လ - ဒီဇင်ဘာ 2018

သတင်းတမန်

အစည်းအဝေးလာတက်သော အမျိုးသမီးတစ်ဦးက စာရွက်အချို့ကို လှမ်းပေးရင်း ‘‘ရှင့်အတွက် သတင်းတစ်ခုရှိတယ်’ဟု ပြောသည်။ ထိတ်လန့်ရမည်လား။ စိတ်လှုပ်ရှား ရမည်လား ဟု ကျွန်မတွေးမိသည်။ သို့သော် ဖွင့်ဖတ်လိုက်သောအခါ ‘‘ရှင် တူလေး တစ်ယောက်ရပြီ’’ ဟု ရေးသားထားသဖြင့် ကျွန်မဝမ်းမြောက်နိုင်ပါပြီ။

သတင်းဆိုသည်မှာ အကောင်းဖြစ်နိုင်သလို အဆိုးလည်း ဖြစ်နိုင်ပြီး စိန်ခေါ်သော စကားများလည်း ပါဝင် နိုင်သည်။ ဓမ္မဟောင်းတွင် ဘုရားသခင်၏ မျှော်လင့်ခြင်းနှင့် တရားစီရင်ခြင်းများ ပါဝင်သော သတင်းများပေးပို့ရန် သူ၏ ပရောဖက်များကို အသုံးပြုခဲ့သည်။ သို့သော် သေချာစွာ ကြည့်လျှင် ကိုယ်တော်၏တရားစီရင်သောစကားများက နောင်တရရန်၊ ကုစားရန်နှင့် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ကြောင်း တွေ့ရသည်။

မာလခိ ၃ တွင် သတင်းနှစ်မျိုးလုံးကို တွေ့ရပြီး သူ၏လမ်းကို ပြင်ဆင်ရန်အတွက် သတင်းတမန်တစ်ဦးကို စေလွှတ်မည်ဟု ဘုရားသခင် ကတိပေးထားသည်။ နှစ်ခြင်းဆရာ ယောဟန်သည် ဘုရားသခင်၏ကတိတော်များကို…

အရာအားလုံးအသစ်

ကားအမှိုက်ပုံဝင်းက ကျွန်တော့်ကို ဆွဲဆောင်သည်။ ကားအဟောင်းများနှင့် အလုပ်ရှုပ် ရသည်ကို ကျွန်တော်နှစ်သက်ပြီး အိမ်အနီးနားရှိ ကားအမှိုက်ပုံသို့ မကြာခဏ သွားရောက် လည်ပတ်လေ့ရှိသည်။ ဝင်းက တိတ်ဆိတ်သည်။ တစ်ချိန်က တန်ဖိုးထား ပိုင်ဆိုင်ခြင်းခံရပြီး ယခုစွန့်ပစ်ခံရသော ကားအဟောင်းများကြားတွင် လေပြေညင်းကဖြည်းညင်းစွာ တိုက်ခတ်လျက်ရှိသည်။ ကားဟောင်း ကားပျက် အမျိုးစုံစွာရှိပြီး အချို့က အသုံးဝင်သည်ထက် ပို၍ အသုံးပြုခြင်း ခံခဲ့ရသည်။ ကားအဟောင်း များကြား၌ ဖြတ်လျှောက်သွားရင်း ကျွန်တော့်အာရုံက ကားတစ်စီး၌ ကျရောက်လေ့ရှိပြီး ၎င်း၏သက်တမ်းအတွင်းက စွန့်စားခန်းများအကြောင်းကို ကျွန်တော်တို့ စဉ်းစားမိသည်။ ကားအသီးသီး၌ ဇာတ်လမ်းတစ်ခုစီရှိသည်။ နောက်ဆုံးပေါ် မော်ဒယ်ကို လူတို့ ငမ်းငမ်းတက်လိုချင်ခဲ့ကြပြီး မလွန်ဆန် နိုင်သော အချိန်၏တိုက်စားမှုကြောင့် နောက်ဆုံး ထိုကားကို စွန့်ပစ်ကြသည်ပင်။

ကားအစိတ်အပိုင်းဟောင်းတစ်ခုကို အသက်သွင်း ရခြင်းကို ကျွန်တော် နှစ်သက် ဂုဏ်ယူမိသည်။ စွန့်ပစ်ထားသော အစိတ်အပိုင်းတစ်ခုကို ယူ၍…

ဘုရားသခင်က နိုးဟု ပြောသောအခါ

စင်္ကာပူလူငယ်များအားလုံးနည်းတူ အသက် ၁၈ နှစ်တွင် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်မှုထမ်းရသောအခါ စာရေး (သို့) ယာဉ်မောင်းကဲ့သို့သော သက်တောင့်သက်သာ ရာထူးမျိုးရရန် ကျွန်တော်ပြင်းပြင်းထန်ထန် ဆုတောင်းခဲ့သည်။ ကျွန်တော်က ခန္ဓာပိုင်း ကြံ့ခိုင်မှုမရှိသဖြင့် တိုက်ခိုက်ရေးသင်တန်း၏ပင်ပန်းဆင်းရဲမှုဒဏ်မှလွတ်ရန် ကျွန်ုပ် မျှော်လင့်ခဲ့သည်။ သို့သော် တစ်ညနေတွင် ကျမ်းစာဖတ်စဉ် ကျမ်းပိုဒ်တစ်ပိုဒ် ပေါ်လာသည်။ ‘‘ငါ့ကျေးဇူးသည် သင့်အဖို့ လောက်ပေ၏...’’ (၂ ကော ၁၂း၉)။

ကျွန်တော် စိတ်သက်သာရာရခဲ့သည်။ ကျွန်တော့် ဆုတောင်းကို ဘုရားရှင်အဖြေပေးပြီ။ ကြီးလေးသောတာဝန် ပေးအပ်ခံရလျှင်ပင် ကိုယ်တော်ကျွန်ုပ်နှင့်အတူရှိသည်။

သို့နှင့် သံချပ်ကာတပ်ရင်းတွင် ခြေလျင်တပ်သား အဖြစ် စိတ်မပါသော တာဝန်များကို ထမ်းဆောင်ရင်း လုပ်ငန်း တာဝန် ပြီးဆုံးခဲ့သည်။ ယခုပြန်လည်ဆင်ခြင်မှ ကျွန်တော်လိုချင်သော အရာကို ဘုရားသခင် မပေးခဲ့ခြင်းအတွက် ကျေးဇူးတင်မိသည်။ သင်တန်းမှ လေ့ကျင့် သင်ကြားမှုနှင့် အတွေ့အကြုံများက ကျွန်တော့်အား…

ကောင်းသော ဖယ်ရှားရာနေ့

၂၀၀၆ ခုနှစ်မှစ၍ လူတစ်စုသည် နှစ်သစ်ကူးချိန်၌ လုပ်ရိုးလုပ်စဉ်မဟုတ်သောပွဲကို ကျင်းပကြသည်။ ၎င်းကို ‘‘ကောင်းသောဖယ်ရှားရာနေ့’’ ဟု ခေါ်သည်။ လက်တင် အမေရိက ယဉ်ကျေးမှုကို အခြေခံလျက် လူတစ်ဦးချင်းသည် မကောင်းသော၊ စိတ်ကသိကအောင့် ဖြစ်သော ဆိုးရွားသည့်နှစ်ဟောင်းမှ အဖြစ်အပျက်များကို စာရွက်ပေါ်တွင် ချရေးပြီး စက္ကူဖျက်စက်ဖြင့် ပျက်စီးကြသည်။ အချို့က ဆယ်ပေါင် တူကြီးဖြင့် ရေးသားထားသော အကြောင်းအရာများကို ထုနှက်ပစ်ကြသည်။

ဆာလံ ၁၀၃ ကို ရေးသားသူက မနှစ်သက်ဖွယ် အမှတ်ရစရာများကို ဖယ်ရှားလိုက်ခြင်းထက်မကသော အချက်ကို အဆိုပြုထားသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အပြစ်များကို ဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း သူသတိပေး ထားသည်။ သူ၏လူများအတွက် ဘုရားသခင်၏ ကြီးမားသောမေတ္တာကို ဖော်ပြရန် ကြိုးစားရာတွင် ရုပ်လုံးပေါ်စေမည့် စကားလုံးများကို ဆာလံဆရာက အသုံးပြုထားသည်။ ဘုရားသခင်၏မေတ္တာကြီးမားမှုကို ကောင်းကင်နှင့် မြေကြီး၏အကွာအဝေးဖြင့် နှိုင်းယှဉ်ထားသည်(း၁၁)။ ကိုယ်တော်၏ ခွင့်လွှတ်ခြင်းကို…

အမြင့်မြတ်ဆုံးသောနေရာ

ကျွန်မ၏ခင်ပွန်းသည် မိတ်ဆွေတစ်ဦးကို ဘုရားကျောင်းသို့ ဖိတ်ခေါ်ခဲ့သည်။ ဝတ်ပြုခြင်းအပြီးတွင် ထိုမိတ်ဆွေက “သီချင်းတွေနှင့် ပတ်ဝန်းကျင်အငွေ့အသက်ကို ကျွန်တော် ကြိုက်ပါတယ်။ ဒါပေမဲ့ နားမလည်ဘူး။ ဘာကြောင့် ယေရှုကို ဒီလောက် ချီးမြှောက် ကိုးကွယ်နေရကြတာလဲ’’ ဟု မေးသည်။ ကျွန်မ၏ ခင်ပွန်းက ခရစ်ယာန် ဘာသာသည် ခရစ်တော်နှင့် (မိတ်သဟာယဖွဲ့သည့်) ဆက်ဆံရေးဖြစ်ကြောင်း၊ ခရစ်တော်မရှိပါက ခရစ်ယာန် ဘာသာသည် အဓိပ္ပာယ်မဲ့ဖြစ်ပြီး၊ ကျွန်ုပ်တို့ အသက်တာ များတွင် ယေရှု ပြုပေးခဲ့သော အမှုများကြောင့် ကျွန်ုပ်တို့ အတူတကွ စုဝေ၍ ချီးမွမ်းခြင်းဖြစ်ကြောင်း ရှင်းပြသည်။

သခင်ယေရှုသည် မည်သူဖြစ်သည်၊ မည်သည့် အရာများ ပြုပေးသနည်း။ ရှင်ပေါလုက ကောလောသဲ အခန်းကြီး ၁ ၌ အဖြေပေးခဲ့သည်။ မည်သူမျှ ဘုရားသခင်ကို မမြင်ဘူးသော်လည်း၊ ဘုရားသခင်အား ဖော်ပြ ထင်ရှားပြရန် သခင်ယေရှု ကြွလာခဲ့သည်…