ရှင်ယောဟန်သည် သူ့မိတ်ဆွေဂါယုအတွက် လုပ်ဆောင်ပေးသည့်အရာသည် နှစ်ဆယ့်တစ်ရာစုတွင် ပျောက်ဆုံးလုနီးဖြစ်နေသည့် အနုပညာတစ်ခုဖြစ်သည်။ သူ့မိတ်ဆွေထံ စာရေးလိုက်ခြင်း ဖြစ်ပါသည်။

New York Times သတင်းစာ၏ ဆောင်းပါးရေးသူတစ်ဦးဖြစ်သည့် Catherine Field က စာရေးသားခြင်းသည် ရှေးအကျဆုံး အနုပညာ တစ်ခုဖြစ်သည်။ စာဟုဆိုလျှင် တာရှုမြို့သား ပေါလုကို ပြေးမြင်မိသည်ဟု ပြောခဲ့သည်။ ယခု တမန်တော် ယောဟန် ကိုလည်း ထပ်ပေါင်းထည့်ရမည်ဖြစ်သည်။

ဂါယုထံ ရေးသားသောစာတွင် တမန်တော် ရှင်ယောဟန်က ဂါယုကို ကိုယ်စိတ်နှစ်ပါး ကျန်းမာမည်ဟု မျှော်လင့်ကြောင်း၊ သူ၏သစ္စာရှိမှုအတွက် အားပေးခဲ့ပြီး၊ အသင်းတော်ကို သူချစ်မြတ်နိုးခြင်းအကြောင်းကိုပါ ထည့်ရေး ခဲ့သည်။ ထို့ပြင် အသင်းတော်တွင်း ဖြစ်နေသည့် ပြဿနာကို ပြောပြီး သူရောက်လာမှ တစ်ယောက်ချင်းစီနှင့်ရှင်းမည်ဟု ကတိပေးသည်။ ကောင်းမှုများ
ပြုလုပ်ခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အကြောင်းကိုလည်း ထည့်သွင်းရေးသားခဲ့သည်။ အချုပ်အားဖြင့် ဤစာသည် ဂါယုအတွက် အားပေးစာနှင့် စိန်ခေါ်နေသည့်စာစောင်ဖြစ်သည်။

မျက်မှောက်ခေတ် ဒီဂျစ်တယ်ဆက်သွယ်မှုစနစ်ကြောင့် စာရေးသား ဆက်သွယ်ခြင်းစနစ် မှေးမှိန်သွားသည့် အဓိပ္ပာယ်ဆောင်နိုင်သော်လည်း ဤအချက် ကြောင့် ကျွန်ုပ်တို့ တစ်ယောက်ကိုတစ်ယောက် အားပေးနေခြင်းအမှုကို အဟန့်အတား မဖြစ်သင့်ပါ။ ပေါလုက အားပေးတိုက်တွန်းစာများကို စာလိပ်ဖြင့် ရေးသားခဲ့သည်။ ကျွန်ုပ်တို့လည်း နည်းအသွယ်သွယ်ဖြင့် တစ်ယောက်ကိုတစ်ယောက် အားပေးနိုင်ပါသည်။ သို့သော် အားပေးသည့်နည်းလမ်းက အဓိက မဟုတ်ပါ။ အဓိကမှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏နာမတော်အားဖြင့် မိတ်ဆွေများကို ဂရုစိုက်ကြောင်း သူတို့ကို သိစေရန် ဖြစ်သည်။

ရှင်ယောဟန်ရေးလိုက်သောစာကို ဂါယုဖတ်ရှုစဉ် သူမည်သည့်ခွန်အား ရရှိသည်ကို တွေးကြည့်ပါ။ ကျွန်ုပ်တို့လည်း မိမိ၏ သူငယ်ချင်းများထံ စာလေးတစ်ကြောင်း၊ ဖုန်းတစ်ချက်ဆက်ခြင်းဖြင့် သခင်၏မေတ္တာတော်ကို မဖော်ပြချင်ဘူးလား။ DAVE BRANON