်စေသည်။ မိမိနှင့် စပ်ဆိုင်သူအား…

ခိုလှုံရာ

မလေးရှားနိုင်ငံ ကလန်ဒေသရှိ ဘုရားကျောင်းတစ်ခုသို့ ၀င်ရောက်ခဲ့စဉ်က “ဝန်လေးပင်ပန်းသူများအတွက် ခိုလှုံရာ” ဟူ၍ ကြိုဆိုနေသော ဆိုင်းဘုတ်ကို ကျွန်တော် မြင်တွေ့ ရ၍ စိတ်ဝင်စားမိသွားသည်။
ကိုယ်တော်၏ အသင်းတော်သည် ဝန်များကို ပေါ့ပါးစေပြီး ပင်ပန်းသူများ နားခိုရာ ရှာတွေ့ခြင်းက ခရစ်တော်၏နှလုံးသားကို အခြား အရာများထက် အကောင်းဆုံး ထင်ဟပ်ဖော်ပြ နေသည်။ ယေရှုကမ္ဘာပေါ် အမှုတော်ဆောင်စဉ်က ဤအချက် အရေးပါပါသည်။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော်က “ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်”ဟု မိန့်တော်မူထားသည် မဟုတ်ပါလား(မ ၁၁း၂၈)။
ယေရှုက ကျွန်ုပ်တို့၏ဝန်ထုပ်ကို ယူဆောင်ပြီး ပေါ့ပါးသောသူ့ဝန်နှင့် လဲလှယ်ပေးမည်ဟု ကတိပေးခဲ့သည်။ “ငါ့ထမ်းပိုးကို တင်၍ထမ်းကြလော့။ ငါ့ထံ၌ နည်းခံ
ကြလော့။ ငါ၌ နူးညံ့သိမ့်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ အကြောင်းမူကား…

ပြောင်းလဲရန် တန်ခိုး

ပညာရေးဆိုင်ရာပုဂ္ဂိုလ်နှင့် အရောင်း ရဆုံး စာရေးဆရာ တိုနီ ဝဂ္ဂနာ သည် ကမ္ဘာလောက၏
တွေးပုံတွေးနည်းနှင့်ကျင့်ကြံပုံများကို ပြောင်းလဲစေ သော “ကဖျက်ယဖျက်ဆန်သည့် ဆန်းသစ် တီထွင်မှု
အယူအဆ”ကို ခိုင်မာစွာ ယုံကြည်လက်ခံသူဖြစ် သည်။ “ပြောင်းလဲဆန်းသစ်မှုဖော်ဆောင်မည့်သူ
များကို ဖန်တီးခြင်း - ကမ္ဘာကြီးကို ပြောင်းလဲစေမည့်
လူငယ်များကို မွေးထုတ်ခြင်း” ဟူသည့်စာအုပ်တွင် “လူသားများ၏ ကြိုးစားအားထုတ်မှု ကဏ္ဍတိုင်း၌ ဆန်းသစ်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ …
မှန်ကန်သောပတ်ဝန်းကျင်နှင့် မှန်ကန်သော အခွင့်အလမ်းများပေးလျှင် လူအများစုက ပို၍ တီထွင်ဖန်တီးနိုင်ပြီး ပို၍ပြောင်းလဲမှုများကို ဖြစ်စေ နိုင်သည်”ဟုရေးသား ထားသည်။
ရှင်ပေါလုသည် ပထမရာစုနှစ်၏ ဆန်းသစ်တီထွင်သူဖြစ်ပြီး အာရှမိုင်းနားဒေသ တစ်လျှောက်သွားလာကာ ယေရှုခရစ်ကို ယုံကြည်ခြင်းဖြင့် လူတို့မည်သို့ပြောင်းလဲနိုင် ကြောင်း ပြောပြခဲ့သည်။ ရောမမြို့ရှိ ခရစ်ယာန်များထံသို့ “လောက၏သဘောထားနှင့် ထုံးစံများနောက်သို့ မလိုက်မပါ၊ အတုမယူဘဲ မိမိ၏အတွေးအခေါ်များပြောင်းလဲကာ…

ခါးလှည့်ကွင်းမှရသော သင်ခန်းစာ

ကလေးဘဝက ကျွန်မအနှစ်သက်ဆုံး ကစားစရာဖြစ်သည့် ခါးလှည့်ကွင်း (hula hoop)သည် တစ်ခေတ်ပြန်ထနေသည်။ ကျွန်မနှင့် သူငယ်ချင်း စူစီတို့မှာ အိမ်ရှေ့မြက်ခင်းပြင်၌ နာရီပေါင်းများစွာ လေ့ကျင့်ပြီး ခါးမှမပြုတ်ကျ အောင် မည်သူကြာကြာလှည့်နိုင်မည်ကို ပြိုင်ကြ သည်။ ယခုနှစ်၌ ကလေးဘဝက ခံစားမှုကို ပြန်လည် ခံစားခဲ့ရသည်။ ပန်းခြံတစ်ခု၌ထိုင်နေစဉ် အရွယ်စုံကလေးများ ခါးလှည့်ကွင်းကို မြေပေါ် မကျအောင် အပြင်းအထန် ကြိုးစားလှည့်နေကြ သည်ကို မြင်တွေ့ရသည်။ အားကုန်သုံးပြီး ခါးလှည့်ကွင်းလှည့်နေကြသော်လည်း၊ ၎င်းတို့၏ ကြိုးပမ်းမှုက အရာမထင်၊ ခါးလှည့်ကွင်းက ပြုတ်ကျ
သွားသည်။ သို့နှင့် မိန်းမငယ်တစ်ဦးက ခါးလှည့်ကွင်း
တစ်ခုကိုကောက်ပြီး ခန္ဓာကိုယ်ကို သိပ်မလှုပ်ဘဲ ဖြည်းညင်းစွာ၊ စည်းချက်ညီစွာဖြင့် ခါးလှည့်ကွင်းကို ခါးမှပခုံး၊ ပခုံးမှခါးသို့ ဆင်းလိုက်တက်လိုက်လှည့်ပြသည်။ ဤသို့ ပြုတ်မကျအောင်လှည့်နိုင်ခြင်းမှာ အားကုန်သုံးပြီး လှုပ်ရှားမှုကြောင့်မဟုတ်ဘဲ နည်းမှန် စနစ်မှန်ဖြင့် လှုပ်ရှားခြင်းကြောင့်သာဖြစ်သည်။
ကျွန်မတို့၏ဝိညာဉ်ရေးရာအသက်တာများ၌လည်း…