လေက တစ်ဝုန်းဝုန်း၊ လျှပ်စီးများလည်း ဖျတ်ခနဲ ဖျတ်ခနဲ လက်ကာ၊ လှိုင်းတံပိုးများလည်း ရိုက်ခတ်နေကြသည်။ ငါသေရတော့မယ်ဟု ကျွန်တော်တွေးလိုက်မိသည်။ အဘိုးအဘွား
တို့နှင့်အတူ ရေအိုင်ကြီးထဲ ငါးမျှားထွက်ရင်း အချိန်နှောင်းသွားပြီး နေဝင်သွားချိန်၌ ရုတ်တရက်လေပြင်းများ တိုက်ခတ်လာပါတော့သည်။ လှေမမှောက်အောင် အဘိုးက ကျွန်တော့်ကို လှေဦးပိုင်း၌ သွားထိုင်ခိုင်းသည်။ ကျွန်တော့် စိတ်ထဲ ကြောက်စိတ်များ စိုးမိုးသွားသည်။ သို့သော် ကျွန်တော် စတင်ဆုတောင်းလိုက်သည်။ ထိုစဉ်က ကျွန်တော်သည်
ဆယ့်လေးနှစ်သားအရွယ် ဖြစ်သည်။

ဘုရားရှင်ထံမှ စိတ်ချမှုနှင့် ကွယ်ကာမှုကို ကျွန်တော် တောင်းခံရင်း မုန်တိုင်းက အားလျော့မသွားသော်လည်း လှေကို ကမ်းသို့ကပ်နိုင်ခဲ့သည်။ ယနေ့ထိတိုင် ထိုမုန်တိုင်းနှင့် ရင်ဆိုင်ရသောညက ခံစားခဲ့ရသည့် ဘုရားသခင်၏ တည်ရှိ တော်မူခြင်း မျက်မှောက်တော်ထက် သာ၍လေးနက်သော အခြားအရာ ရှိမည်မဟုတ်ပါ။

သခင်ယေရှုသည်လည်း မုန်တိုင်းများနှင့် မစိမ်းပါ။ မာကု ၄း၃၅-၄၁ တွင် သခင်က တပည့်တော်များအား ရေအိုင်ကို ဖြတ်ကူးရန်မိန့်ကြားခဲ့ပြီး မကြာမီ မုန်တိုင်းအပြင်းအထန်ကျရောက်ခဲ့သည်။ ထိုညက မုန်တိုင်းသည်လည်း ဝါရင့်ငါးဖမ်းသမားများကို ပြင်းပြင်းထန်ထန် စစ်ကြောခဲ့သည်။ သူတို့လည်း သေရတော့မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ယေရှုသည် အိုင်ကို ငြိမ်သက်စေပြီး တပည့်တော်များအား ပို၍ နက်ရှိုင်းသော ယုံကြည်ခြင်းရှိအောင် သွန်သင်ခဲ့သည်။

ထို့အတူ ကျွန်တော်တို့မုန်တိုင်းကြားထဲရောက်နေချိန်လည်း သူ့ကို ယုံကြည်ရန် သခင်ယေရှုခေါ်ဖိတ်နေပါသည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် လေနှင့်လှိုင်းတံပိုး များကို အံ့သြဖွယ်ရာ ငြိမ်းစေပါသည်။ တစ်ခါတစ်ရံတွင်မူ အံ့ဖွယ်ကောင်းလောက်အောင် ကျွန်တော်တို့၏ နှလုံးသားများကို ငြိမ်ဝပ်စေလျက် သူ့ကိုယုံကြည်ရန် မစတော်မူသည်။ သူသည် လေလှိုင်းတို့ကို ‘‘တိတ်ဆိတ်ငြိမ်ဝပ်စွာနေ’’ ဟုမိန့်နိုင်စွမ်းသော တန်ခိုးရှိကြောင်း အချက်၌ ကျွန်တော်တို့ တည်နေရန်အတွက် သခင်တောင်းဆိုပေသည်။ ADAM HOLZ