The Lord of the Rings ရုပ်ရှင်ဇာတ်လမ်းအကြောင်း ပြောဆိုဆွေးနွေးရာ၌ ဆယ်ကျော်သက်လေးတစ်ဦးက သူ့အနေနှင့် ရုပ်ရှင်ထက် ၀တ္ထုစာအုပ်ကို ပိုနှစ်သက် ကြောင်းဆိုသည်။ ဘာ့ကြောင့်လဲဟုမေးရာ လူငယ်လေးက ‘‘စာအုပ်နဲ့ဆိုရင် ကျွန်တော် ကြိုက်တဲ့အပိုင်းဆို ကျွန်တော်ကြိုက်သလောက် စီးမျောနေလို့ရတယ်’’ ဟု ဖြေသည်။ စာအုပ်ကိုစွဲခြင်း အထူးသဖြင့် သမ္မာကျမ်းစာကိုစွဲပြီး ကျမ်းစာ မှ ဇာတ်လမ်းထဲစီးမျောခြင်းက အကျိုးရှိသည်။
သမ္မာကျမ်းစာ၏ ‘‘ယုံကြည်ခြင်းအခန်းကြီး’’ ဟု ခေါ်ဆိုလေ့ရှိသည့် ဟေဗြဲ ၁၁ တွင် လူ ၁၉ ယောက်အကြောင်းကို နာမည်နှင့်တကွ ဖော်ပြထားသည်။ ၎င်းတို့ တစ်ယောက်စီတိုင်းသည် မရေရာသော ခရီးလမ်းကြမ်းကို သံသယစိတ်နှင့် လျှောက်လှမ်းခဲ့ကြရသော်လည်း ဘုရားသခင်ကို နာခံရန် ရွေးချယ်ခဲ့ကြသည်။ ‘‘ယခုဆိုခဲ့ ပြီးသော သူအပေါင်းတို့သည် ကတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးက မျှော်မြင်လျက်၊ စိတ်နှလုံးနှင့်ဖက်ယမ်းလျက် မိမိတို့သည် မြေကြီးပေါ် တစ်ကျွန်းသူတစ်နိုင်ငံသား၊ ဧည့်သည်အာဂန္တုဖြစ်သည်ကို ထင်ရှားစွာ ၀န်ခံလျက် ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏’’ (း၁၃)။
ကျမ်းစာထဲမှ လူနှင့်အဖြစ်အပျက်အကြောင်းအရာ များကို မဆင်ခြင်ဘဲ ကျမ်းစာကို အလောသုံးဆယ် ဖတ်ရန် လွယ်သည်။ ဘုရားသခင်၏သမ္မာတရားနှင့် ကျွန်ုပ်တို့၏ အသက်တာအတွက် ဘုရားသခင်၏အကြံအစည်တော်ကို အလေးအနက် မဆင်ခြင်အောင် မိမိ၏အလုပ်ဇယားက ဆီးတားနေသည်။ ကျွန်ုပ်တို့က ခေတ္တခဏမျှ အချိန်ပေးမည် ဆိုလျှင် ဘုရားသခင်၏သစ္စာတော်၌ အသက်တာကို တည်စေခဲ့သူများ၏လက်တွေ့ ဘ၀ ဖြစ်ရပ်မှန်ဇာတ်လမ်း၌ ကျွန်ုပ်တို့လည်း ပါဝင်စီးမျောနေကြောင်း မိမိကိုယ်ကို ပြန်မြင်ရသည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖွင့်ဖတ်စဉ် ကျွန်ုပ်တို့ ကြိုက်သလောက် စီးမျောနေနိုင်ကြောင်းကို အမှတ်ရကောင်းသည်။ DAVID MCCASLAND