“နေ့စဉ်ခွန်အား အမှုတော်လုပ်ငန်းများ” အင်တာနက် စာမျက်နှာအသုံးပြုခြင်း၏ စည်းကမ်းနှင့် သတ်မှတ်ချက်များ

တရားဥပဒေဆိုင်ရာ သတိပေးချက် – ဤဆိုက်စာမျက်နှာကို အသုံးမပြုမီ အောက်ပါ စည်းကမ်းနှင့် သတ်မှတ်ချက်များကို သေချာစွာ ဖတ်ရှုပါ။

Our Daily Bread Ministries အွန်လိုင်း၏ ODB ၀က်ဆိုက်သို့ စုပေါင်း၍ဖြစ်စေ၊ လူတစ်ဦးချင်းစီဖြစ်စေ ၀င်ရောက်ခြင်း၊ ODB ၀က်ဆိုက်မှ မည်သည့်ဝန်ဆောင်မှု (သို့) မည်သည့်အချက်အလက်များကို အသုံးပြုခြင်းသည် ODB မှ မကြာခဏ ပြင်ဆင်သည့် ဤအထောက်အထားစာချုပ်ပါ အသုံးပြုမှုဆိုင်ရာ စည်းကမ်းနှင့် သတ်မှတ်ချက်များကို နာခံရမည်။ ODB သည် Our Daily Bread Ministries ၏ အွန်လိုင်း ၀က်ဆိုက်တစ်ခုဖြစ်ပြီး၊ Our Daily Bread – နေ့စဉ်ခွန်အား ကို ထုတ်ဝေဖြန့်ချိသူဖြစ်သည်။ ဤစည်းကမ်းနှင့် သတ်မှတ်ချက်များသည် Our Daily Bread Ministries နှင့်နှီးနွယ်သည့် အခြားဝက်ဆိုက်များ ODB.ORG, ODB.NET အပါအ၀င်  Our Daily Bread Ministries နှင့် မှတ်ပုံတင်ထားသော အခြားဝက်ဆိုက်များနှင့်လည်း သက်ဆိုင်အကျုံးဝင်ပါသည်။ ၀က်ဆိုက်သို့ ၀င်ရောက်ခြင်း၊ ကူးယူခြင်း၊ အသုံးပြုခြင်းအားဖြင့် ဤစည်းကမ်းနှင့် သတ်မှတ်ချက်များကို သင် သဘောတူညီကြောင်း အဓိပ္ပာယ်သက်ရောက်သည်။ ဤစည်းကမ်း သတ်မှတ်ချက်ကို ODB တစ်ဦးတည်း၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် မကြာခဏ ပြောင်းလဲကောင်းပြောင်းလဲမည်။ ပြောင်းလဲမှုများ ပြုပြီးနောက် ဤ၀က်ဆိုက်ကို သင်ဆက်လက်အသုံးပြုခြင်းသည် ပြောင်းသွားသည့် စည်းကမ်းများကို သင်လိုက်နာမည်ဟု သဘောတူညီကြောင်း အဓိပ္ပာယ်သက်ရောက်သည်။ ဤ သတ်မှတ်ချက်ကို သဘောမတူပါက ကျွန်ုပ်တို့၏ ၀က်ဆိုက်သို့ သင် မ၀င်ရောက်၊ အသုံးမပြုဘဲ နေနိုင်ပါသည်။

၁. အထွေထွေ ၀က်ဆိုက် အသုံးပြုမှု

၁.၁.   ပုဂ္ဂိုလ်ရေးနှင့် လုပ်ငန်းပိုင်း အသုံးပြုရန်အတွက်မျှသာ နှင့် မူပိုင်ခွင့် – သတ်မှတ်ထားချက်မရှိပါက ဤ၀က်ဆိုက်သည် ပုဂ္ဂိုလ်ရေးအရ တစ်ကိုယ်ရေနှင့် သက်ဆိုင်ရာလုပ်ငန်းတွင်း အသုံးပြုရန် အတွက်သာ ဖြစ်သည်။ ဤ၀က်ဆိုက်၏ ဒီဇိုင်းအပြင်အဆင်၊ စာသားနှင့်ဂရပ်ဖစ်များ၊ ၎င်းတို့ကို ရွေးချယ် စီမံဆောင်ရွက်ထားရှိမှုများသည် မူပိုင်ခွင့်ပြုလုပ်ပြီးသားဖြစ်ပြီး၊ မူလပိုင်ရှင်ရင်းထံသို့ ပြန်ရောက်စေသည့် ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်ဥပဒေများ၊ သဘောတူညီချက်နှင့် ကာကွယ်ထားသည်။ အထူးခွင့်ပြုချက်များမှလွဲ၍ ဤ၀က်ဆိုက်နှင့် ၀က်ဆိုက်၏အချက်အလက် များကို ODB၏ တရားဝင် စာဖြင့်ရေးသား ခွင့်ပြုချက်မရှိဘဲ မည်သည့်နည်းနှင့်မှ ကူးယူခွင့်၊ ထပ်ဆင့် ထုတ်လုပ်ခွင့်၊ ပြင်ဆင်မွမ်းမံခွင့်၊ ပုံနှိပ် ထုတ်ဝေခွင့်၊ အင်တာနက်သို့ တင်ခွင့်၊ ဖော်ပြခွင့်၊ အင်တာနက်ဖြင့် ပေးပို့ခွင့်၊ လွှဲပြောင်းပေးခွင့်၊ ဖြန့်ဝေခွင့် မရှိပါ။ ထိုသို့ပြုလုပ်ခြင်းကိုလည်း ဥပဒေအရ အထူးသဖြင့် တားမြစ်ပါသည်။ ၎င်းကို ကျူးလွန် ဖောက်ဖျက်ပါက တရားမဥပဒေအရ ပြင်းထန်စွာ အရေးယူမည်ဖြစ်ပြီး ပြစ်မှုဆိုင်ရာပြစ်ဒဏ် ကျခံရမည်ဖြစ်သည်။ ၎င်းကို ကျူးလွန်ဖောက်ဖျက်သူသည် တရားစွဲဆိုခံသည့်အထိ အရေးယူခံရမည်ဖြစ်သည်။ အထူး ခွင့်ပြုခြင်းမှလွဲ၍ ODB သည် မည်သည့် မှတ်ပုံတင်မူပိုင်၊ မူပိုင်ခွင့်၊ ကုန် (သို့) လုပ်ငန်းအမှတ်တံဆိပ်နှင့် ကုန်သွယ်မှု ဆိုင်ရာ လျှို့ဝှက်အကြောင်း အချက်အလက်များကို သင့်အား သွယ်ဝှိုက်၍ ညွှန်းဆိုဖော်ပြခြင်းကို ခွင့်ပြုမည် မဟုတ်ပါ။

၁.၂. အခြားသောအချက်အလက်များနှင့် ချိတ်ဆက်ထားမှု – ODB ၀က်ဆိုက်နှင့် ချိတ်ဆက်ထားသည့် အခြားဝက်ဆိုက်များသည် ODB ၏ ချုပ်ထိန်းစီမံမှုအောက်၌ မရှိသကဲ့သို့ ၎င်းတို့၌ ပါဝင်သည့် အကြောင်းအရာ များနှင့် ချိတ်ဆက်ထားသည့်အဆက်အသွယ်များအတွက် တ၀န်မရှိပါ။ ထိုချိတ်ဆက်ဆိုက်၌ ထပ်ဆင့် ချိတ်ဆက် ထားသော မည်သည့် ၀က်ဆိုက်မဆိုအတွက် ODB မှ အချိန်မရွေး ဖြတ်တောက်ပိုင်ခွင့်ကို စောင့်ထိန်းတည်စေ ပါသည်။ သင်၏အဆင်ပြေမှုအတွက် အဆက်အသွယ်များကို ဖြည့်ပေးခြင်းဖြစ်ပါသည်။ ထိုသို့ ချိတ်ဆက်ထားသော ဆိုက်များရှိ သတင်းအချက်အလက်များ၊ အစီအစဉ်များ၊ ကုမ္ပဏီများနှင့် ထွက်ရှိ/ထုတ်လုပ်သည့်ပစ္စည်းများနှင့် စပ်လျဉ်း၍ ODBမှ ထောက်ခံအတည်ပြုခြင်း၊ စမ်းသပ် အတည်ပြုခြင်း၊ ရှင်းလင်းချက်ပေးခြင်းမပြုပါ။ ထိုသို့ ချိတ်ဆက်ဆိုက်၏ ထပ်ဆင့်ချိတ်ဆက်သော မည်သည့်တတိယဆိုက်သို့မဆို ၀င်ရောက်အသုံးပြုရန် သင်ဆုံးဖြတ်ပါက ၎င်းသည် ကိုယ့်ဘာသာကိုယ် အပြည့်အ၀ တာဝန်ယူ၍ သင်ဆုံးဖြတ် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။

၁.၃. စာရင်းကို ဖျက်သိမ်းခြင်း – သင်၏ ODB စာရင်းဝင်ကို အကြောင်းပြချက် ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သတိပေးသည်ဖြစ်စေ၊ သတိမပေးသည်ဖြစ်စေ၊ ODB၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် တစ်ခုတည်းဖြင့်  အချိန်မရွေး ဖျက်သိမ်းခွင့်ရှိသည်။ ODB ၌ သင်၏စာရင်းကို ဖျက်သိမ်းလျှင် ODB ကို အသုံးပြုနိုင်ခွင့် ချက်ခြင်း ရပ်ဆိုင်းသွားမည် ဖြစ်သည်။

၁.၄. အကြောင်းပြချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ODB ၌ သင်၏စာရင်းကို သင့်ဖက်မှ အချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။

၁.၅. အဖွဲ့ဝင်တစ်ဦး၏ အသုံးပြုနိုင်မှု – ODB စာရင်းဝင်အနေဖြင့် သင်သာမက သင်၏အခြား မိသားစုဝင်များပါ ODBသို့ ၀င်ရောက်ကြည့်ရှုခြင်းကို ODBမှ ခွင့်ပြုပါသည်။ ODB အဖွဲ့ဝင် အကောင့်ကို အသုံးပြုမှုအတွက် သင်တစ်ဦးတည်း၌သာ တာဝန်ရှိသည်။ ODB စာရင်းဝင်အဖြစ် ၀င်ရောက်ခွင့်ကို ခွဲဝေခြင်း၊ လွှဲပြောင်းခြင်း၊ ထပ်ဆင့် ရောင်းချခြင်း၊ ထပ်ဆင့်ခွင့်ပြုခြင်း၊ ဖြန့်ဝေခြင်း မပြုရ။ သင်၏ ODB စာရင်းဝင်ဖြစ်ခြင်းသည်  သင့်ကိုယ်ပိုင်နှင့် သင့်မိသားစုသုံးရန် အတွက်မျှသာဖြစ်သည်။

၁.၆.   (၁) သင်သည် အနည်းဆုံး ၁၈ နှစ်ပြည့်ကြောင်း (သို့) စာရင်းဝင်ဖြစ်ရန် လိုအပ်သောအချက်များ ပါရှိသည့် ဥပဒေ၏ ခွင့်ပြုချက်အရ သတ်မှတ်ထားသော အသက်ပြည့်မီကြောင်း၊

(၂) သင်ရေးသားဖြည့်စွက်သော အချက်အလက်အားလုံးသည် မှန်ကန်တိကျမှုရှိကြောင်း၊

(၃) စာရင်းဝင်ဖြစ်ရန်အတွက်ဖြည့်စွက်ရမည့်အချက်အလက်များအတွက် သင်ကိုယ်တိုင်သည်သာ တရားဝင် ခွင့်ပြုကြောင်း အကြောင်းခိုင်လုံသည့် သဘောထားကို ထင်ဟပ်ဖော်ပြရမည်။ ဤစည်းကမ်း သတ်မှတ်ချက်များ၌ ဖော်ပြပါရှိသည့် စည်းကမ်းနှင့် သတ်မှတ်ချက်များအတိုင်း သင့်ဘက်မှ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို လိုက်နာရန် သဘောတူသည်။

၂. ကုန်(သို့) လုပ်ငန်းအမှတ်တံဆိပ်

ညွှန်ပြပြောဆိုခြင်းမရှိခဲ့ပါက ODB ဆိုက်၌ ဖော်ပြထားသည့် ပစ္စည်း၊ ၀န်ဆောင်မှုအမှတ်အသားနှင့် ဆောင်ပုဒ်များသည် ODB, Our Daily Bread Ministries, Discovery House Publishers နှင့်အခြားသော အမှတ်တံဆိပ်ပိုင်ရှင်များ၏ ကုန်(သို့) လုပ်ငန်းအမှတ်တံဆိပ် မူပိုင်ခွင့် ဖော်ပြချက်အတိုင်း လိုက်နာရမည်။ ဤဆိုက်မှ ပစ္စည်း (သို့)   ၀န်ဆောင်မှုအမည် (သို့) ဆောင်ပုဒ်တစ်ခုခု မတွေ့မမြင်ရခြင်းသည် လုပ်ငန်း အမှတ်တံဆိပ်ကို စွန့်လွှတ်သည့် တရားဝင်သဘော မသတ်မှတ်ရ။ ၎င်းတို့နှင့်စပ်လျဉ်း၍ ဉာဏ်ပညာနှင့် တီထွင်ဖန်တီးထားသော အရာ၏(မူပိုင်ခွင့်)ကို စွန့်လွှတ်သည့်သဘော မသတ်မှတ်ရ။

၃. ခွင့်ပြုမိန့်၊ ခွင့်ပြုစာများနှင့် စပ်လျဉ်း၍ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

၃.၁. အထွေထွေ ။     ။ ODB ဆိုက်သည် (၁) သင့်လိုအပ်ချက်ကို ဖြည့်တင်းပေးမည်၊ (၂) ODB ဆိုက် (သို့) အချက်အလက်များကို အနှောင့်အယှက် မရှိ၊ အချိန်မီရမည်၊ တိကျမည့် လုံခြုံမည်၊ အမှားကင်းမည်၊

(၃) ဤဆိုက်ကို အသုံးပြုခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးသည် တိကျသည်။ ယုံကြည်လက်ခံနိုင်သည်။

(၄) ဤဆိုက်မှ တဆင့် သင်ဝယ်ယူသော (သို့) ရရှိသော မည့်သည်ပစ္စည်း၊ ၀န်ဆောင်မှု၊ သတင်းအချက် အလက်နှင့် အခြားသောပစ္စည်းများသည် သင့်မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးမည် စသည့် သဘောထားများကို ထင်ဟပ်ဖော်ပြခြင်း၊ အာမခံခြင်းမရှိပါ။ ဆိုက်နှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေ တင်ပြရန်၊ ပြုပြင်ရန်၊ ရှင်းလင်းတင်ပြရန် မည်သည့်တာဝန်မျှ မရှိပါ။

၃.၂. အာမခံမရှိခြင်း – အမြင့်ဆုံးသော တည်ဆဲဥပဒေ၏ခွင့်ပြုချက်အရ ဤ၀က်ဆိုက်ကို `အရှိအတိုင်းသာ´ တင်ပြထားခြင်း ဖြစ်သည်။ ဆိုက်တွင် တစ်စုံတစ်ရာ ဖော်ပြထားခြင်း၊ သွယ်ဝှိုက်ညွှန်းဆို အာမခံခြင်း မရှိသော်လည်း အပြစ်အနာအဆာများရှိသည်။ ဆိုက်နှင့် ဆိုက်ရှိအချက်အလက်များနှင့်စပ်လျဉ်း၍ ရောင်းစွံနိုင်သောကုန်/ပစ္စည်း၏ အာမခံလက်မှတ်သည် အကန့်အသတ်မရှိ၊ လုပ်ပိုင်ရပိုင်ခွင့်ရှိခြင်း၊ သဘောတူညီချက်ကို ချိုးဖောက်ခွင့်မရှိခြင်း၊ ရည်ရွယ်ချက် တစ်စုံတစ်ရာအတွက် သင့်လျှော်မှုရှိခြင်း၊ ဗိုင်းရပ်စ်မရှိခြင်း၊ တိကျမှု၊ ပြီးပြည့်စုံမှုရှိခြင်း၊ ရလဒ်ရှိခြင်း၊ ဥပဒေအရ အရေးယူမှု မရှိခြင်း စသည်တို့သည် ODB နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုပါသည်။ ၀က်ဆိုက်နှင့် အချက်အလက်များကို အသုံးပြုခြင်းမှ ဖြစ်ပေါ်လာသည့် အန္တရာယ်များသည် သင်နှင့်သာ သက်ဆိုင်ပါသည်။

၎. တာဝန်ရှိမှု အတိုင်းအတာနှင့် သက်သာခွင့်ပေးငွေ

၎.၁. ချန်လှပ်ထားခြင်း – တည်ဆဲဥပဒေ၏ အမြင့်ဆုံးခွင့်ပြုချက်အရ တိုက်ရိုက်ဖြစ်စေ၊ သီးသန့်ဖြစ်စေ၊ အမှတ်တမဲ့ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ မည်သည့်ပျက်စီးမှုဖြစ်သည်ဖြစ်စေ၊ မည်သည့် ပျက်စီးမှု အကျိုးဆက် ဖြစ်သည်ဖြစ်စေ၊ မည်သည့်အမျိုးအစားအတွက်မျှ ODB၌ ဥပဒေအရ တာဝန်မရှိပါ။ (အကျိုးအမြတ် ဆုံးရှုံးမှု၊  အတွင်းရေးပေါက်ကြားမှု၊ အခြားအချက်အလက်များ ပေါက်ကြားမှု၊ လုပ်ငန်းနှောင့်နှေးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းနှင့် အနှောင့်အယှက်ပေးခံရပြီး အေးငြိမ်းမှုမရှိခြင်း၊ တာဝန်ဝတ္တရား ပျက်ကွက်ခြင်း (ယုံကြည်မှု ပျက်ခြင်း၊ သင့်တင့် လျှောက်ပတ်သော ဂရုပြုမှုပေးရန် ပျက်ကွက်ခြင်း၊ ဥပဒေအရ အရေးယူခံရခြင်း၊ ငွေကြေးနှင့် အခြားမည်သည့် ဆုံးရှုံးမှုများ အပါအ၀င်) စသည့် ဆုံးရှုံးမှုများအပါအ၀င် ဆိုက်ကို အသုံးပြုခြင်းကြောင့်ဖြစ်စေ၊ အသုံးပြု၍ မရခြင်းကြောင့်ဖြစ်စေ ပေါ်ပေါက်နိုင်သည့် ပျက်စီးဆုံးရှုံးမှုများကို ODB မှသိသည်ဖြစ်စေ၊ သိသင့်သည်ဟု ဆိုသည်ဖြစ်စေ မည်သည့်ကိစ္စအတွက်နှင့်မျှ ODB၌ ဥပဒေအရ တာဝန်မရှိပါ။ ဆိုက်၏ အစိတ်အပိုင်း ကဏ္ဍတစ်ခုခု (သို့) ဤစည်းကမ်းနှင့် သတ်မှတ်ချက်များကို စိတ်တိုင်းမကျ မကျေနပ်ပါက အကောင်းဆုံးသော ကုစားမှုမှာ ဤ၀က်ဆိုက်ကို ဆက်လက် မသုံးစွဲတော့ဘဲ၊ စာရင်းဝင်ခြင်းကိုလည်း ရပ်ဆိုင်းပစ်ရန်ဖြစ်သည်။ အထက်က ဖော်ပြခဲ့သည့် ကန့်သတ်ချက်၊ ချန်လှပ်ချက်၊ တာဝန်မရှိ မသက်ဆိုင်ကြောင်း ရှင်းလင်းချက် စသည်တို့သည် (သက်သာခွင့်ပေးရန် အကြောင်းမလုံလောက်သည့်တိုင်) တည်ဆဲဥပဒေ၏ အမြင့်ဆုံး ခွင့်ပြုချက်အတိုင်း အကျိုးသက်ရောက်စေမည် ဖြစ်သည်။

၎.၂. လျော်ကြေးပေးခြင်း – ODBဆိုက်ကို အသုံးပြုခြင်းကြောင့် (သို့) ဤစည်းကမ်းနှင့်သတ်မှတ်ချက်များပါ အချက်အလက်များကို သင်ချိုးဖေါက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မည်သည့် အာမခံလျော်ကြေး တောင်းဆိုမှုများ၊ ဥပဒေအရ ပေးဆပ်ရန် တာဝန်ရှိခြင်းများ၊ တောင်းဆိုချက် ၊ ပြစ်ဒဏ်၊ ဒဏ်ကြေး၊ တရားမမှု၊ ဒဏ်စီရင်ချက် စသည်များနှင့် ၎င်းတို့နှင့်ဆက်နွယ်သောကုန်ကျစရိတ် (ရှေ့နေခအပါအ၀င်) စသည်တို့အတွက် ODBမှ တာဝန်ခံရခြင်း၊ လျော်ကြေးငွေပေးရခြင်းကိစ္စရပ်များတွင် ODB ကို ထိခိုက်နစ်နာမှုမရှိစေဘဲ သင့်ဘက်မှ ခုခံကာကွယ်ရန်၊ လျော်ကြေးပေးရန် သဘောတူပါသည်။

၅. “နေ့စဉ်ခွန်အား အမှုတော်လုပ်ငန်းများ”၏ ပုဂ္ဂလိက သီးသန့်ဖြစ်ခြင်းမူဝါဒ

၅.၁ သင်သည် ဤ၀က်ဆိုဒ်တွင် ရရှိနိုင်သော “နေ့စဉ်ခွန်အား အမှုတော်လုပ်ငန်းများ၏ ပုဂ္ဂလိက သီးသန့်ဖြစ်ခြင်းမူဝါဒ”၏ စည်းကမ်းများကို သဘောတူသည်။

၅.၂ “ODB ပုဂ္ဂလိက သီးသန့်ဖြစ်ခြင်းမူဝါဒ”နှင့် ဆက်နွယ်သည့် မည်သည့် အငြင်းပွားမှုကိုမဆို၊ ဤသဘောတူညီချက်၏ စည်းကမ်းများနှင့် သတ်မှတ်ချက်များအရ ဆုံးဖြတ်မည်ဖြစ်ပြီး၊ “ODB ပုဂ္ဂလိက သီးသန့်ဖြစ်ခြင်းမူဝါဒ”၌ ထုတ်ဖော်ပြောထားသည့်အတိုင်းလည်း ဆုံးဖြတ်မည်ဖြစ်သည်။

၆. အထွေထွေ စည်းကမ်းသတ်မှတ်ချက်

၆.၁ ပြုပြင်မွမ်းမံခြင်း – ၀က်ဆိုက်ကို အသုံးပြုခြင်းနှင့်ဆက်စပ်ပတ်သက်သည့် စွဲချက်များအပါအ၀င် ဆိုက်မှ ဖော်ပြထားသည့် စည်းကမ်းများ၊ သတ်မှတ်ချက်များ၊ နို့တစ်သတိပေးစာများကို ODB တစ်ဦးတည်း ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် အချိန်မရွေး ပြောင်းလဲပိုင်ခွင့် ODB ၌ရှိသည်။ ODB အနေဖြင့် စည်းကမ်း သတ်မှတ်ချက်များကို အချိန်မရွေးစစ်ဆေးပြီး နောက်ဆုံးအခြေအနေများကို တင်ပြကောင်းတင်ပြမည်။ သင့်အနေဖြင့် ဤစာမျက်နှာကို မကြာမကြာ ၀င်ကြည့်သင့်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိစည်းကမ်းနှင့်သတ်မှတ်ချက်များက ၀တ္တရားအရ၊ ဥပဒေကြောင်းအရ သင့်ကို လိုက်နာဆောင်ရွက်စေသည်။ တိကျစွာ သတ်မှတ်ထားသော ဥပဒေဆိုင်ရာ သတိပေးချက်များ ၀က်ဆိုက်၏ သီးသန့်စာမျက်နှာများရှိ စည်းကမ်းချက်များအားဖြင့် ပြဌာန်းသတ်မှတ်ချက်အချို့ကို အစားထိုးကောင်း အစားထိုးမည်။ ODB အနေဖြင့် ၀က်ဆိုက်(သို့) အစိတ်အပိုင်းတစ်ခုခုကို ယာယီဖြစ်စေ၊ အမြဲတမ်းဖြစ်စေ ပြုပြင်မွမ်းမံခြင်း၊ ရပ်ဆိုင်းခြင်းများကို အချိန်မရွေး တစ်ဦးတည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင် ပိုင်ခွင့်ရှိသည်။ ဆိုက်၏ပြုပြင်မွမ်းမံခြင်း၊ ဆိုင်းငံ့ထားခြင်း၊ ရပ်ဆိုင်းခြင်းများ အတွက် သင့်အပေါ်၊ (သို့) အခြားသူတစ်ဦးဦးအပေါ် ODB ၌ ဥပဒေအရ တာဝန်မရှိကြောင်း သင့်ဘက်က သဘောတူပါသည်။

၆.၂ တာဝန်ပေးအပ်ခြင်း – ODB၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ မည်သည့် စည်းကမ်းနှင့် သတ်မှတ်ချက် များနှင့် စပ်လျဉ်း၍ လွှဲပြောင်းခြင်း၊ လုပ်ပိုင်ခွင့် အာဏာအပ်နှင်းခြင်း မပြုရ၊ ထိုသို့ပြုရန် မည်သည့် ကြိုးစား အားထုတ်မှုမဆို  စည်းကမ်းနှင့်သတ်မှတ်ချက်များကို ချိုးဖေါက်ခြင်းဖြစ်သည်ဟု မှတ်ယူသည်။

၆.၃ တရားစီရင်ပိုင်ခွင့် – ဤသတ်မှတ်ချက်များကို ပဋိပက္ခအရေးအခင်းဆိုင်ရာ ဥပဒေစည်းမျဉ်းများအရ မဟုတ်ဘဲ၊ မီချီဂန်ပြည်နယ်၏ တရားဥပဒေအရ လိုက်နာအနက်ဖွင့်ဆိုရမည်။ ODB နှင့် အသုံးပြုသူ တို့သည် အငြင်းပွားမှု၊ (ဤစည်းကမ်းနှင့်သတ်မှတ်ချက်များ၊ ၎င်းနှင့်ဆက်စပ်နေသည့်ကိစ္စရပ်များ၊ ၀က်ဆိုက်နှင့် အချက်အလက်များ အသုံးပြုမှုနှင့်ပတ်သက်သည့်ကိစ္စရပ်များအားလုံးအတွက် တရားစွဲဆိုမှုကို မီချီဂန်ပြည်နယ် ဖယ်ဒရယ်တရားရုံး၏ တရားစီရင်ပိုင်ခွင့်ကို လိုက်နာရန် နှစ်ဦးနှစ်ဖက်မှ ခွင့်ပြု သဘောတူ သည်။ ဤကဏ္ဍကို ကန့်သတ်မှုမရှိခြင်းအပါအ၀င် ဤစည်းကမ်းနှင့်သတ်မှတ်ချက်များ၏ ထောက်ပံ့ ဖန်တီးပေးခြင်းအားလုံးအပေါ် သက်ရောက်မှု မရှိသော မည်သည့်တရားစီရင်ခြင်း၌မဆို ဤ၀က်ဆိုက်အား အသုံးပြုခြင်းကို  ခွင့်မပြုပါ။

၆.၄. သာတူညီမျှဖြစ်သော သက်သာခွင့်ပေးရခြင်း – သင့်ဖက်မှ တစ်နည်းနည်းဖြင့် ဤစည်းကမ်းချက်များကို ချိုးဖောက်ကျူးလွန်ခြင်းသည် ODBအတွက် အစားထိုး၍မရသော ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေပြီး၊ ဥပဒေအရ အရေးယူပြီး   ငွေကြေးပေးလျော်မှုဖြင့် ကုစား၍မရနိုင်ကြောင်း သင်သိမှတ်ဝန်ခံပါသည်။ ထို့ကြောင့် သင့်ဘက်မှ ရုံးတော်သို့ လာရောက်ရန် ပျက်ကွက်မှု၊ (သို့) သင့်ဘက်မှ ချိုးဖောက်ကျူးလွန်မှု (၀က်ဆိုက်၌ ODB၏စေတနာ နာမည်ကောင်း၊ ဂုဏ်သိက္ခာ(သို့) ရပိုင်ခွင့် တစ်စုံတစ်ရာဆုံးရှုံးရခြင်း (သို့) လျော့ကျစေခြင်းကို ဖြစ်စေသည့် သင့်၏ မည်သည့် လုပ်ရပ်မဆို)အတွက် အစားထိုး၍မရသော ထိခိုက်နစ်နာစေမှု၊ ဆုံးရှုံးမှုနှင့် ဂုဏ်သိက္ခာကျစေမှုကို တားဆီးရန် (သို့) ကာကွယ်ရန် ODBသည် တတ်နိုင်သ?