မြေလမ်းနံဘေး၌ ရပ်ကြည့်နေသူများနှင့် ပုခုံးချင်းယှဉ်လျက် ရပ်နေသည်ဟု စိတ်ကူး မြင်ယောင်ကြည့်လိုက်ပါ။ သင့်အနောက်မှ အမျိုးသမီးက ခြေဖျားထောက်လျက် ကြွလာမည့်သူကို မြင်ရရန် ကြိုးစားနေသည်။ ဟိုးအဝေးဆီမှ မြည်းစီးလာသူတစ်ဦးကို ရိပ်ခနဲ မြင်လိုက်ရသည်။ ထိုမြည်းစီးလာသူ နီးကပ်လာသောအခါ လူအများက သူတို့၏ ၀တ်ရုံများကို လမ်းမပေါ် ပစ်ချခင်းပေးကြသည်။ ရုတ်ခြည်းပင် သင့်နောက်မှလည်း သစ်ကိုင်းချိုးသံကို ကြားလိုက်ရသည်။ လူတစ်ဦးက စွံပလွန်ခက် များကို ချိုးချနေပြီး အခြားသူများက ထိုသစ်ခက်များကို မြည်း၏ရှေ့၌ ခင်းပေးကြသည်။

ကားတင်သတ်မခံရမီ ရက်အနည်းငယ်က သခင်ယေရှု ယေရုရှလင်မြို့ထဲသို့ ၀င်ရောက်လာစဉ် သူ့နောက်တော်လိုက်များက သခင့်ကို စိတ်အားထက်သန်စွာ ဂုဏ်ပြုကြိုဆိုကြသည်။ လူထုကြီးသည် သူတို့ ‘‘မြင်ခဲ့ပြီးသော တန်ခိုးတော်များကို ထောက်ရှုပြီး’’ ၀မ်းမြောက်ဝမ်းသာစွာဖြင့် ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြသည် (လု ၁၉း၃၇)။ သခင်ယေရှုကို ကိုးကွယ်ဆည်းကပ်သူများကလည်း ‘‘ထာဝရဘုရား၏ အခွင့်နှင့် ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း’’ ဟူ၍ ဟစ်အော် ကြသည် (း၃၈)။ သူတို့၏စိတ်ထက်သန်မှုအပြည့်နှင့် ချီးမြောက်ဂုဏ်ပြုမှုက ယေရုရှလင် မြို့ရှိ လူများအပေါ် သက်ရောက်မှုရှိသည်။ နောက်ဆုံး သခင်ယေရှု မြို့သို့ရောက်ရှိသွား သောအခါ ‘‘တစ်မြို့လုံး အုတ်အုတ်သဲသဲဖြစ်၍ ဤသူကား အဘယ်နည်းဟု မေးမြန်း ကြ၏’’ (မ ၂၁း၁၀)။

ယနေ့ထိတိုင် လူများသည် ရှင်ယေရှုအကြောင်းကို သိလိုစိတ်ပြင်းပြကြသည်။ ကိုယ်တော်လာမည့်လမ်း၌ သံလွင်ခက်များခင်းပြီး လူကိုယ်တိုင် မချီးမွမ်း မကြွေးကြော် နိုင်သော်လည်း ကိုယ်တော့်ကို ကျွန်ုပ်တို့ဂုဏ်ပြုနိုင်ပါသေးသည်။ ကိုယ်တော်၏ မှတ်သားလောက်သော အမှုတော်များအကြောင်း ဆွေးနွေးပြောဆိုနိုင်သည်။ လိုနေသူ များကို ကူညီထောက်မနိုင်သည်။ မတရားစော်ကားမှုကို သည်းခံပေးနိုင်သည်။ ထို့အပြင် အချင်းချင်း နက်နက်ရှိုင်းရှိုင်း ချစ်ခင်နိုင်ပါသည်။ ‘‘ယေရှုကား အဘယ်နည်း’’ ဟု မေးလာသူ၊ ရပ်ကြည့်နေသူများကို အဖြေပေးရန် ကျွန်ုပ်တို့ အသင့်ရှိနေနိုင်ပါသည်။ JENNIFER BENSON SCHULDT