လ - ဇွန် 2016

အမည်နာမဖြင့် ခေါ်ခြင်း

ကျွန်တော်သင်ရသည့် ကောလိပ်အတန်းတစ်ခု၌ ကျောင်းသားအသစ်များကို ပထဦးဆုံး မြင်သည်နှင့် သူတို့၏နာမည်များကို ကျွန်တော်သိပြီးဖြစ်နေပါသည်။ ကျွန်တော်က သူတို့၏နာမည်နှင့်ဓာတ်ပုံကို ရင်းနှီးအောင် အချိန်ယူခဲ့သောကြောင့် ၎င်းတို့ အတန်းထဲ ၀င်လာလျှင် ‘‘မင်္ဂလာပါ ဂျက်ဆီကာ’’၊ ‘‘ကြိုဆိုပါတယ် ထရီဘာ’’ စသည်ဖြင့် ပြောနိုင်သည်။ ကျွန်တော် ဤကဲ့သို့လုပ်ရခြင်းမှာ လူတစ်စုံ တစ်ယောက်၏နာမည်ကိုသိပြီး ခေါ်ခြင်းသည် မည်မျှ အဓိပ္ပာယ်ရှိသည်ကို သိသောကြောင့် ဖြစ်သည်။
သို့သော်လည်း တစ်စုံတစ်ယောက်အား စစ်မှန်စွာ
သိနိုင်ရန် ထိုသူ၏နာမည်မျှမက သူ့အကြောင်း ပိုသိရန်
လိုအပ်သည်။ ယော ၁၀ ၌ ‘‘ (ယေရှု)သည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်’’ကြောင်း (း၃) ဖတ်ရှုရခြင်းဖြင့် ကျွန်ုပ်တို့အတွက် ကောင်းသော သိုးထိန်း ဖြစ်တော်မူသော သခင်ယေရှု၏နွေးထွေးမှုနှင့် ဂရုပြုတော်မူခြင်းကို ခံစားရသည်။ သခင်သည် ကျွန်ုပ်တို့၏နာမည်ထက်မက ကျွန်ုပ်တို့ကို ပိုပြီးသိသည်။ သူက ကျွန်ုပ်တို့ အတွေး၊…

ကျင်လည်ရမည့် အသက်တာလမ်း

ခေတ်သုံး ဘာသာပြန် ကျမ်းစာတစ်အုပ်မှ ‘‘our way of life’’ ဟူသည့်စကားစုကို ကိုးကားချက်ကို ကြားလိုက်ရ၍ ကျွန်တော် အံ့ဩသွားသည်။ ထို့ကြောင့် ထိုစကားစုကို
အင်တာနက် ဂူဂဲလ်မှ ရှာဖွေကြည့်ရာ မိမိမျှော်လင့်ထားသည့် လူနေမှုဘ၀ကို ခြိမ်းခြောက်
နေသည့်စိုးရိမ်ကြောင့်ကြစရာများကို အဓိကထားဖော်ပြသည်ကို တွေ့ရသည်။ လူတို့ ခံစားရသည့် ခြိမ်းခြောက်မှုများအနက် ထင်ရှားလှသော အရာများမှာ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု၊ အကြမ်းဖက် မှုနှင့် အစိုးရ၏ နိုင်ငံရေးဆိုင်ရာမူဝါဒများဖြစ်သည်။
‘‘ခရစ်တော်၏ နောက်လိုက်များအနေဖြင့် ကျွန်ုပ်တို့
ကျင်လည်ရမည့် ဘ၀လမ်းကား အဘယ်နည်း’’ ကျွန်ုပ်တို့ကို နှစ်သိမ့်သက်သာစေသော၊ လုံခြုံစေသော၊ ပျော်ရွှင်စေသော၊
ထိုမျှမက (ထိုထက်ဆိုးသော/ကောင်းသော)လမ်းလား။
ဧဖက်မြို့ရှိ ခရစ်ယာန်များအား ၎င်းတို့၏ အသက်တာကို
ဘုရားသခင် အမှတ်ထင်ထင် ပြောင်းလဲပေးခဲ့ပုံနှင့် စပ်လျဉ်း၍
ရှင်ပေါလုက ပြန်ပြောင်း သတိပေးသည်။ ‘‘ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည်…

အတိတ်ကို နောက်တွင် ချန်ခဲ့ခြင်း

ခရစ္စ ဘေကာ သည် ဆေးမင်ကြောင် တက်တူး ထိုးပေးသောပညာရှင်ဖြစ်ပြီး နာကျင်မှုနှင့် ကျွန်ပြုခြင်း အမှတ်အသားများကို အနုပညာလက်ရာများအဖြစ် ပြောင်းလဲပေးသည့် ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ဖောက်သည်များမှာ ၀ါရင့်လူဆိုးဂိုဏ်းသမားများနှင့် ဆိုင်ရာဆိုင်ရာ နာမည်၊ အမှတ်အသား၊ ကုတ်နံပါတ်များကို ကိုယ်ပေါ်၌ ထိုးထားခြင်းခံရသော လူကုန်ကူး သူများ၏သားကောင်များဖြစ်သည်။ ခရစ္စက သူတို့အပေါ်၌ ရှိသော ထိုအရာများကို ပုံရိပ်အသစ်များနှင့် ဆေးမင်ကြောင် ထိုးပေးခြင်းအားဖြင့် လှပသော အနုပညာလက်ရာအဖြစ် ပြောင်းလဲလိုက်သည်။
ခရစ္စ ဘေကာ က အရေပြားပေါ်မှာ လုပ်ဆောင် ပေးသလို၊ သခင်ယေရှုက စိတ်ဝိညာဉ်အတွက် လုပ်ပေးပါ သည်။ ကျွန်ုပ်တို့ကို အရှိအတိုင်း ယူဆောင်လျက် ပြောင်းလဲ ပေးသည်။ နှုတ်ကပတ်တော်မှ ‘‘လူမည်သည်ကား ခရစ်တော်၌
ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည်  အသစ်ဖြစ်ကြပြီ’’(၂ ကော ၅း၁၇)ဟု ပြောထားသည်။ ခရစ်တော်ကို…

မျောပါမသွားခြင်း

စာသင်နှစ်ကာလတစ်ခုပြီးဆုံး၍ ကျောင်းပိတ်သော် ကျွန်ုပ်တို့ဇနီးမောင်နှံသည် (မိုင် ၆၀) ၁၀၀ ကီလိုမီတာခန့်မျှ ဝေးသော သမီး၏ကျောင်းမှ သမီးကို ကြိုပြီး ပြန်ခဲ့သည်။ လမ်း၌ မုန့်စားရန်အတွက် အနီးရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းသို့ ကွေ့ပတ်သွား ခဲ့သည်။ ထိုနေရာ၌  ပျော်ရွှင်ခံစားလျက် ကမ်းခြေ၌ လှေများကိုလည်း မြင်ခဲ့သည်။ များသော အားဖြင့် လှေများ အဝေးသို့ မျောပါမသွားအောင်   ကျောက်ဆူးချထားကြသည်။ သို့ရာတွင် ၎င်းတို့အနက် လှေတစ်စင်းသည်   အတားအဆီးမဲ့လျက် ပင်လယ်ဘက်သို့ ဦးတည်ကာ ဖြည်းဖြည်းနှင့်မှန်မှန် မျောပါသွားသည်ကို ကျွန်ုပ်သတိပြုမိသည်။
အိမ်သို့ ပြန်ကြစဉ်   ဟေဗြဲဩ၀ါဒစာမှ ယုံကြည်သူ
တို့အတွက် အချိန်မီသတိပေးချက်ကို ထင်ဟပ်ဆင်ခြင် မိသည်။ ‘‘ ... ငါတို့သည် ကြားရသော ဒေသနာတော်ကို မမေ့ မလျော့မည်အကြောင်း၊ စိတ်နှလုံး၌ သာ၍ မှတ်မိစွဲလမ်းခြင်း
ရှိရကြမည်’’ (ဟေဗြဲ ၁၂း၁)။…

တုန်လှုပ်သွားစေသော ရိုးသားဖြောင့်မတ်မှု

သင်းအုပ်က အသင်းတော်လူကြီးတစ်ဦးအား ၀တ်ပြုစည်းဝေး၌ ဆုတောင်းခြင်းကို ဦးဆောင်ရန် တောင်းဆိုရာ ထိုသူက ‘‘တောင်းပန်ပါတယ် ဆရာကြီး၊ ဘုရားကျောင်းကို လာတဲ့ လမ်းတစ်လျှောက်မှာ ကျွန်တော့်ဇနီးနဲ့ စကားများခဲ့လို့ ကျွန်တော် ဆုတောင်းဖို့ အသင့် မရှိပါဘူး’’ ဟု သူက ငြင်းလိုက်သဖြင့် လူအများ အံ့အားသင့်ထိတ်လန့်သွားသည်။ ခေတ္တမျှ ကိုးရိုးကားယား ဖြစ်သွားပြီးနောက် သင်းအုပ်ကပဲ ဆုတောင်းကာ ဆက်လက် ၀တ်ပြုကိုးကွယ်ခဲ့သည်။ သည့်နောက်တွင် သင်းအုပ်ဆရာက  အရင် မမေးမြန်း ဘဲနှင့် လူပုံအလယ်၌ ဆုတောင်းရန် မည်သူ့ကိုမျှ   မတောင်းဆိုတော့ရန် သန္နိဋ္ဌာန်ချလိုက်တော့သည်။
သူတော်ကောင်း ဟန်ဆောင်လိုက်ရန် လွယ်ပါသည်။
ထိုအခြေအနေ၌ အလွန်သြချလောက်သည့် ဖြောင့်မတ် ရိုးသားမှုကို ထိုသူသည် ထင်ရှားပြခဲ့သည်။ ဤတွင် ဆုတောင်းခြင်းနှင့် ပတ်သက်သည့်  နက်နဲသော သင်ခန်းစာ ရှိသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသော အဘခမည်းတော်ဖြစ်ပေရာ၊ ကျွန်ုပ်၏ဇနီးသည် သူချစ်မြတ်နိုး…

ရပ်တည်ရန် ခိုင်ခံ့မြဲမြံသောနေရာ

ဂျော်ဂျီယာပြည်နယ်၏ သမိုင်းဝင် ဆာဗားနားမြို့ မြစ်ကမ်းနား လမ်းတစ်လျှောက်ကို မညီမညာ ကျောက်စရစ်ခဲများနှင့် လမ်းခင်းထားသည်။ ဒေသခံလူများ၏အဆိုအရ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်သန်းကုန်သွယ် ရာတွင် သင်္ဘောငြိမ်အောင်  ကျောက်စရစ်ခဲများ တင်ဆောင်ရသည်။ ကုန်တင်သင်္ဘော
များသည် ဂျော်ဂျီယာ ၌ ၀န်စည်စလယ်များ တင်ပြီးသော အခါ ကျောက်စရစ်များ မလိုအပ်တော့ပေ။ သို့ဖြစ်၍ အနီးရှိ သင်္ဘောကျင်းများ၌ လမ်းခင်းရန်အတွက် အသုံးပြု လိုက်သည်။ ထိုကျောက်စရစ်များသည် အန္တရာယ်များသည့် ရေပြင်၌ သင်္ဘောကို တည်ငြိမ်စေသည့် သူတို့၏မူလတာဝန်  ကျေပွန်ခဲ့ပါပြီ။
ကျွန်ုပ်တို့ ရှင်သန်နေထိုင်ရသည့် နေ့ရက်များ
သည်လည်း ပင်လယ်ပြင်ထက်မှ လှိုင်းတံပိုးများကဲ့သို့ ရုန်းရင်းခတ်နေသည်ဟု ခံစားကောင်းခံစားရမည်။ ရွက်လွှင့်
သွားသော ရှေးသင်္ဘောကြီးများကဲ့သို့ ဘ၀ပင်လယ်မုန်တိုင်းကြီးထဲ၌ လိုရာခရီး ရောက်နိုင်ဖို့ရာ တည်ငြိမ်မှုရှိရန် လိုသည်။ ဒါဝိဒ်သည်လည်း အန္တရာယ်များနှင့် ရင်ဆိုင် ခဲ့ရသည်။…

ချစ်ကြင်နာသော ဘုရားသခင်၏အတူရှိနေခြင်း

ကျွန်ုပ်တို့၏ မိတ်ဆွေကောင်း စင်ဒီတစ်ယောက် ကင်ဆာရောဂါ ခံစားနေရကြောင်း ဆေးစစ်ချက်ရလဒ်ကို သိလိုက်ရသောအခါ စိတ်၌ ဆို့နင့်ခံစားသွားရသည်။ စင်ဒီသည် သူ့ဘ၀၌ တွေ့ကြုံရသူများအတွက် ကောင်းချီး ဖြစ်စေသူ၊ ရွှင်လန်းတက်ကြွစွာ နေတတ်သူ ဖြစ်သည်။ သူမ ပြန်လည်သက်သာလာသောအခါ သူ့အတွက် ကျွန်ုပ်တို့ ဇနီးမောင်နှံ ၀မ်းမြောက်ရသော်လည်း လအနည်းငယ် အကြာတွင် ကင်ဆာရောဂါက အငြိုးကြီးစွာ ပြန်ထလာ သည်။ ကျွန်ုပ်တို့၏စိတ်ထဲတွင်တော့ သူမ ငယ်သေးသည်ဟု တွေးမိခဲ့သည်။ သူဆုံးသွားသောအခါ သူ့ခင်ပွန်းက သူမ၏ နောက်ဆုံးအချိန်နှင့်ပတ်သက်၍   ပြောပြသည်။ အားနည်းလျက် စကားပြောရန် ခက်ခဲသောအချိန်၌ စင်ဒီက သူ့အား ‘‘ကျွန်မနဲ့အတူ ရှိနေပေးပါ’’ဟု တိုးညှင်းစွာ ပြောခဲ့သည်။  ဤမှောင်မိုက်သော အချိန်၌ အခြားအရာများထက် သူမပို၍လိုချင်ခဲ့သည့်အရာက သူ၏ ချစ်ခြင်းမေတ္တာနှင့် အတူရှိနေပေးခြင်းပင်ဖြစ်သည်။
ဟေဗြဲဩ၀ါဒစာကို ရေးသူက တရားဟောရာကျမ်း ၃၁း၆ ကို ကိုးကားလျက်…

ခရစ်တော်ကို အစေခံခြင်း

‘‘ကျွန်မက အတွင်းရေးမှူးတစ်ယောက်ပါလို့ ပြောရင် တစ်ခါတစ်လေ လူတွေက သနားစဖွယ် အကြည့်နဲ့ ကျွန်မကို ကြည့်တတ်တယ်။ ဒါပေမဲ့ ကျွန်မက ဘယ်သူအတွက် အတွင်းရေးမှူး လုပ်ပေးသလဲဆိုတာကို သူတို့သိသွားတဲ့အခါကျမှ လေးစားမှုနဲ့ ကြည့်ကြ တယ်’’ ဟုကျွန်မမိတ်ဆွေတစ်ဦးက ပြောပြသည်။ တစ်နည်းဆိုရလျှင် ချမ်းသာကြွယ်ဝ နာမည်ကျော်ကြားသူတို့နှင့် ပတ်သက်ဆက်နွှယ်သော အလုပ်
မဟုတ်လျှင်၊ လူမှုအသိုင်းအ၀ိုင်းက အချို့သောအလုပ်များကို
အရေးမပါသော အဓိကမကျသောအလုပ်များဟူ၍ သတ်မှတ်
လေ့ရှိသည်။
ဘုရားသခင်၏ သားသမီးများအတွက် လောက အလုပ်ရှင်သူဌေးက မည်သူပင်ဖြစ်စေ၊  မည်သည့်အလုပ် ရာထူးဖြစ်စေ သခင်ယေရှုကို အစေခံနေခြင်းဖြစ်ကြောင်း သိမှတ်လျက် ဂုဏ်ယူစွာဖြင့် လုပ်ဆောင်နိုင်ပေသည်။
ဧဖက် အခန်းကြီး ၆ ၌ ရှင်ပေါလုက အစေခံများနှင့် သခင်များကို မိန့်ကြားခဲ့သည်တွင် ကောင်းကင်ဘုံ၌ ရှိတော် မူသော သခင်တစ်ပါးတည်းကိုသာ ကျွန်မတို့ အစေခံကြောင်း ထိုလူစုနှစ်ခုလုံးကို သူက…

ဝေးလံခေါင်သီသည့်နေရာ

ထရစ်စတန် ဒါ ခွန်ဟာ ကျွန်းကလေးသည် အထီးကျန်စွာ သီးခြားတည်ရှိခြင်းကြောင့်   တစ်မျိုးတစ်ဘာသာ နာမည်ကျော်သည်။ ၎င်းသည် ကမ္ဘာပေါ်၌ လူသူနေထိုင်မှု အနည်းဆုံး ကျွန်းကလေး တစ်ကျွန်းဖြစ်ပြီး ထိုကျွန်း၌ မှီတင်းနေထိုင်သူ လူ ၂၂၈ ဦး  ရှိသည်။ ၎င်းသည် တောင်အတ္တလန္တိတ်သမုဒ္ဒရာ၌ တည်ရှိပြီး တောင်အာဖရိက၏ အနီးဆုံး ကုန်းတွင်းပိုင်းမှ ၁၇၅၀ မိုင် ကွာဝေးသည်။ အလည်အပတ် ရောက်ရှိလိုသူများအတွက် လေကြောင်းခရီးလမ်း မပေါက် သောကြောင့် ၇ ရက် လှေစီးပြီး သွားရပါသည်။
ထိုကဲ့သို့သော လူသူမနီးသည့်အရပ်တစ်ခု၌ သခင်ယေရှုနှင့် တပည့်တော်တို့သည်လည်း   ဆာလောင် မွတ်သိပ်နေသော လူထောင်ပေါင်းများစွာအတွက် အံ့ဖွယ် အစားအစာများကို ပြင်ဆင်ပေးခဲ့သည်။ ထိုအံ့ဩဖွယ်ရာ နိမိတ်လက္ခဏာမပြမီ ယေရှုက တပည့်တော်တို့အား   ‘‘ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူ ရှိကြပြီ။ စားစရာ အလျင်းမရှိ၊ အချို့တို့သည်…

ချစ်တတ်ရန် သင်ယူခြင်း

ချစ်ခြင်းမေတ္တာ၏ စွမ်းအားသည် ‘‘ကမ္ဘာကို လည်ပတ်စေခြင်း’’ ထက်မက သာလွန်သည် ဟု ရှေးဆိုရိုးရှိသည်။ မေတ္တာသည် ကျွန်ုပ်တို့ကို  လုံးဝ ခံနိုင်ရည်မဲ့သွားအောင်လည်း လုပ်နိုင်သည်။ ‘‘သူတစ်ပါးရဲ့ ချီးကျူးဂုဏ်ပြုမှု မခံရမှတော့ ဘာကြောင့် ချစ်ရမှာလဲ’’ ‘‘ကိုယ်ကိုယ်ကိုယ် အနာခံပြီး ဘာကြောင့် ချစ်ရမှာလဲ’’ စသည်ဖြင့် တစ်ချိန်ပြီးတစ်ချိန် ကျွန်ုပ်တို့ ပြောကောင်းပြောမိမည်။ သို့ရာတွင် ရှင်ပေါလုက
ချစ်မေတ္တာနောက်လိုက်ရန် ရိုးရှင်းသော အကြောင်းပြချက်ကို
ပေးထားသည်။ ‘‘ယခုတွင် ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံး ဖြစ်သတည်း။ ချစ်ခြင်း မေတ္တာကို မီအောင်လိုက်ကြလော့ (၁ ကော ၁၃း၁၃-၁၄း၁)။
‘‘ချစ်ခြင်းမေတ္တာသည် လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင်၏
မဖြစ်မနေ လုပ်ဆောင်မှုဖြစ်သည်။ လူသည် ဘုရားသခင်ကို လည်းကောင်း၊ သူတို့၏ အပေါင်းအပါတို့ကို လည်းကောင်း ချစ်လျှင်…