လ - ဇွန် 2018

လောက၏အလင်း

အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ်မြို့ ကေဘယ်ကောလိပ်ဘုရားကျောင်း၌ ကျွန်မအကြိုက်ဆုံး ပန်းချီကားတစ်ချပ်ရှိသည်။ အင်္ဂလိပ်လူမျိုး ပန်းချီအကျော်အမော် ဆရာကြီး ဝီလျံ ဟိုးမင်းဟန့် ရေးဆွဲသည့် “လောက၏အလင်း’’ အမည်ရှိ ပန်းချီကားဖြစ်ပြီး သခင်ယေရှုက မီးအိမ်လေးကို ကိုင်လျက် အိမ်ရှေ့၌ တံခါးခေါက်နေပုံဖြစ်သည်။

စိတ်ဝင်စားစရာ အချက်တစ်ချက်မှာ ပန်းချီကားရှိ တံခါး၌ လက်ကိုင်တံခါးဘု မရှိခြင်းဖြစ်သည်။ တံခါးဖွင့်ရန် နည်းလမ်းမရှိ ဟုမေးမြန်းထောက်ရှုကြရာ ဆရာကြီးက သူသည် ဗျာဒိတ် ၃း၂၀ ကျမ်းပိုဒ်ကို စိတ်ကူးပုံဖော်လိုခြင်း ဖြစ်ကြောင်း ရှင်းပြသည်။ ‘‘ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်’’။

တမန်တော်ရှင်ယောဟန်၏ ရေးသားချက်နှင့် ထိုပန်းချီကားက သခင်ယေရှု၏ ကြင်နာမှုကို ဖော်ကျူးသည်။ သခင်သည် ကျွန်မတို့၏စိတ်တံခါးကို ညင်သာစွာခေါက်လျက် သူ၏ငြိမ်သက်ခြင်းကို ပေးကမ်းနေသည်။ သခင်သည် ရပ်လျက် ကျွန်မတို့၏…

မေတ္တာရုပ်ပုံများ

ကျွန်မနှင့်ကျွန်မ၏သားသမီးများ အလေ့အကျင့်အသစ်တစ်ခုကို နေ့စဉ် စတင် လုပ်ဆောင် ခဲ့ပါသည်။ ညစဉ်အိပ်ရာဝင်ချိန်၌ ရောင်စုံခဲတံများကို စုထားပြီး ဖယောင်းတိုင် တစ်တိုင်ထွန်းသည်။ မိမိအသက်တာ၌ ဘုရားသခင် အလင်းပေးပါမည့်အကြောင်း ဆုတောင်းလျက် ‘‘မည်သည့်အချိန်၌ မေတ္တာပြခဲ့သနည်း’’ ၊ ‘‘မည်သည့်အချိန်၌ မေတ္တာ မပြဘဲနေခဲ့သနည်း” ဟူသည့် မေးခွန်းနှစ်ခု၏အဖြေကို မိမိ၏စာအုပ်ထဲ၌ အဖြေရေးရန် (သို့) ပုံဆွဲပြရန် ဖြစ်သည်။

ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်ခြင်းသည် အစ ကတည်းကပင် ခရစ်ယာန်အသက်တာ၏အရေးကြီးသော အစိတ်အပိုင်းဖြစ်သည် (၂ ယော ၁း၅)။ ရှင်ယောဟန်က သူ၏ ဒုတိယသြဝါဒစာစောင်၌ ယုံကြည်သူအသင်းသားများထံ စာရေးပြီး ဘုရားသခင်ကို နာခံသောအားဖြင့် အချင်းချင်း ချစ်ကြရန် ပန်ကြားခဲ့သည် (၂ ယော ၁း၅-၆)။ ချစ်ခြင်း မေတ္တာသည် ရှင်ယောဟန်နှစ်သက်သည့် အကြောင်းအရာ ခေါင်းစဉ်တစ်ခုဖြစ်ပြီး၊ မေတ္တာစစ် မေတ္တာမှန်ကို ကျင့်သုံး လေ့ကျက်ခြင်းဖြင့် မိမိသည်…

အမှိုက်ပုံးထဲမှ ရွှေလက်စွပ်

ကောလိပ်ကျောင်းတက်စဉ်က တစ်မနက်တွင် အိပ်ယာမှ နိုးထလာစဉ် ကျွန်မ၏ အခန်းဖော် ကယ်ရယ် အား ထိတ်ပြာနေသည့်ပုံစံဖြင့် တွေ့လိုက်ရသည်။ သူ၏လက်စွပ် ပျောက်သွားခြင်းကြောင့်ဖြစ်သည်။ ကျွန်မတို့ နေရာအနှံ လိုက်ရှာသည်။ နောက်တစ်နေ့ တွင် အမှိုက်ပုံးကို ဖွ၍ရှာသည်။

အမှိုက်ထုပ်တစ်ထုပ်ကို ကျွန်မဆွဲဖြဲရင်း ‘‘ဒီလက်စွပ် ကို နင်မတွေ့တွေ့အောင်ရှာဖို့ ဆုံးဖြတ်ထားတယ်ပေါ့’’ ဟု ပြောရာ သူက ‘‘ငါ ဒီဒေါ်လာနှစ်ရာတန် လက်စွပ်ကို လုံးဝအဆုံးရှုံးမခံနိုင်ဘူး’’ သူက ပြန်ပြောပါသည်။

ကယ်ရယ်၏ စိတ်ပိုင်းဖြတ်ချက်ကို ကြည့်ပြီး သခင်ယေရှုမိန့်ကြားသည့် ကောင်းကင်နိုင်ငံ ပုံဥပမာတော်ကို သတိရမိသည်။ ‘‘ကောင်းကင်နိုင်ငံတော်သည် လယ်၌ ဝှက်ထားသော ဘဏ္ဍာနှင့်တူ၏။ ထိုဘဏ္ဍာကို တွေ့သော သူသည် တစ်ဖန် ဖုံးအုပ်၍ ဝမ်းမြောက်သောစိတ်နှင့် သွားပြီး လျှင် ရတတ်သမျှကိုရောင်း၍ ထိုလယ်ကို ဝယ်တတ်၏’’ (မ ၁၃း၄၄)။ လောက၌ အချို့ကိစ္စများသည်…

ဆရာကြီး အဂျစ်သ် ဖါနန်ဒို (Dr. Ajith Fernando)

ဆရာကြီး အဂျစ်သ် ဖါနန်ဒိုသည် သီရိလင်္ကာနိုင်ငံ၏ ခရစ်တော်အတွက်လူငယ်လုပ်ငန်း၏ တာဝန်ခံအဖြစ် ၃၅ နှစ် ထမ်းဆောင်ခဲ့ပြီးနောက် နှုတ်ကပတ်တော် သင်ကြားခြင်းတာဝန်ခံအဖြစ် ဆက်လက်အစေခံခဲ့သည်။ လတ်တလောတွင် ဆရာကြီးသည် အကြံပေးဆွေးနွေးခြင်း၊ ၀န်ထမ်းများနှင့် စေတနာဝန်ထမ်းများကို နှုတ်ကပတ်တော်သွန်သင်ပေးခြင်းနှင့် လမ်းပြပဲ့ပြင်ခြင်းအမှုတော်ကို အဓိက တာဝန်ယူပေးသည်။ သူ၏ဇနီးသည် နယ်လွန်းနှင့်အတူ ကိုလံဘိုမြို့ပြင်ဘက်ခြမ်းရှိ မက်သဒစ်အသင်းတော်၌ တက်ကြွစွာ ပါဝင်လျက်ရှိပြီး အသင်းသားအများစုသည် ယုံကြည်သူလူသစ်များဖြစ်သည်။ ဆရာကြီးသည် မြို့ပြရှိဆင်းရဲသောလူတန်းစားများကြားတွင် အထူးသဖြင့် အစေခံခဲ့ပြီး ယနေ့တွင်လည်း ထိုအမှုတော်ကို ဆက်လက် ထမ်းဆောင်နေပါသည်။

ဆရာကြီးသည် သီရိလင်္ကာနိုင်ငံတစ်ဝန်းရှိ ကျမ်းစာကျောင်းများနှင့် အစည်းအဝေးကွန်ဖရင့်များတွင် နှုတ်ကပတ်တော် သင်ကြားပို့ချခြင်း၊ ခရစ်ယာန်ခေါင်းဆောင်များနှင့် ခရစ်ယာန်လုပ်သားများအား အကြံပေးဆွေးနွေးခြင်း၊ လမ်းပြပဲ့ပြင်ခြင်း အမှုတော်ကို ကျယ်ပြန့်စွာ ထမ်းဆောင်နေပါသည်။ ကိုလံဘိုဓမ္မတက္ကသိုလ်တွင်လည်း သင်ကြားပို့ချရန် မကြာခဏ ခေါ်ဖိတ်ခံရသည့် ဓမ္မကထိကတစ်ဦးလည်းဖြစ်ပါသည်။

ဆရာကြီးသည် ဆုရစာရေးဆရာတစ်ဦးလည်းဖြစ်သည်။ သူရေးသားသည့်စာအုပ် ၁၆ အုပ် အတွက်…

လွတ်မြောက်စေပြီ

ဂျော်နသန်သည် မွေးရာပါ အာရုံကြောချို့ယွင်းသည့်ရောဂါဖြင့် မွေးဖွားလာပြီး သူနှင့် စကားမပြောနိုင်၊ ဆက်သွယ်မှုပြု၍လည်းမရပါ။ သို့သော် သူ့မိခင် ချန်တယ် ဘရိုင်ယန်က အရှုံးမပေးပါ။ ထိုကလေးကို ပြုစုလျက် ၁၀ နှစ်အရွယ်ရောက်လေသော် စာလုံးရေးထားသည့် ဘုတ်ပြားဖြင့်၊ သားနှင့်မျက်လုံးဖြင့် ဆက်သွယ်ရန် နည်းလမ်း ရှာကြံခဲ့သည်။ ထိုအားထုတ်မှု အောင်မြင်ခဲ့ပြီးသည့်နောက် တွင် မိခင်က ‘‘သူ့ကို ပိတ်ထားတဲ့အရာပွင့်သွားပြီ၊ ခုတော့ သူ့ကို ဘာမဆို မေးလို့ရတယ်။ ဆက်သွယ်လို့ရတယ်’’ ဟု ဆိုသည်။ ယခုတွင် ဂျော်နသန်လေးသည် မျက်လုံးဖြင့် ဆက်သွယ်ကာ စာရေးစာဖတ်လုပ်နိုင်ပြီဖြစ်သည်။ သူက ကဗျာပင် ရေးစပ်လိုက်သေးသည်။ ‘‘မိသားစု၊ မိတ်ဆွေများနှင့် စကားပြောရတာ ဘယ်လိုနေလဲ’’ ဟု သူ့ကိုမေးရာ သူက ‘‘သူတို့ကို ချစ်ကြောင်းပြောရလို့ အံ့မခန်း ခံစားရပါတယ်’’ ဟု ဖြေသည်။

ဂျော်နသန်၏အကြောင်းက စိတ်ကို တို့ထိခံစားရစေပြီး ဘုရားသခင်သည်…