လ - နိုဝင်ဘာ 2017

မစုံလင်သော်လည်း ချစ်ပါသည်။

ဂျပန်နိုင်ငံ၌ စားသောက်ကုန်များကို အလွန်သန့်ရှင်းသေသပ်စွာ ပြင်ဆင်ထုတ်ပိုးသည်။ အစားအသောက်များသည် အရသာကောင်းရုံသာမက စားချင်စဖွယ်လည်းဖြစ်ရမည်။ ရံဖန်ရံခါ အစားအစာဝယ်နေတာလား၊ အပြင်အဆင်အလှအပကို ၀ယ်နေတာလားဟုပင် ကျွန်တော် တွေးမိသည်။ ဂျပန်လူမျိုးများသည် အရည်အသွေးကောင်းမွန်မှုကို အထူး အလေးထားပေရာ ပစ္စည်းအချို့၌ ချို့ယွင်းချက် အနည်းငယ် မျှပင် ရှိပါစေ ၎င်းတို့ကို ပယ်လိုက်သည်။ သို့သော် မကြာမီ နှစ်များအတွင်းက ၀ါကဲရီစားသောက်ကုန်သည် နာမည်ကြီး
လာသည်။ ၀ါကဲရီ ဆိုသည့်စကားမှာ ‘‘အကြောင်းတစ်စုံတစ်ရာ ရှိခြင်း’’ ဟု အဓိပ္ပာယ်သက်ရောက်သည်။ ၎င်းတို့၏ စားသောက်ကုန်ကို မပယ်၊ မပစ်လိုက်ဘဲ အကြောင်း တစ်ခုခု ကြောင့် အလွန်ချိုသာသော ဈေးနှုန်းဖြင့် ရောင်းချပေးသည်။ ဥပမာအားဖြင့် ဆန်မုန့်ကြွပ်ပြား၌ အက်ကြောင်း ထင်သွား ခြင်းကြောင့် ဈေးချိုစွာ ရောင်းချခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံ၌ နေထိုင်သည့် ကျွန်ုပ်၏ မိတ်ဆွေတစ်ဦး ကလည်း ၀ါကဲရီသည်…

ဘုရားသခင်၏ ကျေးဇူးတော်လက်ဆောင်ကို ရယူနိုင်ပြီ

ဘုရားသခင်၏ ကျေးဇူးတော်လက်ဆောင်ကို ရယူနိုင်ပြီ

သခင်ယေရှုသည် လူ့ဇာတိကိုခံယူရန် ကောင်းကင်ဘုန်းစည်းစိမ်များ စွန့်လွှတ်လျက် ကြွဆင်းလာခဲ့သည်။ ပျက်စီးနေသော ကမ္ဘာကြီး ပြုသမျှ သူနုခဲ့ရသည်။ ခါးစည်းခံခဲ့သည်။ ထို့နောက် လောကသားတို့ပြုသမျှ အမှားအယွင်း၊ အပြစ်ကြွေးများကို ပေးဆပ် ခဲ့သည်။ ၎င်းသည် ခရစ်စမတ်၏အဓိပ္ပာယ်…

ခရစ်စမတ်အရှင် သခင်ခရစ်တော်

ကျေးဇူးတော်လက်ဆောင် ။ ။ ဘုရားသခင်နှင့် မိမိ၏ကိုယ်ပိုင် ဆက်ဆံရေး

"ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။" —ယော ၃း၁၆

စင်္ကာပူနိုင်ငံ၌ ခရစ်စမတ်အချိန်တွင် နှင်းမကျဘဲ မိုးရွာပါသည်။ ခရစ်ယာန်မဟုတ်သည့် မိသားစုမှ မွေးဖွားကြီးပြင်းလာသူအနေဖြင့်…

ဧမာနွေလ

ကျေးဇူးတော်လက်ဆောင် ။ ။ ကျွန်ုပ်တစ်ယောက်တည်း မဟုတ်တော့ပါ။

"ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတံ့။" —ဟေရှာ ၇း၁၄

မကြာမီကမှ အိမ်ထောင်ကျပြီး ကလေးအလွန်လိုချင်သည့် မိတ်ဆွေတစ်ဦးနှင့် ကျွန်တော် စကားပြောဖြစ်သည်။ သူတို့ ဇနီးမောင်နှံက ကလေးရအောင် အစီအစဉ်ဆွဲလျက် ဆုတောင်းနေကြသည်။…

ကိုယ်ချင်းစာနာလျက် အစားဝင်ခံစားပေးခြင်း၏အစွမ်း

R70i သက်ကြီးဝတ်စုံကို ၀တ်ဆင်လိုက်သည်နှင့် အသက် ၄၀ ကျော်အရွယ်၏ အိုစာမှုကို ခံစားရတော့သည်။ အမြင်အာရုံ မှုန်ဝါးလျက် နားလည်း မကြားရတော့ပါ။ လှုပ်ရှားမှု များလည်း နှေးကွေးကျဆင်းသွားသည်။ ထိုဝတ်စုံကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ၀န်ထမ်းများက ၎င်းတို့၏သက်ကြီးလူနာများအပေါ် ပိုနားလည်စာနာနိုင်အောင် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ Wall Street Journal
ကိုယ်စားလှယ် ဂျော့ဖရီ ဖောင်းလာ သည် ထိုဝတ်စုံကို ၀တ်ဆင်ခဲ့ပြီးနောက် ဤသို့ရေးသားခဲ့သည်။ ‘‘မမေ့နိုင်စရာ အတွေ့အကြုံ၊ စိတ်ပျက်အားလျော့မှုကို ခံစားရသည့် အချိန်၌ ဤအတွေ့အကြုံက အသက်ကြီးလာစဉ် မည်သို့ ဖြစ်သည်ကို ထောက်ပြသည်သာမက ကိုယ်ချင်းစာလျက် အစားဝင် ခံစားပေးနိုင်အောင် ဤ၀တ်စုံက အထောက်အကူ ပြုသည်။ ကျွန်ုပ်တို့၏အနီးဝန်းကျင်ကမ္ဘာလေးအပေါ် မိမိ၏ အထင်အမြင်များကို ပုံသွင်းပြုပြင်ပေးနိုင်သည်’’။
အခြားသူတစ်ဦး၏ ခံစားချက်ကို နားလည်ခြင်း၊ မျှဝေခံစားပေးခြင်းသည် အစွမ်းတန်ခိုးတစ်မျိုးဖြစ်သည်။ သခင်ယေရှု၏နောက်တော်လိုက်များ ပြင်းထန်စွာ…

ယူကရိန်း ခရစ်စမတ်

ကျေးဇူးတော်လက်ဆောင် ။ ။ ခရစ်စမတ်ပွဲတော် ဆင်နွှဲရသည့် အကြောင်းအရင်း

“ကောင်းကင်ဘ၀ဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍ မြွက်ဆိုကြ၏။” လု ၂း၁၄

ယူကရိန်းနိုင်ငံတွင် ခရစ်စမတ်ပွဲကျင်းပသည့် ဓလေ့ထုံးစံသည်…