အိုင်ဒါဟိုပြည်နယ်၏ ဆောင်းရာသီရောက်လျှင် ကျွန်မကလေးများသည် အိမ်နောက်ဘက်ရှိ စကိတ်ကွင်း၌ စိတ်လှုပ်ရှား ပျော်ရွှင်စွာ ရေခဲပြင်စကိတ်စီးကြသည်။ ငယ်စဉ်က စကိတ်စီးသင်ရာ၌ ချောနေသည့်ရေခဲပြင်ပေါ်တွင် ငြိမ်အောင်ရပ်ရခြင်းက သူတို့အတွက် အလွန်ခက်ခဲသည်။ သူတို့အတွက် စိန်ခေါ်မှုဖြစ်သည်။ သူတို့ချော်ပြီး လဲကျသွားလျှင် နာကျင်မည်ကို သူတို့ သိနေခြင်းကြောင့် ဖြစ်သည်။ သူတို့ခြေချော်သွားတိုင်း ကျွန်မဖြစ်ဖြစ်၊ ကျွန်မ ခင်ပွန်းဖြစ်ဖြစ် သူတို့ထံအပြေးသွားပြီး ဟန်ချက်ညီညီ ပြန်ရပ်နိုင်အောင် ခြေထောက်ကို ပြန်ထိန်းပေးရသည်။

ကျွန်မတို့ လဲကျသည့်အခါတိုင်း ကျွန်မတို့ကို ကူညီမည့် လက်တစ်စုံရှိနေခြင်းသည် ဆုလာဘ်တစ်ခုဟု ဒေသနာကျမ်း၌ ဖော်ပြထားသည်။ တစ်စုံတစ်ရာကို အခြားသူများနှင့် အတူတကွလုပ်ဆောင်ခြင်းဖြင့် ချိုမြိန်မှုကို ခံစားရပြီး သက်ရောက်မှုအကျိုးပိုရှိသည် (၄း၉)။ မိတ်ဆွေများက ဘဝကို နွေးထွေးစေ သည်။ စိန်ခေါ်မှုများ ရင်ဆိုင်ရစဉ် ကျွန်မတို့အနီး၌ ရပ်တည်ပေးပြီး စိတ်ဓာတ်ခွန်အား ပေးသူရှိလျှင် ကောင်းလှသည်။ အထောက်အကူဖြစ်သည့် ဤဆက်သွယ်ပတ်သက်မှု ပတ်သက်ရာပတ်သက်ကြောင်း ဆက်ဆံရေးများက ကျွန်မတို့အတွက် အထောက်အကူ ဖြစ်သည်။ ခွန်အား၊ ရည်ရွယ်ချက်နှင့် စိတ်သက်သာမှုများကို ပေးစွမ်းနိုင်သည်။

ဘဝ၏ခက်ခဲကြမ်းတမ်းမှုများကို ရင်ဆိုင်နေရစဉ် နံဘေး၌ ဖေးမပေးမည့် လက်တစ်စုံ ရှိပါသလား။ ရှိသည်ဆိုလျှင် ၎င်းသည် ဘုရားသခင်ထံမှလာသောဆု ဖြစ်မည်။ သို့မဟုတ်ပါကလည်း၊ တစ်စုံတစ်ယောက်အကူအညီလိုအပ်ချိန်တွင်၊ ကျွန်မ တို့သည် သူတို့ကို ဖေးမပေးမည့်သူအဖြစ် ဘုရားသခင် သူတို့ကိုပေးမည့် အဖြေအဖြစ် ရှိနေပေးနိုင်မည်လား။ အဖော်အဖြစ်ရှိနေပေးခြင်းက မိတ်ဆွေတစ်ဦး ရရှိခြင်းပင်ဖြစ် သည်။ အကယ်၍ မိမိအကူအညီလိုအပ်ချိန်တွင် တွဲကူမည့်သူ မည်သူမျှမရှိလျှင် ဘုရားသခင်သည် ကျွန်မတို့အတွက် အမြဲရှိနေပြီး မစကူညီပေးကြောင်းအသိအားဖြင့် နှစ်သိမ့်သက်သာရာရနိုင်ပါသည် (ဆာလံ ၄၆း၁)။ ကိုယ်တော့်ထံ အားကိုးလျက် လက်ဆန့်တန်းလျှင် ကျွန်မတို့ကို မြဲမြံစွာကိုင်လျက် အသက်တာဟန်ချက်မပျက်အောင် ထိန်းပေးရန် ကိုယ်တော်အသင့်ရှိနေသည်။ KIRSTEN HOLMBERG