အလုပ်တာဝန်ဖြင့် ကျွန်တော်နှင့် ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တို့ မိုင် ၂၅၀ ဝေးသောခရီးကို သွားခဲ့ရပြီး အလုပ်ပြီးချိန်တွင် အိမ်အပြန်နောက်ကျခဲ့သည်။ အသက်ကြီးလာ၍ မျက်စိမှုန်လာခြင်းတို့ကြောင့် ညဘက် ကားမောင်းရသည်မှာ ကျွန်တော်အတွက် အနည်းငယ်ခက်ခဲသည်။ သို့သော် အရင် စမ်းမောင်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကားစတီယာရင်ကို လက်ဖြင့် သေချာစွာ ဆုပ်ကိုင်ထားပြီး မျက်စေ့ကလည်း မှုံဝါးဝါးလမ်းမ ကို သေချာစွာ စူးစိုက်ကြည့်နေရသည်။ နောက်မှကားက ရှေ့မီးကြီးကို ထွန်း၍ မောင်းသည့်အခါတွင် ကျွန်တော် ပို၍ ရှင်းလင်းစွာမြင်ရသည်ဟု ခံစားရသည်။ နောက်ဆုံး ကျွန်တော်သူငယ်ချင်းက ကားကို လွှဲပြောင်းမောင်းနှင် သောအခါ ကျွန်တော်စိတ်သက်သာသွားသည်။ သူမောင်းမှ ကျွန်တော်သည် ရှေ့မီးကြီးကို ဖွင့်မောင်းရမည့်အစား နှင်းခွဲမီးကိုသာ ဖွင့်၍မောင်းခဲ့သည်ကို သူတွေ့ရှိခဲ့သည်။

၁၁၉ ခု မြောက်သောဆာလံသည် ကျွန်တော်တို့၏နေ့စဉ်အသက်ရှင်ခြင်း၌ ဘုရားသခင်၏နှုတ်ကပတ်တော် အလင်းပေးနေခြင်းကို သိရှိခံစားရသူတစ်ဦးက ပြောင်မြောက်စွာ ရေးဖွဲ့သီကုံးထားသည့်ဆာလံဖြစ်သည်(း၁၀၅)။ သို့သော် ညအမှောင် အဝေးပြေး လမ်းမကြီးပေါ်တွင် အဆင်မပြေဖြစ်ခဲ့ရသည့်အဖြစ်မျိုး အကြိမ်ပေါင်းမည်မျှ ကျွန်တော်တို့ကြုံတွေ့ဖူးကြပါသနည်း။ မလိုအပ်ဘဲ အားစိုက်ကြည့်ရသည့်အပြင် တစ်ခါတစ်ရံ ဘုရားသခင်၏နှုတ်ကပတ်တော်တည်းဟူသောအလင်းကို အသုံးပြုရန် မေ့လျော့ခြင်းကြောင့် လမ်းကောင်းမှသွေဖီ၍ အခြားလမ်းများသို့ လမ်းလွှဲသွားသည်။ ၁၁၉ ခုမြောက်သောဆာလံမှ “အလင်းခလုတ်ကို ဖွင့်ရန်” ရည်ရွယ်ချက်ရှိရှိ တမင် အားပေးသည်။ ဤကဲ့သို့ လုပ်ဆောင်လျှင် မည်သည့်အကျိုးရမည်နည်း။ သန့်ရှင်းသော အသက်တာအတွက် ဉာဏ်ပညာကိုရမည်(း၉-၁၁)၊ လမ်းလွှဲများကို ရှောင်ရှားနိုင်ရန် လှုံ့ဆော်မှု၊ ခွန်အားပေးမှုကို ရရှိမည်(း၁၀၁-၁၀၂)။ အလင်းခလုတ်ကို ဖွင့်လျက် အသက်ရှင်မည်ဆိုပါက ဆာလံဆရာ၏ချီးမွမ်းထောမနာပြုခြင်းသည် ကျွန်တော်တို့၏ ချီးမွမ်းထောမနာအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ “ကိုယ်တော်၏တရားကို အကျွန်ုပ် သည် အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက် နေပါ၏” (း၉၇)။ ARTHUR JACKSON