လ - ဒီဇင်ဘာ 2017

ယုံကြည်ခြင်းကိုတည်ဆောက်ပေးသော အမှတ်တရများ

 တေးဂီတသံများလွှမ်းနေသော ဘုရားကျောင်းထဲသို့ ၀င်လာရင်း နှစ်သစ်အကြိုည အတွက် စုရုံးနေသော လူအုပ်ကြီးကို ကြည့်နေမိသည်။ မနှစ်က ဆုတောင်းချက်များကို ပြန်လည်တွေးရင်း ကျွန်ုပ်နှလုံးသား၌ ၀မ်းမြောက်လျက် မျှော်လင့်ခြင်းတို့ မြင့်တက်  လာသည်။ နာခံမှုမရှိ ရိုင်းပျသည့်ကလေးများ၊ ဆုံးပါးသွားသည့်ချစ်ခင်သူများ၊ အလုပ် လက်မဲ့ဖြစ်မှုနှင့် အိမ်ထောင်များပြိုကွဲခြင်း စသည့်အမှုများကြောင့် အသင်းတော်သည် ပူဆွေးသောကရောက်လျက် ဆုတောင်း ခဲ့ကြသည်။ ထို့အတူ စိတ်နှလုံးပြောင်းလဲခဲ့သူ၊ ခံစားရသည့် နာကျင်မှုဒဏ်မှ နှစ်သိမ့်သက်သာရာရရှိခဲ့သူ တစ်ဦးချင်းစီကို သတိရပြန်သော် ဘုရားသခင်၏ ကျေးဇူးတော် ကို ခံစားခဲ့ရသည် မဟုတ်ပါလား။ အောင်မြင်မှုရခဲ့သည့်အမှုများ၊ လက်ထပ်မင်္ဂလာပွဲများ၊ လူငယ်မောင်မယ်များ အထက်တန်းကျောင်း ပြီးစီးအောင်မြင်ခြင်း၊ ဘုရားသခင်၏မိသားစုဝင် တိုးလာသည့် နှစ်ခြင်းမင်္ဂလာ စသည့်ပွဲများကို ဆင်နွဲခဲ့ရသည်။ ကလေးမွေးဖွားခြင်း၊ ကလေးမွေးစားခြင်း၊ ကလေးကို ဘုရားထံဆက်ကပ်ခြင်း စသည်ဖြင့် အခြားအရာ များစွာလည်း ရှိပါသေးသည်။

ယေရမိသည် သူခံခဲ့ရသော ဆင်းရဲငြိုငြင်ခြင်းနှင့် ဦးတည်ရာမဲ့နေမှုများကို သတိရသကဲ့သို့(မြည် ၃း၁၉) ကျွန်ုပ်တို့အသင်းတော်…

အမှုကိစ္စများ ထမြောက်ပြီးစီးချိန်များ

 နှစ်ကုန်ခါနီးအချိန်ဆိုလျှင် ကျွန်ုပ်တို့သည် မပြီးပြတ်သော အလုပ်ဝန်ထုပ်များ၏ ဖိစီးမှုကို ခံရတတ်ကြသည်။ အိမ်ထောင်တာဝန်နှင့် ရုံးမှတာဝန်ဝတ္တရားများသည် မပြီးပြတ်နိုင်၊ ယနေ့ မပြီးပြတ်သောအလုပ်များသည် မနက်ဖြန်သို့ ကူးသွားသည်။ သို့သော် ကျွန်ုပ်တို့၏ ၀ိညာဉ်ရေးရာခရီးလမ်းတွင် ခဏတာရပ်၍ ဘုရားရှင်၏သစ္စာတော်နှင့် ပြီးပြတ်သွားသော လုပ်ငန်းတာဝန်များအတွက် ကျေးဇူးတော်ချီးမွမ်းသင့်သည့်အချိန်များရှိသည်။ 

ရှင်ပေါလုနှင့်ဗာနဗတို့၏ ပထမဆုံး ဧ၀ံဂေလိခရီးစဉ် အပြီးတွင် ‘‘ထိုမြို့မှသင်္ဘောစီး၍လွှင့်သဖြင့်၊ မိမိတို့ ဆောင် ရွက်ခဲ့ပြီးသောအမှုအလိုငှာ ဘုရားသခင်၏ကျေးဇူးတော်သို့ အပ်နှံ၍ စေလွှတ်သောအန္တိအုတ်မြို့သို့ ရောက်လာကြ၏’’ (တ ၁၄း၂၆)။ အခြားသူများကို သခင်ယေရှုအကြောင်း ဝေငှရန် လုပ်ငန်းတာဝန်များ ကျန်နေလင့်ကစား၊ သူတို့သည် ပြီးမြောက်သွားသောအမှုအရာများအတွက် အချိန်ယူ၍ ကျေးဇူးတော်ချီးမွမ်းခဲ့သည်။ ‘‘ထိုမြို့သို့ ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍ မိမိတို့အား ဘုရားသခင်သည် ပြုတော်မူသမျှတို့ကိုလည်းကောင်း၊ ယုံကြည်ခြင်းတံခါးကို တစ်ပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကိုလည်းကောင်း ပြန်ကြားကြ၏’’ (း၂၇)။

သင့်အားဖြင့် မနှစ်က ဘုရားရှင် မည်သည့်အမှုများ…

မျက်ဝန်းထဲ၌ စွဲထင်ကျန်သောအရာ

ငှက်ပိတုန်းသည် ၎င်း၏အတောင်ပံကို တဖြတ်ဖြတ်ခတ်ရာမှ ထွက်လာသောအသံကို ယူ၍ ၎င်း၏အင်္ဂလိပ်အမည် Hummingbird ဟူ၍ ဖြစ်လာသည်။ ၎င်းကို ပေါ်တူဂီ ဘာသာဖြင့် ‘‘ပန်းများကို နမ်းသူ’’၊  စပိန်ဘာသာဖြင့် ‘‘ပျံနေသော ရတနာ’’ Mexican Zapotec ဘာသာဖြင့် ‘‘မျက်ဝန်းထဲ၌ စွဲထင်ကျန်သောအရာ’’ဟု ခေါ်သည်။ မက်ဆီကန် အမည်ကို ကျွန်မအကြိုက်ဆုံးဖြစ်သည်။ တစ်နည်းအားဖြင့် ထိုငှက်ပိတုန်းကို မြင်ပြီးသည်နှင့် ဘယ်တော့မှ မမေ့တော့ ဟူသည့် အဓိပ္ပာယ်ပင်။ 

G. K. Chesterton က ‘‘လောကကြီး၌ အံ့ဖွယ်ရာ များ မကုန်မဆုံးနိုင်ရှိသည်။ သို့သော် ထိုအံ့သြဖွယ်ရာများကို လူတို့ခံစားရှာဖွေလိုစိတ်မရှိ’’ ဟူ၍ ရေးသားခဲ့သည်။ ငှက်ပိတုန်းသည် ထိုအံ့သြဖွယ်ရာများထဲမှ တစ်ခုဖြစ်သည်။ ၂ လက်မ ၃ လက်မ သာသာသေးငယ်သော အရွယ်အစား (သို့) တစ်စက္ကန့်အတွင်း အကြိမ်ပေါင်း ၅၀ မှ…

နေ့ရက်တိုင်း အချိန်တိုင်း

စားစရာကုန်ခြောက်များကို ကားထဲသို့သေချာစွာထည့်၍ ကားပါကင်မှ သတိနှင့်ထွက် လိုက်သည်။ သို့သော် ကျွန်မကားထွက်လာသည်ကို သတိမထားမိဘဲ ပလက်ဖောင်း ပေါ်မှ လူတစ်ဦးသည် ရှေ့မှဘွားခနဲ ရုတ်တရက် ပေါ်လာသည်။ ဘရိတ်ကို ဆောင့်နင်း လိုက်သောကြောင့် ကတ်သီးလေးလွှတ်သွားသည်။ သူလည်း လန့်ဖြန့်သွားပြီး မော့အကြည့် ကျွန်မနှင့် အကြည့်ချင်းဆုံသွားသည်။ ထိုအချိန်တွင် စိတ်ဆိုးဒေါသထွက်နေသောအကြည့်နှင့်စားစရာကုန်ခြောက်များကို ကားထဲသို့သေချာစွာထည့်၍ ကားပါကင်မှ သတိနှင့်ထွက် လိုက်သည်။ သို့သော် ကျွန်မကားထွက်လာသည်ကို သတိမထားမိဘဲ ပလက်ဖောင်း ပေါ်မှ လူတစ်ဦးသည် ရှေ့မှဘွားခနဲ ရုတ်တရက် ပေါ်လာသည်။ ဘရိတ်ကို ဆောင့်နင်း လိုက်သောကြောင့် ကတ်သီးလေးလွှတ်သွားသည်။ သူလည်း လန့်ဖြန့်သွားပြီး မော့အကြည့် ကျွန်မနှင့် အကြည့်ချင်းဆုံသွားသည်။ ထိုအချိန်တွင် စိတ်ဆိုးဒေါသထွက်နေသောအကြည့်နှင့်ကြည့်မလား (သို့) ခွင့်လွှတ်ပြုံးနှင့် ကြည့်မလား။ ရွေးချယ် ရပါမည်။ ကျွန်မ ပြန်ပြုံးပြခဲ့သည်။

သူ၏မျက်နှာ၌ စိတ်သက်သာရာရသွားဟန်ဖြင့်   ကျေးဇူးတင်သောအပြုံး ပြုံးပြကာ…

ကျေးဇူးတင်စရာ မှတ်တမ်းစာအုပ်

သခင်ယေရှုကို စတင်ယုံကြည်သက်ဝင်ခဲ့စဉ်က ၀ိညာဉ်ရေးရာသွန်သင်သူဆရာက ကျေးဇူးတင်စရာအချက်များကို ရေးသားမှတ်ထားရန် စာအုပ်တစ်အုပ်ထားရန် ကျွန်မကို တိုက်တွန်းခဲ့သည်။ ထိုစာအုပ်သေးသေးလေးကို ကျွန်မဘယ်သွားသွား သယ်သွားသည်။ တစ်ခါတစ်လေ ကျေးဇူးတင်စရာအဖြစ်အပျက်များကို ချက်ခြင်းရေးမှတ်ခဲ့သည်။ အခြားအချိန်များတွင် ရက်သတ္တပတ်အကုန်တွင် ပြန်လည် ဆင်ခြင်၍ ရေးမှတ်ခဲ့သည်။သခင်ယေရှုကို စတင်ယုံကြည်သက်ဝင်ခဲ့စဉ်က ၀ိညာဉ်ရေးရာသွန်သင်သူဆရာက ကျေးဇူးတင်စရာအချက်များကို ရေးသားမှတ်ထားရန် စာအုပ်တစ်အုပ်ထားရန် ကျွန်မကို တိုက်တွန်းခဲ့သည်။ ထိုစာအုပ်သေးသေးလေးကို ကျွန်မဘယ်သွားသွား သယ်သွားသည်။ တစ်ခါတစ်လေ ကျေးဇူးတင်စရာအဖြစ်အပျက်များကို ချက်ခြင်းရေးမှတ်ခဲ့သည်။ အခြားအချိန်များတွင် ရက်သတ္တပတ်အကုန်တွင် ပြန်လည် ဆင်ခြင်၍ ရေးမှတ်ခဲ့သည်။

ချီးမွမ်းစရာအကြောင်းများကို ရေးမှတ်ခြင်းသည်  အလေ့အထကောင်းဖြစ်ပြီး ၎င်းကို ပြန်လည်လုပ်ဆောင်ရန် ကျွန်မစဉ်းစားမိသည်။ ၎င်းသည် ဘုရားရှင်၏   မျက်မှောက်တော်ကို မပြတ်ရှုမှတ်နိုင်အောင်၊  ကိုယ်တော်၏ ထောက်ပံ့ပေးမှုနှင့် ဂရုပြုစောင်မမှုအတွက် ကျေးဇူးသိလျက် ချီးမွမ်းနိုင်အောင် မစလိမ့်မည်။

အတိုဆုံးကျမ်းစာဖြစ်သော ဆာလံကျမ်း ၁၁၇ တွင် ဆာလံဆရာက ဘုရားသခင်သည် ‘‘ငါတို့၌ ကရုဏာတော်ကြီးလှ’’…