သြစတြေးလျနိုင်ငံ၌ မြို့တစ်မြို့နှင့်တစ်မြို့ ခရီးသွားရာတွင် နာရီပေါင်းများစွာ ကားမောင်းရသဖြင့် ပင်ပန်းနွမ်းနယ်လာနိုင်ပြီး၊ ယာဉ်မတော်တဆထိခိုက်မှုများ ဖြစ်နိုင် သည်။ ထိုကြောင့် အားလပ်ရက်ခရီးသွားလာမှုများသည့်အချိန်များ၌ အဓိက အဝေးပြေး လမ်းမကြီးများတွင် စေတနာ့ဝန်ထမ်းများက ကော်ဖီ အခမဲ့ဝေပေးသည့် ယာဉ်ရပ်နား စခန်းကို ထားရှိပေးသည်။ ကျွန်တော့်ဇနီး မယ်ရင်း နှင့် ကျွန်တော်တို့ အချိန်ကြာမြင့်စွာ ကားမောင်းသွားရသည့် အခါ ဤယာဉ်ရပ်နားစခန်းများကို ကျေနပ်နှစ်သက် အကြိုက်ပိုလာသည်။
တစ်ကြိမ်တွင်  ခရီးသွားခဲ့စဉ် ကားရပ်ပြီး ကော်ဖီ ၂ ခွက် မှာယူခဲ့သည်။ ၀န်ထမ်းတစ်ဦးက ကော်ဖီ ၂ ခွက် ပေးပြီး ၂ ဒေါ်လာ တောင်းသည်။ အကြောင်းရင်းကိုမေးရာ သူက စာလုံးသေးသေးနှင့် ရိုက်နှိပ်ထားသည့် ဆိုင်းဘုတ်ကို ညွှန်ပြသည်။ ဤရပ်နားစခန်း၌ ယာဉ်မောင်းသာ ကော်ဖီ အခမဲ့ရပြီး ခရီးသည်များမှာမူ အခပေးရမည်ဖြစ်သည်။
ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်ပြီး ‘‘အဲဒါက မရိုးသား တာပဲ‘‘ ဟုပြောကာ ၂ ဒေါ်လာ ပေးပြီး ပြန်ထွက်လာသည်။ ကားဆီ ပြန်ရောက်သော် မယ်ရင်း က ကျွန်တော်သည် လက်ဆောင်ကို မိမိ၏ခံစားခွင့် အဖြစ်မှတ်ယူပြီး ရရှိသည့် အရာအတွက် ကျေးဇူးမတင်ဟု ကျွန်တော့်အမှားကို ထောက်ပြသည်။ သူ့စကား မှန်ပေ၏။
ကတိထားရာပြည်သို့ ဣသရေလလူများကို မောရှေဦးဆောင်သွားသည့် အခါ ၎င်းတို့အား ကျေးဇူးသိတတ်သူများဖြစ်ရန် မောရှေ တိုက်တွန်းခဲ့သည် (တရား ၈း၁၀)။  ပြည်တော်သည် ပြည့်စုံကြွယ်ဝသည်။ ဤကောင်းချီးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ရန်ဖြစ်သည်။ သို့သော် ဤပြည့်စုံကြွယ်ဝမှုကို ၎င်းတို့ ရသင့်ရထိုက်သည့် အရာအဖြစ် အလွယ်မှတ်ယူသွားနိုင်သည် (း၁၇-၁၈)။ ဤမှစ၍ ဂျူးလူမျိုးများသည် မည်မျှပင် နည်းပါစေ အစာတိုင်းအတွက် ကျေးဇူးတော်ချီးမွမ်းသည့် အလေ့အကျင့်ကို ပျိုးထောင်ခဲ့သည်။ သူတို့အတွက် အရာခပ်သိမ်းသည် လက်ဆောင် ဖြစ်သည်။
ဝန်ထမ်းအမျိုးသမီးထံသို့ ကျွန်တော်ပြန်သွားပြီး တောင်းပန်ခဲ့သည်။ အခမဲ့ ကော်ဖီတစ်ခွက်က ကျွန်တော်ရသင့်ရထိုက်အရာမဟုတ်၊ ၎င်းသည် ကျေးဇူးတင်စွာဖြင့် လက်ခံရမည့် လက်ဆောင်ဖြစ်သည်။   SHERIDAN VOYSEY