မကြာသေးမီက ကျွန်မတို့၏ ၂၂ လသားအရွယ် မြေးမလေး မိုရီယာကို သူ့အစ်ကိုများမပါဘဲ ပထမဆုံးအကြိမ် ကျွန်မတို့အိမ်သို့ ညအိပ်ခေါ်ခဲ့သည်။ ကျွန်မတို့၏မေတ္တာကို သူ့အား ပုံအော၍ပေးသည်။ သူ့ကို မပြတ်ဂရုစိုက် စောင့်ကြည့်သည်။ သူပျော်အောင် သူလုပ်ချင် သည့်အရာကို ခွင့်ပြုသည်။ နောက်တစ်နေ့ သူ့အားပြန်ပို့ပေးပြီး နှုတ်ဆက်ကာ ပြန်လာရန် တံခါးမကြီးသို့ ကျွန်မတို့လျှောက်လာစဉ် မိုရီယာသည် စကား တစ်ခွန်းမှမပြောဘဲ ညအိပ်အဝတ်အစားထည့်သည့် အိတ်ကို ကောက်ကိုင်ကာ တံခါးမတွင်ထိုင်ပြီး ကျွန်မတို့နှင့် ပြန်လိုက်ရန် အဆင်သင့်စောင့်နေတော့သည်။
မိုရီယာလေးသည် သူ၏ကလေးခါးတောင်းကျိုက် (ဒိုင်ပါဖင်ထုပ်)ကိုဝတ်ထားပြီး ဖိနပ်ကိုလည်း ဘယ်ညာ မှားစီးထားကာ အဘိုးအဘွားနောက်သို့ ပြန်လိုက်ရန် အဆင်သင့် စောင့်ဆိုင်းနေပုံလေးက ကျွန်မမှတ်ဉာဏ်ထဲတွင် ထွင်းထား သကဲ့သို့ စွဲနေသည်။ ဤအဖြစ်အပျက်ကို ပြန်တွေးမိတိုင်း ကျွန်မပြုံးမိသည်။ ကျွန်မတို့နှင့်လိုက်သွားရန် သူ့စိတ်ဆန္ဒ ပြင်းပြလျက် သူ၏တစ်ဦးတည်း ကိုယ်ပိုင်အချိန်ကို ထပ်ယူရန် အဆင့်သင့် ဖြစ်နေသည်။
စကားမပြောတတ်သေးသော်လည်း မြေးမလေးသည် ကျွန်မတို့ သူ့ကိုချစ်ခြင်းနှင့် တန်ဖိုးထားခြင်းကို ခံစားမိသည်။ တစ်နည်းအားဖြင့် ကျွန်မတို့၏မြေးလေးကို ချစ်သော အချစ်သည် သခင်ခရစ်တော်၏သားသမီးများဖြစ်သည့် ကျွန်ုပ်တို့ကို ချစ်သည့်အချစ်နှင့် သဏ္ဌာန်တူသည်။ “ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည် ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှု ဆင်ခြင်ကြလော့” (၁ ယော ၃း၁)။
သခင်ခရစ်တော်ကို မိမိ၏ကယ်တင်ရှင်အဖြစ်ယုံကြည်လျှင် ကျွန်ုပ်တို့သည် ဘုရားသားသမီး ဖြစ်ရသောအခွင့်ကိုရရှိပြီး သူ၏အသက်ကိုစွန့်သည့်တိုင် ကျွန်ုပ်အပေါ် ချစ်ကြောင်း သိရှိနားလည်ခွင့်ကို ရကြမည်ဖြစ်သည်(း၁၆)။ ထိုအခါ ကိုယ်တော်ကျေနပ် နှစ်သက်စေမည့် အပြုအမူ အပြောအဆိုများ ပြုကျင့်လျက် အသက်ရှင်ရန် (း၆)၊ ကိုယ်တော့်ကို ချစ်ရန်၊ ကိုယ်တော်နှင့် အချိန်ယူရန် ကျွန်ုပ်တို့ဆန္ဒရှိလာမည်။
ALYSON KIEDA