လ - ဇန်နဝါရီ 2019

သား၏အခွင့်အရာကို ခံရသည်

အလှူရှင်တစ်ဦးက အိမ်ယာမဲ့ကလေးများအတွက် မိဘမဲ့ဂေဟာထူထောင်ပေးသောအခါ ကျွန်ုပ်ဝမ်းသာမိသည်။ ထိုပုဂ္ဂိုလ်က ပို၍ပေးလှူပြီး မိဘမဲ့ကလေးတစ်ဦးကို မွေးစား သောအခါ ကျွန်ုပ်ပို၍ ပီတိဖြစ်ရပါသည်။ မိမိ၌ အလှူရှင်ရှိခြင်းက မိဘမဲ့ ကလေးများ အတွက် ဝမ်းသာစရာဖြစ်သည်။ သို့သော် ထိုအလှူရှင်က ကူညီပေးလှူရုံနှင့် အားမရဘဲ မိမိကိုပါ လိုချင်သည်ဟု သိရသောအခါ မည်သို့ခံစားရပါ မည်နည်း။

သင်သည် ဘုရားသခင်၏သားသမီးဖြစ်ပါက ထိုခံစားချက်ကို နားလည်မည် မလွဲပါ။ ထိုအမှုအရာ သင်၌ ဖြစ်ပျက်ခဲ့သည် မဟုတ်ပါလား။ ကျွန်ုပ်တို့ကို ပျက်စီးခြင်းသို့ မရောက်စေလိုဘဲ ထာဝရအသက်ရရန် ဘုရားသခင်သည် သူ၏သားတော်ကို စေလွတ်သည့်တိုင် ကျွန်ုပ်တို့ကို ချစ်တော်မူခြင်းအမှုအားဖြင့် (ယော ၃း၁၆)ကျွန်ုပ်တို့ ပြောစရာ စောဒက တက်စရာ ဘာမှမရှိပါ။ လုံလောက်နေပြီဖြစ်သည်။ သို့သော် ဘုရားသခင်ဘက်မှ ထိုမျှနှင့် မကျေနပ်ပါ။ သားတော်ကို စေလွတ်ပြီး ကျွန်ုပ်တို့ကို ရွေးနုတ်စေခြင်းနှင့် မပြီး၊…

အဲလ်ဂေ နှင့် ဒိုင်ယာတမ်

ဆဲလ်ဖုန်းဖြင့် အွန်လိုင်းတွင် ဓာတ်ပုံရှာပြီး အဏုကြည့်မှန်ဘီလူးဖြင့်ကြည့်နေသည့် သူငယ်ချင်းအား သူ့ပခုံးကို မှီရင်း ‘‘ဒိုင်ယာတမ်က ဘာလဲ’’ ဟု ကျွန်မမေးလိုက်သည်။ ‘‘အဲဒါက အဲလ်ဂေ(algae)သက်ရှိရေညှိလိုမျိုးအကောင်လေ။ အဲဒါကို တွေ့ရခဲတယ်။ တစ်ခါတစ်လေ မှန်ဘီလူးပေါ်မှာ ဆီစက်တစ်စက်ချပြီးကြည့် ဒါမှမဟုတ် သူတို့သေမှ တွေ့ရတယ်’’ ဟု ရှင်းပြသည်။ သူက ဓာတ်ပုံများ ရှာနေစဉ် ကျွန်မအံ့သြမှုနှင့် နှုတ်ဆိတ်နေခဲ့သည်။ ဘုရားသခင်က အဏုကြည့် မှန်ဘီလူးဖြင့်သာမြင်နိုင်သည့် သက်ရှိလေး များကို နက်နဲစွာ ဖန်ဆင်းထားကြောင်း ကျွန်မဆက်စပ် တွေးမိ သည်။

ဘုရားသခင်၏ဖန်ဆင်းခြင်းနှင့် အမှုတော်က အဆုံးမသတ်နိုင်အောင် ရှိနေသည်။ ယောဘ၏မိတ်ဆွေ ဧလိဟု သည် အဆုံးအရှုံးများနှင့် ရုန်းကန်နေရသည့် ယောဘအား ထိုအချက်ကို ထောက်ပြခဲ့သည်။ ‘‘အို ယောဘ၊ ဤစကားကို နားထောင်လော့။ ဘုရားသခင်၏အံ့ဖွယ်သောအမှုတော်တို့ကို ငြိမ်သက်စွာနေ၍ ဆင်ခြင်လော့။ ... မိုးတိမ်တော်အလင်းကို ထွန်းလင်းစေ…

မိုးကောင်းကင်ကို ဖွင့်လှစ်၍

မကြာမီက မိတ်ဆွေတစ်ဦးနှင့် စကားပြောခဲ့ရာ ‘‘တစ်ခုခု လှုပ်ရှားလုပ်ဆောင်နေပုံ မပေါ်တဲ့ ဘုရားကို ကျွန်မ ဘယ်လို ဆက်ပြီး ယုံကြည်ရမလဲ’’ ဟု ကြားဖူးနေကျ ပြစ်တင် မြည်တမ်းမှုနှင့်အတူ သူ့ယုံကြည်ခြင်းကို စွန့်ခဲ့ကြောင်း ပြောခဲ့သည်။ ဤခံနိုင်ရည် ပျက်စီးမှုကို ပြသည့် မေးခွန်းကို ကျွန်ုပ်တို့ တစ်ချိန်မဟုတ်တစ်ချိန် ကြုံကြ၊မေးကြသည်။ မိမိ၏နာကျင်စရာများရှိရသည့်အထဲ သတင်း၌ အကြမ်းဖက် မှုများကို ဖတ်ရသည်တွင် ကျွန်ုပ်မိတ်ဆွေ၏စိတ်ပျက် အားလျော့မှုက သူ့ကိုယ်စား ဘုရားသခင် လှုပ်ရှားပေးရန် သူ အလွန်အမင်း ဖြစ်စေချင်သည့် ဆန္ဒကို ပြနေသည်။ ကျွန်ုပ်တို့ အားလုံးလည်း ထိုသို့ ဆန္ဒရှိသည် မဟုတ်ပါလား။

ဣသရေလ လူတို့သည်လည်း ဤအခြေအနေကို နားလည်သည်။ ဗာဗုလုန်အင်ပါယာက ဣသရေလပြည်ကို လွှမ်းမိုးလျက် ပြင်းထန်ကြမ်းတမ်းစွာ ဖိနှိပ်အုပ်ချုပ်လျက် ယေရုရှလင်မြို့ကို ငါးဖယ်ထောင်း ထောင်းနေသည်။ ပရောဖက်ဟေရှာယက သံသယအမှောင်ထုထဲ ကျနေသူတို့၏စကားကို…

စိတ်ခံစားချက်ကို ပြုပြင်ပေးသူ

ဘူတာရုံ၌ ရထားစောင့်နေစဉ် ရထားစောင့်နေသည့် ကြပ်ညှပ်နေသည့် ခရီးသည်များပမာ ကျွန်မစိတ်ထဲ၌ အနုတ်လက္ခဏာအတွေးများက ပြည့်ကြပ်နေသည်။ ပေးရမည့် အကြွေး၊ ကျွန်မအပေါ် မညှာမတာ ပြုသည့်မှတ်ချက်များ၊ မကြာမီက ကျွန်မ၏မိသားစုဝင်တစ်ဦး မတရားခံရသည့် ကိစ္စအပေါ် အကူအညီမဲ့ဖြစ်ခြင်းများ၊ ရထားဆိုက်လာချိန်တွင် ကျွန်မ စိတ်ခံစားချက်က ဆိုးဆိုးဝါးဝါးဖြစ်နေသည်။

ရထားပေါ်ရောက်ပြန်သော် အခြားအတွေးတစ်ခု ဝင်လာသည်။ ဘုရားသခင်ထံစာရေးပြီး မိမိ၏ညည်းတွားမှုများကို ပေးအပ်ရန်ဖြစ်သည်။ သို့နှင့် အိမ်ရောက်သော် စာအုပ်ထဲရေးချလျက် စိတ်နှလုံးကို သွန်းလောင်းပြီးသော် ဖုန်းထဲမှသီချင်းဖွင့်လျက် ချီးမွမ်းသီချင်းများ နားထောင်နေ လိုက်သည်။ ကျွန်မသတိမထားမိခင်မှာပင် ကျွန်မ၏ ဆိုးရွားသည့် စိတ်ခံစားချက်များ လုံးဝပြောင်းလဲသွားကြောင်း သိလိုက်သည်။

၎င်းသည် ဆာလံ ၉၄ ကို ရေးသားသူ၏ပုံစံကို အတုယူ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကျွန်မသည် စိုးစဉ်းမျှ မသိခဲ့ပါ။ ဆာလံဆရာ သည် ရှေးဦးစွာ သူမကျေနပ်ညည်းတွားချက်များကို ဤသို့ ဖွင့်ဟသည်။ ‘‘မြေကြီးသား…

လူမျိုးများထဲမှ ဖြောင့်မတ်သောသူ

အစ္စရေးနိုင်ငံ ယာ့ ဗာ့ဆီးအရပ်တွင် Holocaust ပြတိုက်ရှိသည်။ ထိုနေရာ၌ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများကို မျိုးတုံးသတ်ဖြတ်သည့် ကပ်ဘေးအတွင်း ဂျူးများကို ကယ်ရန် မိမိအသက်ကို စွန့်ခဲ့ရသည့် လူယောက်ျား၊ လူမိန်းမတို့အား ဂုဏ်ပြုသည့် Righteous Among the Nations ဥယျာဉ်သို့ ကျွန်မတို့ ဇနီးမောင်နှံ သွားရောက်လည်ပတ်ခဲ့သည်။ အောက်မေ့ဖွယ် အထိမ်းအမှတ်များကို ကြည့်နေစဉ် နယ်သာလန်နိုင်ငံမှ ခရီးသွားအဖွဲ့တစ်ဖွဲ့နှင့် ဆုံခဲ့သည်။ ၎င်းတို့ထဲမှ အမျိုးသမီးတစ်ဦးသည် သူ့အဖိုးအဖွား၏ နာမည် ရေးထိုးထားသည်ကို လာရောက်ကြည့်ရှုခြင်းဖြစ်သည်။ အလွန်အမင်း စိတ်ဝင်စားလျက် သူ၏မိသားစုဇာတ်ကြောင်း အစုံအလင်ကို ကျွန်မ မေးမြန်းမိသည်။

ထိုအမျိုးသမီး၏အဖိုးနှင့်အဖွားမှာ Rev. Pieter နှင့် Adriana Müller တို့ ဖြစ်ပြီး သူတို့သည် ၂ နှစ်သား ဂျူးကလေးငယ်တစ်ဦးအား ၎င်းတို့၏အငယ်ဆုံးသားထွေး အဖြစ် ၁၉၄၃ ခုနှစ် မှ…