လ - ဧပြီ 2017

ထာဝရ အချစ်ခံရသည်

မထီမဲ့မြင်ပြု စော်ကားခံရခြင်း၊ လျစ်လျူရှုခံရခြင်း၊ တစ်နည်းနည်းဖြင့် အနှိမ်ခံရခြင်း စသည်ဖြင့် မကြုံတွေ့မခံစားရဘဲ နေ့တစ်နေ့တာကို ကျော်ဖြတ်သွားရန် မဖြစ်နိုင်ပါ။ တစ်ခါတစ်ရံ ကျွနု်ပ်တို့ မိမိကိုယ်ကို ထိုသို့ ပြုမူမိတတ်သည်။
ဒါဝိဒ်၏ရန်သူများသည် သူ့အား အပြင်းအထန် အနိုင်ကျင့်၊ ခြိမ်းခြောက်ကာ မထီမဲ့မြင်စကားလုံးများနှင့် ထိုးနှက်ခဲ့သည်။ သိက္ခာကျလျက် တန်ဖိုးမဲ့သကဲ့သို့ သူခံစားရသည်။ ဆင်းရဲခံရသည့်အဖြစ်မှ ကယ်တင်ရန် ကိုယ်တော်အား သူတောင်းလျှောက်ခဲ့သည် (ဆာ ၄း၁-၂)။
ထိုနောက်တွင် ‘‘ထာဝရဘုရားသည် မိမိသန့်ရှင်းသူကို ရွေးထားတော်မူ’’ကြောင်း (း၃) သူသတိရလိုက်သည်။ ဒါဝိဒ် အနေဖြင့် မိမိသန့်ရှင်းသူ ဟု ရဲရဲဝံ့ဝံ့ဆိုနိုင်သည့် စကား၏ အတိမ်အနက်ကို အမိအရဖမ်းနိုင်ရန် အမျိုးမျိုးသော အင်္ဂလိပ်ကျမ်းစာ ဘာသာပြန်ဆို ချက်များတွင် ‘သစ္စာတည်သောကျွန်’ ဟူသည့်စကားကို ‘‘သူတော်ကောင်း’’ ဟု ပြန်ဆို ကြသည်။ ဟေဗြဲဘာသာစကား၌ ‘‘hesed’’ ဆိုသည့် စကားလုံး၏အနက်ရင်းမှာ ပဋိညာဉ်နှင့်ဆိုင်သော…

နံနက်မိုးသောက်သော်

မြူးနစ်မြို့ပြင်ရှိ ကျေးလက်တည်းခိုခန်းတစ်ခု၌ တစ်ထောက်နားရန် ကျွန်မတို့ ရောက်ရှိ သွားချိန်တွင် အချိန်အတော်ပင် လင့်ခဲ့ပြီဖြစ်သည်။ မြူနှင်းထုကြီးကြောင့် အမှောင်ထဲ လှမ်းမမြင်နိုင်သော်လည်း ကျွန်မတို့အခန်း၌ လေသာဆောင် ပါရှိသဖြင့် ကျေနပ်ပျော်ရွှင် သွားသည်။ သို့သော် အချိန်အတန်ကြာပြီးနောက် နေပွင့်လာသောအခါ မြူနှင်းများ လွှင့်ပါးကုန်သည်။ ထိုအခါ ဆိုးဆိုးဝါးဝါး ပျောက်ကွယ် နေသော အံ့မခန်းဆိတ်ငြိမ်အေးချမ်းလှပသည့် မြင်ကွင်းကို တွေ့လိုက်ရသည်။ စားကျက်မြက်ခင်း စိမ်းစိမ်းစိုစိုတွင် သိုးများ အစာစားနေပြီး ၎င်းတို့၏လည်ပင်းမှ ခြူသံများ ကြားနေရသည်။ ကောင်းကင်မှ တိမ်စိုင်ဖြူဖြူကြီးကလည်း သိုးကြီးတစ်ကောင်နှင့်ပင် တူနေသည်။
တစ်ခါတစ်ရံတွင် စိတ်ပျက်အားလျော့ခြင်း မြူနှင်းထုကြီးက ဘ၀အသက်တာကို လွှမ်းမိုးနေတတ်သည်။ အခြေအနေက မှောင်မိုက်လွန်း၍ ကျွန်မတို့ မျှော်လင့်ချက်မဲ့ လာသည်။ သို့သော် နေမင်းကြီးက မြူနှင်းများကို ကင်းစင် စေသကဲ့သို့ ဘုရားသခင်၌ ယုံကြည်ခြင်းစိတ်က သံသယမြူနှင်းများကို ဖယ်ရှားပစ် နိုင်သည်။ ဟေဗြဲ…

ဒေါသအစား အခြားရွေးချယ်စရာတစ်ခု

သြစတြေးလျ နိုင်ငံ၊ ပါ့သ်မြို့၌ နေထိုင်သူ Fionn Mulholland သည် နံနက်ခင်းတစ်ခုတွင် သူ့ကား ပျောက်နေကြောင်း သိလိုက်သည်။ နောက်မှ ကန့်သတ်နယ်မြေ၌ မှားပြီး ကား သွားရပ်မိ၍ ကားကို လာဆွဲသွားကြောင်းသိခဲ့ရသည်။ ကားပြန်ရွေးရန်နှင့် ဒဏ်ငွေ  ဒေါ်လာ ၆၀၀ ခန့်မျှ ပေးဆောင်ရမည့် အခြေအနေ အရပ်ရပ်ကို စဉ်းစားပြီး Mulholland စိတ်ကသိကအောက်ဖြစ်ခဲ့ရသည်။ သို့သော် ကားပြန်ရွေးမည့် ကိစ္စဆောင်ရွက်ပေးမည့်သူကို ဒေါသမထွက်ရန် သူ စိတ်ဆုံးဖြတ်ထားသည်။ သူ့ခံစားချက်ကို အရှိအတိုင်း ဖွင့်ချလိုက်မည့်အစား သူ့အခြေအနေအရပ်ရပ်ကို ရယ်စရာ ဟာသကဗျာ တစ်ပုဒ်ရေးခဲ့ပြီး၊ ကားဝင်းထဲမှ အလုပ်သမားကို ဖတ်ပြခဲ့သည်။ အလုပ်သမားကလည်း ယင်းကဗျာကို နှစ်သက်သည်။ သို့နှင့် ဖြစ်နိုင်ချေရှိသည့် အကျည်းတန်သော ထိပ်တိုက် ရန်စောင်ရန်လိုမှုများ လုံးဝဖြစ်ပျက်မလာပါ။
သုတ္တံကျမ်း၌ ‘‘ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ်အသရေရှိ၏’’ (၂၀း၃) ဟု…

ဘာသာစကားကို သင်ယူခြင်း

ဂျမေးကား အသင်းတော်တစ်ပါး၌ ၀တ်ပြုခြင်းမစတင်မီ ကျွန်တော်က မတ်တပ်ရပ်ကာ ‘‘Wah Gwan, Jamaica?’’ ဟူ၍ ကျွန်တော် အကောင်းဆုံးပြောတတ်သည့် ဒေသခံ တိုင်းရင်းသားမျိုးနွယ်စုစကားဖြင့် ပြောလိုက်သည်။ ပရိသတ်က အပြုံးများဝေကာ လက်ခုပ်တီးပြီး  သြဘာပေးကြသည့်အတွက် တုံ့ပြန်မှုက ကျွန်တော်ထင်ထားသည်ထက် ပိုကောင်းသည်။ စင်စစ် ကျွန်တော်ပြောလိုက်သည့် ပါတ၀ါ စကားမှာ ‘‘အခြေအနေဘယ်လိုလဲ’’ ဟု အဓိပ္ပာယ်ရသည့် ပုံမှန်နှုတ်ဆက်စကားသာ ဖြစ်သည်။ သို့သော် သူတို့ နား၌ ကြားလိုက်သည်က ‘‘ခင်ဗျားတို့ရဲ့ဘာသာစကားကို အတော်အသင့် ပြောတတ်တယ်’’ ဟူ၍ဖြစ်သည်။ ဆက်ပြောစရာ ပါတ၀ါ စကားမရှိ၊ ဘာဆက်ပြောရမည်ကို မသိသော်လည်း အခွင့်အလမ်းကတော့ ပွင့်သွားသည်။
တမန်တော်ကြီး ရှင်ပေါလုက အေသင်မြို့သားများ ရှေ့မှောက်၌ ရပ်နေချိန်တွင် သူတို့၏ဓလေ့ ယဉ်ကျေးမှုကို သူသိရှိကြောင်း ထိုသူတို့ကို သိစေ၏။ သူတို့၏ ယဇ်ပလ္လင်များထဲမှ ‘‘ငါတို့မသိသော ဘုရားသခင်အဖို့’’ ဟူသည့်…

တစ်စုံတစ်ယောက်ကို တို့ထိရန်

ကြောက်ရွံ့စိုးရိမ်စရာအနေအထားမှ စိတ်နှလုံးထိခိုက်ခံစားစေသည့်ဖြစ်ရပ်တစ်ခုကို ကနေဒါနိုင်ငံ မြေအောက်ရထားတစ်စီးပေါ်မှ ခရီးသွားများ မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရ သည်။ လူငယ်တစ်ဦး၏ ကျယ်လောင်သောအသံ၊ စိတ်အနှောင့်အယှက် ဖြစ်စေသည့် စကားလုံးများကြောင့် ခရီးသည်များ အထိတ်တလန့်ဖြစ်သွားသည်။ ထိုလူငယ်ကို အသက် ၇၀ အရွယ် အဖွားအိုတစ်ဦးက ညင်သာစွာ ဖေးမပြီး လက်ကမ်းပေးလိုက်သည်။ ထိုအမျိုးသမီးကြီး၏ ကြင်နာမှုကြောင့် ထိုလူငယ်မှာ မျက်ရည်များနှင့် ကြမ်းပြင် ပေါ်သို့ ထိုင်ကျသွားပြီး ငြိမ်သက်သွားသည်။ ထို့နောက် ‘‘ကျေးဇူးပဲ၊ အဘွား’’ ဟု ပြောပြီး ထရပ်ကာ ထွက်သွားတော့သည်။ နောက်မှ အမျိုးသမီးကြီးက သူလည်း ကြောက်ရွံ့ ခဲ့ကြောင်း၊ ‘‘ဒါပေမဲ့ ကျွန်မက မိခင်တစ်ယောက်လေ၊ ပြီးတော့ သူက တစ်စုံတစ်ယောက်ရဲ့တို့ထိမှုကို လိုအပ်နေတယ်’’ ဟု ပြောပြခဲ့သည်။ ထိုသူငယ်နှင့် ဝေးဝေးနေခြင်းက အကောင်းဆုံးဟု အကြောင်းပြချက် ပေးနိုင်သော်လည်း မေတ္တာပြရန် အဘွားအို စွန့်စားခဲ့သည်။
ထိုသို့သော…