ကျွန်မယောက်မနှင့် မလှမ်းမကမ်းတွင် နေထိုင်ရန်အတွက် စီတဲလ်မြို့သို့ ကျွန်မတို့ ဇနီးမောင်နှံ ရွှေ့ပြောင်းခဲ့ချိန်က မည်သည့်နေရာတွင် မည်သို့နေထိုင်လုပ်ကိုင်စားသောက်ရမည်ကို မသိခဲ့ပါ။ ထိုနယ်မြေရှိ ဒေသခံအသင်းတော်တစ်ခုမှ အိပ်ခန်းများစွာပါသော အငှားချနိုင်သော အိမ်တစ်လုံး ရှာပေးခြင်းဖြင့် ကျွန်မတို့ကို ကူညီပေးခဲ့သည်။ ကျွန်မတို့က အခန်းတစ်ခန်းတွင်နေပြီး ကျန်အခန်းများကို နိုင်ငံအရပ်ရပ်မှ ကျောင်းလာတက်သည့် ကျောင်းသားများကို အငှားချသည်။ နောက်သုံးနှစ်ထိတိုင် ကမ္ဘာ့နိုင်ငံအသီးသီးမှလာသူများနှင့်
အတူ နေထိုင်စားသောက်ကာ လူစိမ်းများကို ကြိုဆိုလက်ခံ သော လူစိမ်းများ ဖြစ်လာသည်။ ကျွန်မတို့နှင့်အတူ နေထိုင်သူ များနှင့် ကျွန်မတို့လည်း သောကြာနေ့ညတိုင်း နိုင်ငံတကာမှ ကျောင်းသားများကို ကြိုဆိုလက်ခံကာ ကျမ်းစာလေ့လာကြသည်။

အိမ်နှင့်ဝေးကွာပြီး နေထိုင်ရသည့် ခံစားချက်ကို ဘုရားလူများ သိနားလည်သည်။ နှစ်ပေါင်းရာချီပြီး အဲဂုတ္တုပြည်တွင် ကျွန်အဖြစ်နှင့် တစ်ကျွန်းတစ်နိုင်ငံသားများ ဖြစ်ခဲ့ကြသည်။ ဝတ်ပြုရာကျမ်း ၁၉ တွင် မိဘကို ရိုသေ ရမည်၊ သူ့ဥစ္စာကို မခိုးရ (း၃၊ ၁၁)၊ စသည့်ပညတ်ချက်များနှင့်အတူ တစ်ပါးအမျိုးသား ဧည့်သည်များကို စာနာရန် ဘုရားသခင် သတိပေးထားသည်။ အဘယ်ကြောင့်ဆိုသော် ကြောက်ရွံ့ စိတ်နှင့်နေရသည့် တစ်ကျွန်းတစ်နိုင်ငံသားဘဝကို သူတို့နားလည်သည်မဟုတ်ပါလား (း၃၃-၃၄)။

ယနေ့ယုံကြည်သူတိုင်းသည် တိုင်းတစ်ပါး၌ တကယ်ရှိနေကြမည်မဟုတ်ပါ။ သို့သော် ကောင်းကင်နိုင်ငံတော်သားအဖြစ် ခံယူထားသူများအတွက် ဤလောကတွင် နိုင်ငံခြားသားအဖြစ်ရှိနေခြင်းကို နားလည်သဘောပေါက်ကြမည်ဖြစ်သည် (၁ ပေ ၂း၁၁)။
ဘုရားသခင်၏မိသားစုထဲသို့ သူစိမ်းများကို ကြိုဆိုသောသူစိမ်းများအဖြစ် ဧည့်ဝတ် ပျူငှာသောအသိုင်းအဝိုင်းကို ဖန်တီးရန် ခေါ်ယူစေစားခံရသူများဖြစ်ကြသည်။ စီတဲလ်မြို့တွင် ကျွန်မတို့ဇနီးမောင်နှံ ရရှိခဲ့သော နွေးထွေးပျူငှာသော ကြိုဆိုမှုက အခြား သူများကို တိုးချဲ့လက်ခံကြိုဆိုရန် သင်ခန်းစာရခဲ့သည်။ ၎င်းသည် ဘုရားသခင်၏ မိသားစုဝင် ဖြစ်ခြင်း၏မဏ္ဍိုင်ဖြစ်သည်။ AMY PETERSON