လ - ဩဂုတ် 2018

မစမှုအတွက် ဟစ်ခေါ်ခြင်း

၂၀၁၆ ခုနှစ်၌ ဓာတ်လှေခါး မတော်တဆမှုများကြောင့် လူ ၅ ဦး သေဆုံးပြီး ၅၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ထိုကြောင့် အရေးပေါ်အခြေအနေတွင် လူတို့ ငြိမ်သက်လုံခြုံစွာ ရှိနေရေး လူထုကို ပညာပေးရန် အသိပေးဟောပြောပွဲများကို နယူးယော့မြို့တော်၌ ကျင်းပခဲ့သည်။ တစ်စုံတစ်ရာမှားယွင်းလျှင် မိမိကိုယ်ကိုကယ်ရန် ကြိုးစားသူတို့မှာ အဆိုးဆုံး ပြဿနာကို ဖြစ်စေသည်။ အကောင်းဆုံး လုပ်ဆောင်ရန်မှာ ‘‘ခေါင်းလောင်း ခလုတ်နှိပ်ပါ၊ ငြိမ်ဝပ်စွာ ရှိနေပြီး စောင့်ဆိုင်းပါ’’ ဟု အာဏာပိုင်များက ရိုးရှင်းသော အကြံကို ပြောပြသည်။ နယူးယော့မြို့၏ အဆောက်အအုံ ဆိုင်ရာ အာဏာပိုင်များက လူထုကို ထိခိုက်ဒဏ်ရာရမှုမှ ကာကွယ်ရန်နှင့် အကြပ်အတည်းပြဿနာမှ ကယ်ထုတ်နိုင် အောင် ချက်ခြင်းအရေးယူဆောင်ရွက်မည်ဟုလည်း ကတိပြု ပြောကြားခဲ့သည်။
တမန်တော်ဝတ္ထုတွင် ရှင်ပေတရုသည် မိမိကိုယ်ကို ကယ်တင်ရန်ကြိုးစားသည့် အမှားအကြောင်းကို ဟောကြားခဲ့သည်။

တမန်တော်ဝတ္ထုကို ရေးသားသူ…

ကျောက်၌ တည်သောအိမ်

ကျွန်ုပ်၏မိတ်ဆွေများသည် ၎င်းတို့၏အိမ်၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပြီးနောက် ဧည့်ခန်းမှာ နိမ့်ကျသွားပြီး နံရံ၌လည်း အက်ကြောင်းများပေါ်လာကာ ပြတင်းပေါက် တစ်ခုဆိုလျှင် ဖွင့်မရတော့ပါ။ ထိုဧည့်ခန်းအပိုင်းကို အုတ်မြစ် မပါဘဲ အဖီဆွဲတိုးချဲ့ ခဲ့ခြင်း ဖြစ်ကြောင်း သိခဲ့ရသည်။ ဈေးပေါပေါနှင့် လုပ်ခဲ့သည့်လက်ရာကို ပြန်ပြင်ရန် အုတ်မြစ်အသစ် ပြန်ချရမည်ဖြစ်သောကြောင့် အချိန်ကြာ မည် ဖြစ်သည်။

အိမ်ပြင်သည့်ကိစ္စပြီးစီးသည့်နောက် သူတို့ထံ ကျွန်ုပ် သွားရောက်လည်ပတ်ရာ အက်ကြောင်းများ မရှိတော့ပါ။ ပြတင်းပေါက်လည်း ဖွင့်၍ရပြီဖြစ်သော်လည်း ပြောင်းလဲမှု များများစားစား မတွေ့ရပါ။ သို့သော် ကျွန်ုပ်နားလည်လိုက်သည်မှာ ခိုင်မာသောအုတ်မြစ်သည် အဓိကကျကြောင်း တည်း။

ဤအချက်က ကျွန်ုပ်တို့ဘဝအသက်တာအတွက် လည်း မှန်ကန်သည်။

သခင်ယေရှုက သူ့စကားကို နာယူမှုမရှိသည့် မိုက်မဲမှုကို ဖော်ပြရန် ပညာရှိနှင့် မိုက်မဲသည့် အိမ်ဆောက်သူနှစ်ဦး အကြောင်း ဥပမာကို မိန့်ကြားသည် (လု ၆း၄၆-၄၉)။ စကားတော်ကိုကြားပြီး…

ကျွန်မကို ချစ်တယ်လား

ဆယ်ကျော်သက်လူငယ်အနေဖြင့် အမေ၏အမိန့်အာဏာကို ဆန့်ကျင်ပုန်ကန်သည့် ကာလကို ကျွန်မဖြတ်သန်းခဲ့ရသည်။ ကျွန်မအရွယ်မရောက်မီ အဖေဆုံးသွားသဖြင့် အမေသည် အဖေ့အကူအညီမပါဘဲ သားသမီးကို ပျိုးထောင်ခြင်းရေစီးကြောင်းကို တစ်ဦးတည်း ပဲ့ကိုင်ထိန်းကျောင်းခဲ့ရသည်။

အမေက များသောအားဖြင့် ကျွန်မလုပ်လိုသည့် အရာကို တားဆီး၊ အခွင့်မပေးသောကြောင့် အမေသည် ကျွန်မ၏ ပျော်ရွှင်မှုကို မလိုလား၊ ကျွန်မကို မချစ်ဟု ကျွန်မ တွေးမိခဲ့ခြင်းကို ပြန်ပြောင်းသတိရမိပါသေးသည်။ ကျွန်မ အတွက် အကျိုးမရှိသည့် ကိစ္စများကို အမေတားဆီးခွင့်မပြု ခဲ့ခြင်းသည် စင်စစ် ကျွန်မကို တကယ်ချစ်ခြင်းကြောင့်ဟု ယခု ကျွန်မနားလည်သိမြင်ခဲ့ပါပြီ။

ဗာဗုလုန်၌ ကျွန်ခံရသည့် ကာလများကြောင့် ဘုရားသခင် ၎င်းတို့ကို မည်သို့ ချစ်သနည်းဟု ဣသရေလလူတို့ မေးမြန်းခဲ့သည်။ စင်စစ် ဗာဗုလုန်ကျွန်ဘဝသည် ၎င်းတို့ဘုရားသခင်ကို မပြတ်အာခံမှုကြောင့် ဘုရားက ၎င်းတို့ကို ဆုံးမနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ပရောဖက် မာလခိကို…

ကိုးစားတတ်ရန် သင်ယူခြင်း

ကျွန်တော် ဆယ်ကျော်သက်အရွယ်က ယုံကြည်ခြင်းစိတ်ရှိရန် အမေက အားပေးလျှင် တစ်ခါတစ်ရံ အမေ့ကို ကျွန်တော် ပြန်စိန်ခေါ်ခဲ့သည်။ ‘‘ဘုရားသခင်ကို ယုံကြည်ကိုးစားပါ။ ကိုယ်တော် စောင့်ထိန်းတော်မူမည်’’ ဟု အမေကဆိုလျှင် ‘‘အဲဒီလောက် မရိုးရှင်းဘူးနော် အမေ၊ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်တဲ့သူကိုပဲ ဘုရားက မစမှာ’’ ဟု ကျွန်တော် ပြန်ခံပက်လေ့ရှိသည်။

သို့သော် ထိုအချက်ကို ကျမ်းစာ၏မည်သည့်နေရာ၌မျှ မတွေ့ရပါ။ ကျွန်တော်တို့၏ နေ့စဉ်လိုအပ်ချက်များအတွက် ဘုရားသခင်၌ အမှီပြုရန်သာ နှုတ်ကပတ်တော်မှ သွန်သင် ထားသည်။ ‘‘မိုးကောင်းကင်၌ ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက် မကြဲ။ စပါးကို မရိတ်၊ ကျီ၌ မစုမသွင်း၊ သို့သော်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန် မြတ်သည် မဟုတ်လော။ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့်…

မပြတ်ကိုးကွယ်

ပညာရေးဆိုင်ရာ စိတ်ပညာရှင် ဘင်ဂျမင်း ဘလွန်းမ် သည် ငယ်ရွယ်သူများ၌ ၎င်းတို့၏စွမ်းရည်ကို မည်သို့တိုးတက်ပြောင်းလဲစေရမည်ကို သုတေသနပြုခဲ့ရာ၌ အတော်ဆုံးသော အားကစားသမား၊ ဂီတ/ပန်းချီအနုပညာရှင်၊ စာပေပညာရှင် စသည်ဖြင့် လူ ၁၂၀ တို့၏ငယ်ဘဝကို စစ်ကြောလေ့လာခဲ့သည်။ ၎င်းတို့၏ တူညီသည့် အချက်တစ်ချက်ကို သူတွေ့ရှိခဲ့သည်။ ၎င်းမှာ အချိန် နာရီပေါင်းများစွာ အပြင်းအထန် လေ့ကျင့်ခဲ့ကြခြင်း ဖြစ်သည်။

ဘလွန်းမ်၏ သုတေသနပြုချက်က အသက်တာ၏ မည်သည့်ကဏ္ဍ၌မဆို တိုးတက်မှုရှိရန်မှာ စည်းကမ်း ကြပ်မတ် လေ့ကျင့်မှု လိုအပ်ကြောင်းအချက်ကို အဆိုပြုထောက်ပြ နေသည်။ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းရာ၌လည်း ပုံမှန်ကိုယ်တော်နှင့်အတူ အချိန်ယူ မိတ်သဟာယဖွဲ့ခြင်း ဟူသည့် ဝိညာဉ်ရေးကို ကြပ်မတ်လေ့ကျင့်ပျိုးထောင်ခြင်းသည် ဘုရားသခင်ကို တိုး၍ကိုးစားတတ်အောင် လေ့ကျင့်ပေးသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

ဘုရားသခင်နှင့် စည်းကမ်းနာခံမှုရှိစွာ လိုက်လျှောက်သူအဖြစ် ဦးစားပေး သတ်မှတ်ခံရသူ ဒံယေလ၏အသက်တာက စံပြဖြစ်သည်။ ငယ်ရွယ်နုပျိုသည့်…