ပို့ပေးရမည့် ပီဇာနောက်တစ်ချပ်ကို ထုတ်ယူလိုက်ရင်း ရှယ်ရီလ် ရုတ်တရက် အံ့အားသင့် သွားသည်။ သူရောက်လာသည့် နေရာက အိမ်မဟုတ်ဘဲ ဘုရားကျောင်း ဖြစ်နေသည်။ ဇဝေဇဝါဖြစ်သွားသော်လည်း ပီဇာကို ယူပြီး ရှယ်ရီလ် ဘုရားကျောင်းထဲသို့ ဝင်သွားရာ သင်းအုပ်နှင့် တွေ့ခဲ့သည်။
“မင်းအတွက် ဘဝကြီးက အသက်ရှင်ရတာ မလွယ်ဘူး မဟုတ်လား” ဟု ဆရာတော်က သူကို မေးရာသူက ဟုတ်မှန်ကြောင်းပြန်ဖြေသည်။ ထို့နောက် ဆရာက အသင်းသားများ အလှူငွေထည့်ထားသော အလှူခံခွက် နှစ်ခွက်ကို ယူလာပြီး ခွက်ထဲရှိ ဒေါ်လာငွေ ၇၅၀ ကျော်ကို ရှယ်ရီလ်၏အိတ်ထဲသို့ အပိုဆုကြေး ဘောက်ဆူးအဖြစ် ထည့်ပေးလိုက်သည်။ ဆရာက ငွေကြေး အခက်အခဲ ရှိသော ဝန်ထမ်းတစ်ဦးအား မုန့်ပို့ခိုင်းရန် ပီဇာဆိုင်သို့ ကြိုတင် ဖုန်းဆက်ထားသည်ကို ရှယ်ရီလ် မသိရှာ။ အံ့အားသင့်လျက် သူပေးရမည့် အခွန်အခအချို့ကို ဖြေရှင်းနိုင်ပြီး ဖြစ်သည်။
ယေရုရှလင်မြို့ရှိ ရှေးဦးခရစ်ယာန်များသည် ဆင်းရဲနွမ်းပါးလျက် ဒုက္ခကြုံရ ချိန်တွင် အသင်းတော်တစ်ပါးမှ ၎င်းတို့ကို ထောက်ပံ့ကူညီလာသည်။ မာကေဒေါနိရှိ ခရစ်ယာန်များသည် မိမိတို့ကိုယ်တိုင်က မပြည့်စုံမှုများ ရှိနေသော်လည်း ကိုယ်ကျိုး စွန့်လျက် ပေးကမ်းခဲ့သည်။ အခြားသူများအား ပေးကမ်းစွန့်ကြဲရခြင်းကို ၎င်းတို့ အနေဖြင့် အခွင့်ထူးဟု မှတ်ယူကြသည် (၂ ကော ၈း၁-၄)။ ရှင်ပေါလုက သူတို့၏ ရက်ရောစွာပေးကမ်းမှုကို စံထားအတုယူကြရန် ကောရိ နသုအသင်းတော်နှင့် ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ မိမိ၏ကြွယ်ဝမှုကို အခြားသူများ၏လိုအပ်မှုအတွက် ကျွန်ုပ်တို့ ဖြည့်ဆည်း အသုံးပြုသောအခါ ကျွန်ုပ်တို့၏ဝိညာဉ်ရေးဆင်းရဲမှုကို ဖြည့်ဆည်းပေးရန် မိမိ၏စည်းစိမ်ကိုစွန့်လွှတ်ခဲ့သည့် သခင်ခရစ်တော်၏ပုံရိပ်ကို ထင်ဟပ်စေသည်(း၉)။
ထိုနေ့တွင်ပင် ရှယ်ရီလ် သည်သူ၏ဖေါက်သည်များအား ကြင်နာသနားတတ် သော ထိုအသင်းတော်အကြောင်းကို ပြောပြပြီး ထိုစံနမူနာကို လိုက်လျှောက်သည့် အနေနှင့် ထိုနေ့က ဆိုင်မှသူရရှိသည့်အပိုဆုကြေးငွေကို အခြားလိုအပ်သူကို မျှဝေပေးခဲ့သည်။ ဆပွား ပွားသွားသည့် ပေးကမ်းခြင်းပေတည်း။ သခင်ခရစ်တော်၏ ဘုန်းဂုဏ်တော်လည်း ထင်ရှားခဲ့တော့သည်။ SHERIDAN VOYSEY