History

RBC သာသနာကို စတင်တည်ထောင်သူ M. R. De Haan သည် ဆရာဝန်တစ်ဦး ဖြစ်သည်။ နောက်ပိုင်းတွင် သင်းအုပ်ဆရာတစ်ဦးအဖြစ် အမှုတော်မြတ်၌ ပါဝင်ခဲ့သည်။ လေးနက် တည်ကြည်သောအသံနှင့် နှုတ်ကပတ်တော်ကိုတစိုက်မတ်မတ်သင်ကြားမှုတို့ကြောင့် ဆရာကြီးကို လူသိများထင်ရှားသည်။ နိုင်ငံအသီးသီးရှိ လူအပေါင်းတို့ ခရစ်တော်ကို ကိုယ်တိုင်ယုံကြည် လက်ခံပြီး၊ ခရစ်တော်၌ကြီးထွားရင့်ကျက်လာစေရေး ဆရာကြီးက ဤသာသနာလုပ်ငန်းတွင် သစ္စာခံ ဆက်ကပ်လုပ်ဆောင်ခဲ့ပါသည်။
ထို့ကြောင့် ၁၉၃၈ ခုနှစ်တွင် မီချီဂန်ပြည်နယ်အရှေ့ဘက်ရှိ ရေဒီယိုအသံလွှင့်ဌာန သေးသေးလေးမှ Detroit Bible Class လေး ပေါ်ပေါက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ၀ိညာဉ်ရေးရာ ဆရာဝန်ကြီးသည် ရာထောင်ချီသောနှုတ်ကပတ်တော်ဆာငတ်နေသူ သောတရှင်တိုင်း၏အိမ်သို့ ဖုန်းနှင့်ဆက်သွယ်ခဲ့သည်။
ဆရာကြီး၏ပြတ်သားသော၊ ခက်ထန်မာကျောသောအသံတို့ကြောင့် အသံလွှင့်လုပ်ငန်း နှင့်ပတ်သက်၍ အောင်မြင်မည့်အလားအလာမရှိသော်လည်း ရေဒီယိုအစီအစဉ်လေးမှာ ကြီးမားသော အကျိုးသက်ရောက်မှုဖြစ်ခဲ့သည်။ Dr. De Haan ၏ နှုတ်ကပတ်တော်၌ အဓိကအခြေပြုကာ ထင်ဟပ်သွန်သင်ချက်သည် လူများစွာအတွက် သမ္မာကျမ်းပညာကို လေ့လာဆည်းပူးနိုင်သော ပညာအရင်းအမြစ် ဖြစ်ခဲ့သည်။ ထိုသင်ကြားပို့ချမှု ရလဒ်အနေဖြင့် ရေဒီယိုအသံလွှင့် ဟောပြော ချက်ကို ကျမ်းစာလေ့လာရာ၌ အထောက်အကူအဖြစ်အသုံးပြုနိုင်အောင် ပုံနှိပ်ထုတ်ဝေပေးရန် သောတရှင်များက ဆရာကြီးကို တောင်းဆိုခဲ့သည်။ ထိုသို့ပုံနှိပ်ခဲ့သောစာအုပ်ကား ယနေ့ထိတိုင် အောင် ကျယ်ပြန့်စွာ ထုတ်ဝေဖြန့်ချပေးရသော Discovery Series စာအုပ်များဖြစ်ပြီး နှုတ်ကပတ် အရင်းအမြစ်စာစောင်လေးကို တောင်းဆိုမှု များပြားလာခဲ့သည်။
Dr. De Haan ၏ ရူပါရုံနှင့် လုပ်ဆောင်ချမှတ်ခဲ့သော ၀ိညာဉ်ရေးရာ အခြေခံအုတ်မြစ် အတိုင်း the Grand Rapids, Michigan အခြေပြု သာသနာလုပ်ငန်းသည် ဆက်လက် တည်ဆောက်ခဲ့သည်။ ဤလက်ကမ်းစာစောင်လေး၏စာမျက်နှာများ၌ ချမှတ်ခဲ့သော နှုတ်ကပတ် တော် အခြေပြုမူဝါဒများအတိုင်း ၀န်ခံဆက်ကပ်လျက် RBC သာသနာလုပ်ငန်းမှ နှုတ်ကပတ်တော် လေ့လာရန် အရင်းအမြစ်များကို တစ်ကမ္ဘာလုံးသို့ ဝေမျှဖြန့်ဝေပေးနေပါသည်။ Dr. De Haan ဤ သာသနာကို စတင်ချိန်က တနိုင်တပိုင်လုပ်ငန်းလေးအဖြစ်သာ အခြေပြုစတင်ခဲ့သော်လည်း ယနေ့ တွင် US ရှိ ကျွန်ုပ်တို့ရုံးချုပ်၌ ခရစ်ယာန်ဝန်ထမ်းပေါင်း ၃၀၀ ကျော်ထိအောင် သခင်ဘုရားက ပြင်ဆင်ပေးပါသည်။ နိုင်ငံပေါင်း ၂၀ တွင် နိုင်ငံတကာ ရုံးခွဲများနှင့် RBC resources များ ဖြန့်ဝေ ပေးနေသော လုပ်ဖော်ဆောင်ဖက်များလည်း ကမ္ဘာအနှံ့တွင် ရှိနေပါသည်။ ကျွန်ုပ်တို့၏ ပုံနှိပ် ထုတ်ဝေမှု အမှတ်လက္ခဏာဖြစ်သည့် Our Daily Bread ဟုခေါ်သော နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်း အထောက်အကူပြုစာအုပ်လေးကို ဘာသာပေါင်း ၃၀ နီးပါး ဘာသာပြန်ဆိုထုတ်ဝေလျက်ရှိပါ သည်။
(ရေဒီယို သမ္မာကျမ်းသင်ခန်းစာ) Radio Bible Class မှ RBC Ministries ဟူ၍ ၁၉၉၄ ခုနှစ်တွင် အမည်ပြောင်းခေါ်ဆိုခဲ့ပါသည်။ ၄င်းသည် ကမ္ဘာအနှံ့ရှိ မိတ်ဆွေများထံသို့ ပေးကမ်း နေသော ကျွန်ုပ်တို့၏၀န်ဆောင်မှုနှင့် နှုတ်ကပတ်တော်အရင်းအမြစ်များ ထပ်တိုးပွားမှုကို ထင်ဟပ် ဖော်ပြနေပါသည်။

အာရ်ဘီစီ၏ခေါင်းဆောင်မှု

နိုင်ငံတိုင်းရှိ လူအပေါင်းတို့ထံသို့ ယေရှုခရစ်တော်၏ဧ၀ံဂေလိတရား ပျံ့နှံ့ရောက်ရှိရေး၊ ခရစ်တော်နှင့် သဏ္ဌာန်တူသောအသက်တာ၌ ကြီးထွားလာရေး၊ ဘုရားရှင်၏ နှုတ်ကပတ်တော်ကို သိကျွမ်းလာရေး၊ ထိုသူများကိုကူညီရန် ကျွန်ုပ်တို့၏ရည်ရွယ်ချက်အတိုင်း နှစ်ပေါင်း ၆၀ ကျော် သစ္စာရှိစွာ လုပ်ဆောင်ခဲ့ပြီး ဆက်လက် ဆက်ကပ်ဆောင်ရွက်နေပါသည်။
ဒေါက်တာ အမ်. အာရ်. ဒီ ဟန်း၏ တတိယမျိုးဆက်ဖြစ်သော ဆရာ မတ် ဒီ ဟန်း သည် လက်ရှိသာသနာလုပ်ငန်းကို ဦးဆောင်နေပါသည်။ လုပ်ငန်းကြီးထွားလျက် အပြောင်းအလဲများရှိ သော်လည်း  ဒေါက်တာ ဒီ ဟန်း ချမှတ်ခဲ့သောမူဝါဒအတိုင်း အာရ်ဘီစီက ဆက်လက်ဆောင်ရွက် နေပါသည်။
ဘုရားသခင်ကိုချစ်ပြီး ဘုရား၏နှုတ်ကပတ်စကားတော်ကို သင်ကြားပို့ချရန် နှစ်သက်သူ၊ ဘုရား၏လူ၊ ခေါင်းဆောင်ကြီးအဖြစ် ဒေါက်တာ ဒီ ဟန်းအား အမှတ်ရနေပါသည်။
“ခွန်အားပေးမစသူ´´ အဖြစ် အမည်တွင်သူ ဆရာကြီး ရစ်ချက် ဒီ ဟန်းမှာ ဘုရား သခင်၏နှုတ်ကပတ်တော်ကို သစ္စာရှိစွာပိုင်းခြားသွန်သင်လျက်၊ သာသနာလုပ်ငန်း၌လည်း သမ္မာဓိတည်ကြည်စွာ ဆက်ကပ်အပ်နှံသူ တစ်ဦးဖြစ်ပါသည်။ “ဘုရားရှင်ကိုယုံကြည်၍ မှန်ရာကို ဆောင်ရွက်ပါ´´ဟူသည့် စကားက သူနှစ်သက်သော ဆောင်ပုဒ်ပင်ဖြစ်သည်။
ယခုလက်ရှိ ဥက္ကဌဖြစ်သူ ဆရာကြီး မတ် ဒီ ဟန်းသည် သနားကြင်နာတတ်သူဖြစ်ပြီး၊ မှန်ကန်တိကျမှုကို အလေးထားသည်။ ဘုရားမြတ်၏နှုတ်ကပတ်တော်ကို ရှင်းရှင်းလင်းလင်း အချက်ကျကျ ဖော်ပြနိုင်ရန်၊ သြ၀ါဒများ မတိမ်းစောင်းရလေအောင် အာရုံစိုက်သူဖြစ်သည်။