သွားဆေးခန်းသို့ သွားရောက်ခဲ့စဉ်က ဘခင်မေတ္တာနှင့်ပတ်သက်ပြီး သင်ခန်းစာ ရလိမ့်မည်ဟု မည်သည့်အခါကမျှ မတွေးခဲ့ဖူးသော်လည်း၊ မထင်မှတ်ဘဲ သင်ခန်းစာ တစ်ခုရခဲ့သည်။ သားလေး၏ နှဲ့နေသည့်သွားအောက်မှ ကြီးသွားလေးပေါက်လာသဖြင့် ထိုနှဲ့နေသည့် သွားကို နုတ်ပစ်ရန် ကျွန်တော်၏ ၁၀ အရွယ် သားနှင့် သွားဆေးခန်းသို့ သွားခဲ့သည်။

သားလေးက ‘‘ဖေဖေ အခြားနည်းလမ်းမရှိဘူးလား။ ဒီသွားကို မနုတ်ချင်ဘူး’’ ဟု မျက်ရည်နှင့် သူပြောရာ ကျွန်တော် ရင်ကွဲမတတ် ခံစားရသည်။ ‘‘သားရဲ့သွားကို နုတ်မှဖြစ်မှာ၊ အခြားနည်းလမ်းမရှိဘူး သားရယ်’’ ဟုသာ ပြန်ပြောနိုင်ခဲ့သည်။ ဆရာဝန်က သူ့သွားကို နုတ်လိုက်သည့်အခါ သားလေးမှာ နာကျင်လွန်း၍ သူ့ခမျာ တုန်သွားရှာသည်။ ကျွန်တော်လည်း သူ့လက်ကလေးကို ကိုင်လျက် မျက်ရည်ဝဲခဲ့ရသည်။ သူ၏နာကျင်မှုကို ပျောက်ကင်းအောင် မလုပ်ပေးနိုင်သော်လည်း သူ့အနီး၌ အတူရှိနေခြင်းက သူ့အတွက် သက်သာရာရစေမည်ဟု ကျွန်တော် ထင်မိပါသည်။

ထိုအခိုက်အတန့်တွင် ဂေသရှေမန်ဥယျာဉ်၌ သခင် ယေရှု မျက်ရည်ကျလျက် ဘုရားသခင်ထံ ဆုတောင်းခဲ့ခြင်းကို သတိရမိသည်။ သားဖြစ်သူ၏ပူပန်သောကကို မြင်တွေ့ရ သည့် ဖခင်အနေဖြင့် ဘုရားသခင်သည် အဘယ်မျှလောက် ရင်ထဲကြေကွဲနေခဲ့လိမ့် မည်နည်း။ သို့သော် လောကီသားများကို ကယ်တင်ရန်မှာ ဤတစ်နည်းသာ ရှိပါသည်။

ကျွန်တော်တို့၏ နေ့စဉ်အသက်တာ၌လည်း ကျွန်တော့်သားကဲ့သို့ပင် နာကျင်မှု ဝေဒနာများကို တွေ့ကြုံခံစားရမည်ဖြစ်သည်။ သို့သော်လည်း ဝိညာဉ်တော်အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏အမှောင်မိုက်ဆုံးအချိန်မှာပင်လျှင် ကျွန်တော်တို့နှင့်အတူ အမြဲရှိနေပါသည် (မ ၂၈း၂၀)။ ADAM HOLZ