ဆရာဝန်၏စကားများက သူမ၏နှလုံးသားကို ဒုန်းကနဲ လာဆောင့်သည်။ ကင်ဆာ ဆိုပါလား။ သူမ၏ခင်ပွန်းနှင့် ကလေးများကို တွေးမိလိုက်ရာ သူ၏ကမ္ဘာကြီး ရပ်တန့် သွားသည်။   ဇွဲနှင့် တစိုက်မတ်မတ် ဆုတောင်းကြပြီး အခြားရလဒ် တစ်မျိုး ထွက်လာရန် မျှော်လင့်ထားကြသည်။ သူတို့ဘာလုပ်ကြမည်နည်း။ သူမ၏မျက်နှာ၌ မျက်ရည်များ စီးကျလျက် ‘‘အဘဘုရားသခင်၊ ဤအရာသည် ကျွန်မတို့ မထိန်းချုပ်နိုင်သောအရာဖြစ်ပါ၏။ ကျွန်မတို့၏ခွန်အား ဖြစ်ပေးတော်မူပါ’’ ဟု ညင်သာစွာ သူမ ဆိုခဲ့သည်။
ရောဂါစစ်ဆေးမှုရလဒ်က အလွန်ဆိုးဝါးသောအခါ၊ မိမိ မထိန်းချုပ်နိုင်သည့် အခြေအနေနှင့် ကြုံရသောအခါ ကျွန်ုပ်တို့ ဘာလုပ်ကြသနည်း။ ကြည့်ရသည်မှာ မျှော်လင့်ချက်မဲ့နေပြီဆိုပါက ကျွန်ုပ်တို့ အဘယ်အရပ်သို့ သွားမည်နည်း။
ပရောဖက် ဟဗက္ကုတ်၏ အခြေအနေမှာ သူ၏ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန် နေပြီး သူ၏ကြောက်ရွံခြင်းက သူ့ကို ခြောက်လှန့်နေသည်။ ကျရောက်လာတော့မည့် စီရင်ခြင်းမှာလည်း ကြီးလေးလှသည် (ဟဗ ၃း၁၆-၁၇)။ သို့သော် ရောက်လတံ့သော ပရမ်းပတာဖြစ်မှုအလယ်၌ ယုံကြည်ခြင်းဖြင့် အသက်ရှင်ရန် (၂း၎)၊ ဘုရားသခင်၌ ၀မ်းမြောက်ရွှင်လန်းရန် ဟဗက္ကုတ် ရွေးချယ်ခဲ့သည် (၃း၁၈)။  သူ၏ အခြေအနေအရပ်ရပ်၊ စွမ်းရည်နှင့် အရင်းအမြစ်တို့အပေါ်၌ သူ မယုံကြည်၊ သူ့စိတ်ချမှုက ထိုအပေါ်၌မတည်၊    ဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့် ကြီးမြတ်ခြင်း၌သာ သူယုံကြည်ကိုးစားခဲ့သည်။   ဘုရားသခင့်အပေါ် ယုံကြည်ကိုးစားမှုက သူ့အား ‘‘အရှင်ထာဝရဘုရားသည် ငါ၏ အစွမ်းသတ္တိ ဖြစ်တော်မူ၏။ ငါ့ခြေကို သမင်ခြေကဲ့သို့ ဖြစ်စေ၍ ငါ၏မြင့်ရာအရပ်ပေါ်မှာ ငါ့ကို နေရာချတော်မူမည်’’ ဟု ကြွေးကြော်စေခဲ့သည် (၃း၉)။
ဖျားနာခြင်း၊ မိသားစုအကျပ်အတည်း၊ ငွေကြေးပြဿနာစသည့် ခက်ခဲသည့် အခြေအနေများနှင့် ကြုံဆုံရသောအခါ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်အပေါ်၌ ယုံကြည် ကိုးစားရန်သာ ရှိသည်။ ကျွန်ုပ်တို့ ကြုံတွေ့ရင်ဆိုင်ရသည့် အမှုအရာတိုင်း၌ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိပါသည်။ KAREN WOLFE