လ - အောက်တိုဘာ 2018

အမှောင်ထဲမှ မျှော်လင့်ခြင်း

ဒဏ္ဍာရီများအရ Qu Yuan သည် ဘီစီ ၄၇၅-၂၄၆ စစ်မက်ဖြစ်ပွားသည့် ခေတ်ကာလ၌ ပေါ်ထွန်းခဲ့သည့် အမြော်အမြင်နှင့်ပြည့်စုံပြီး မျိုးချစ်စိတ်ထက်သန်သည့် တရုတ်ပြည်၏ အုပ်ချုပ်ရေးအမတ်ကြီးတစ်ဦးဖြစ်သည်။ သူသည် တိုင်းပြည်ဖျက်ဆီးချေမှုန်းခံရမည့် ခြိမ်းခြောက်မှုကို ဘုရင်ကြီးအား ထပ်တလဲလဲ သတိပေးခဲ့သော်လည်း ဘုရင်ကြီးက သူ့အကြံပေးမှုကို ငြင်းပယ်ခဲ့သည်။ နောက်ဆုံး သူသည် ပြည်နှင်ဒဏ်ပေးခံရပြီး သူသတိပေးခဲ့သည့် ရန်သူများ လက်ချက်ဖြင့် သူချစ်သောတိုင်းပြည် ကျဆုံးပြီဟု သိရချိန် တွင် သူ့ကိုယ်သူ အဆုံးစီရင်လိုက်တော့သည်။

Qu Yuan ၏ အသက်တာက ပရောဖက်ယေရမိ၏ အသက်တာတစ်စိတ်တစ်ပိုင်းနှင့် ဆင်တူသည်။ ယေရမိ သည်လည်း သူဆုံးမသတိပေးချက်ကို မထီမဲ့မြင်ပြုသည့် ဘုရင်ကို ခစားရသူဖြစ်ပြီး သူ၏တိုင်းပြည်လည်း ပျက်စီးခြင်းသို့ ရောက်ခဲ့ရသည်။ သို့သော် Qu Yuan က စိတ်ပျက်အားလျော့မှုနှင့် အရှုံးပေးသွားသော်လည်း ယေရမိက စစ်မှန်သောမျှော်လင့်ခြင်းကို တွေ့ရှိခဲ့သည်။ အဘယ်ကြောင့်…

လွတ်လပ်စွာ ကွဲပြားခြင်း

ကွဲပြားသော သမ္မာကျမ်းစာအနက်ဖွင့်မှု အမျိုးမျိုးကို ဆွေးနွေးငြင်းခုံ၍ မကုန်မဆုံးနိုင်။ ထိုဆွေးနွေးမှုမှ ရှောင်လွှဲဖယ်ခွာရန် အဘယ်မျှ ခက်ခဲကြောင်း အဖေပြောဆိုခဲ့သည်ကို ကျွန်တော်မှတ်မိသည်။ တစ်ဖန် နှစ်ဘက်လုံးမှ လွတ်လပ်စွာကွဲပြားရန် နားလည်မှု ရသွားသောအခါ အလွန်ကောင်းကြောင်းလည်း အဖေပြောသေးသည်။

သို့သော် မည်သို့မျှ စေ့စပ်ညှိနှိုင်း၍ မရနိုင်သော ကွဲပြားမှုကို ဘေးဖယ်ထားရန်မှာ အမှန်တကယ် ဖြစ်နိုင်ပါမည်လား။ ထိုမေးခွန်း၏အဖြေကို ရှင်ပေါလုက ဓမ္မသစ်ကျမ်းရှိ ရောမသြဝါဒစာတွင် ဖြေကြားပေးခဲ့ပြီး ဖြစ်သည်။ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး ပဋိပက္ခများ ကြားတွင် ပါဝင်ပိတ်မိ နေသူများအား ကွဲကိုကွဲရမည့် အခြေအနေတွင်ပင် ဖြစ်လင့် ကစား တူညီသောအခြေခံကို ရှာဖွေရန် ရှင်ပေါလုက အကြံပြုခဲ့သည် (၁၄း၅-၆)။

ရှင်ပေါလု၏အဆိုအရ လွတ်လပ်စွာ ကွဲပြားနိုင်သည့် နည်းလမ်းမှာ မိမိ၏အတွေးအမြင်ယူဆခံယူချက်နှင့် စပ်လျဉ်း၍ သော်လည်းကောင်း၊ မိမိတို့၏မတူညီမှုများ၊ ကွဲပြားမှုများကြားတွင် ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦး မည်သို့…

ကျေးဇူးသိစိတ်မြဲမြဲခိုင်

စိတ်သွားတိုင်း ကိုယ်မပါ၊ မလှုပ်ရှားနိုင်ဘဲ၊ နှစ်လရှည်ကြာစွာ နာတာရှည်နာကျင်မှုနှင့် စိတ်ရှုတ်ထွေးမှုများကြောင့် ကျွန်မပြဿနာတက်တော့သည်။ ဘာကိုမှ စိတ်တိုင်းမကျ၊ မကျေနပ်မရောင့်ရဲနိုင်ဘဲ ကျေးဇူးကန်းလာသည်။ ခင်ပွန်း၏ပြုစုစောင့်ရှောက်မှုကို ကျွန်မ အပြစ်ရှာသည်။ အိမ်သန့်ရှင်းရေးလုပ်ပုံကို ဘဝမကျ၊ သူအချက်အပြုတ်တော်ကြောင်း ကျွန်မသိသော်လည်း ဖွယ်ဖွယ်ရာရာ မချက်ရကောင်းလားဟု မြည်တွန်သည်။ ကျွန်မ၏ငြူစူပြစ်တင်မှုများကြောင့် သူနာကျင်ရကြောင်း နောက်ဆုံး၌ သူဖွင့်ဟလာသောအခါ ကျွန်မစိတ်နာမိသည်။ ကျွန်မ ဖြစ်ပျက်ခံစားနေရသည်များကို သူလုံးဝမသိပါ။ နောက်ဆုံး ဘုရားသခင်၏မစမှုဖြင့် မိမိအမှားကို မြင်လာပြီး ခွင့်လွှတ်ရန် ခင်ပွန်းသည်နှင့် ဘုရားသခင်အပေါ် ကျွန်မဝန်ချတောင်းပန်ရသည်။

အခြားအခြေအနေတစ်ခုသို့ပြောင်းလဲရန် တောင့်တခြင်းက ငြူစူမြည်တွန်ခြင်းသို့ ဦးတည်သွားနိုင်ပြီး၊ ယိုယွင်းသော အတ္တစိတ်အခြေပြုသည့် ဆက်ဆံရေးများကို ဖြစ်ပေါ် စေနိုင်သည်။ ဣသရေလလူတို့သည် အကြပ်အတည်းနှင့် အကျွမ်းဝင်ကြသည်။ ၎င်းတို့သည် မည်သည့်အခါမှ မကျေနပ်မရောင့်ရဲ၊ ဘုရားသခင် ပြင်ဆင်ဖြည့်ဆည်းပေးမှု အပေါ် အစဉ်မြည်တွန်ညီးတွားကြသည် (ထွ ၁၇း၁-၃)။ တောအရပ်၌ သူတို့…

ကျွန်ုပ်အလို မဟုတ်၊ သခင့်အလိုပါ

ကမ်မီနှင့် ဂျိုးဝဲလ်တို့၏ ၈ နှစ်သမီးလေး ရီမာသည် ရှားပါးသွေးကင်ဆာတစ်မျိုး ခံစားနေရကြောင်း အဖြေထွက်သောအခါ သူတို့နှစ်ဦး ဆောက်တည်ရာမရဖြစ်သွားသည်။ ထိုရောဂါကြောင့် လေဖြတ်သကဲ့သို့ ဖြစ်သွားပြီး ရီမာတစ်ယောက် မလှုပ်မယှက် မျောသွားသည်။ ဆေးရုံမှ ဆေးကုသရေးအဖွဲ့က ရီမာအသက်ရှင်ခွင့် ၁ ရာခိုင်နှုန်းမျှပင် မပေးဘဲ မိဘနှစ်ပါးကို ရီမာ၏အသုဘအစီအစဉ်များ ဆောင်ရွက်ရန် အကြံပြုကြသည်။

ကမ်မီနှင့် ဂျိုးဝဲလ်တို့ အစာရှောင်ဆုတောင်းလျက် နိမိတ်လက္ခဏာတောင်းခံသည်။ ‘‘ဆုတောင်းရင်းနဲ့ ဘာဘဲဖြစ်ဖြစ် ဘုရားသခင်ကိုပဲ အားကိုးယုံကြည်ဖို့ လိုတယ်၊ ပြီးတော့ သခင်ယေရှု ဆုတောင်းသလို ကျွန်ုပ် အလိုအတိုင်း မဟုတ်ဘဲ၊ ကိုယ်တော့်အလိုအတိုင်း ဖြစ်ပါစေလို့ ဆုတောင်းတယ်’’ ဟု ကမ်မီက ပြောသည်။ ‘‘ဘုရားသခင် ရီမာကို အနာငြိမ်းပေးဖို့ကိုပဲ ကျွန်တော်တကယ်လိုချင်ခဲ့တယ်’’ ဂျိုးဝဲလ်က ရိုးသားစွာ ဝန်ခံသည်။ ‘‘ဟုတ်တယ်လေ၊ ငါတို့ အဲဒီလိုပဲ တောင်းသင့်တာပေါ့... ဒါပေမဲ့ ...…

မျှော်လင့်မထားသော ကြင်နာမှု

ကျွန်မ၏မိတ်ဆွေသည် သူဝယ်ယူထားသည့် ပစ္စည်းများအတွက် ငွေချေရန် တန်းစီ နေစဉ် သူ့ရှေ့မှလူက သူ့ဘက်လှည့်ပြီး သူကုန်ကျငွေ ၁၀ ပေါင် (၁၄ ဒေါ်လာ) အတွက် ငွေပေးချေသည့် ဘောက်ချာကို ကမ်းပေးလိုက်သည်။ အိပ်ရေးပျက်သဖြင့် မရွှင်မပျ ဖြစ်နေရာမှ ထိုသူ၏ကြင်နာသောအပြုအမူကြောင့် မျက်ရည်များ ကျလာသည်။ ပြီးမှ ငိုမိသည့်သူ့အဖြစ်ကို သူ့ဘာသာသူ ရယ်မိပြန်သည်။ မျှော်လင့်မထားသည့် ကြင်နာမှုက သူ့နှလုံးသားကို ထိတွေ့ လျက် ပင်ပန်းနွမ်းလျဖြစ်နေသည့်အချိန်တွင် သူ့အတွက် မျှော်လင့်ခြင်းကို ဖြစ်စေသည့် အခြားလူတစ်ယောက် အားဖြင့် သူ၏ကောင်းမြတ်ခြင်းကို ပြသည့် ဘုရားသခင်ကို သူကျေးဇူးတင်ချီးမွမ်းလိုက်သည်။

ဧဖက်မြို့ရှိ တစ်ပါးအမျိုးသား ခရစ်ယာန်များထံ ရှင်ပေါလုက ပေးကမ်းခြင်းအကြောင်းရေးသား ပေးပို့ခဲ့သည်။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရပြီးဖြစ်၍ အသက်တာဟောင်းကို ချန်ရစ်ပြီး အသက်တာသစ်ကို ပွေ့ပိုက်ခံယူရန် သူတို့ကို ရှင်ပေါလုနိုးဆော်သည်။ ကျွန်မတို့သည် ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းဆင်းတော်မူရာဖြစ်သဖြင့်…