Keith Wasserman သည် အကြင်မေတ္တာနှင့် သနားကရုဏာတို့ တိုးပွားလာစေရန် ရည်ရွယ်ပြီး ၁၉၈၉ ခုနှစ် မှစပြီး နှစ်တိုင်း ရက်အနည်းငယ် အိမ်ယာမဲ့အဖြစ် နေထိုင် သည်။ နေစရာအိမ်မရှိတဲ့လူတွေ အပေါ်ထားတဲ့ “ကျွန်တော်ရဲ့သဘောထားနဲ့ စာနာမှုတွေ တိုးလာဖို့ လမ်းပေါ်မှာနေဖို့ သွားတာပါ”ဟု Good Works, Inc ၏ အမှုဆောင် ညွှန်ကြားရေးမှူးချုပ် Keith က ပြောပြခဲ့သည်။

သူအစေခံပေးနေသူများကဲ့သို့ နေထိုင်သည့် Keith ၏နည်းလမ်းက ကျွန်ုပ်တို့အတွက် ရှင်ယေရှု လုပ်ဆောင် ပေးခဲ့သည့်အမှုကို ဖော်ကျူးသည့် ပုံပမာဖြစ်လေမလားဟု ကျွန်ုပ်တွေးမိသည်။ စကြဝဠာ၏ဖန်ဆင်းရှင် ဘုရားသခင် ကိုယ်တိုင်က ကျွန်ုပ်တို့ ကြုံရသည့်အမှုများကို တွေ့ကြုံ ခံစားရန်၊ ကျွန်ုပ်တို့ ဘုရားသခင်နှင့် မိတ်သဟာရ ဖွဲ့နိုင်ရန်၊ လူသားများ၏လက်ဝယ်အသေခံရန် အားနွဲ့သောသူငယ် အဖြစ် ခံယူပြီး လူသားအဖြစ်နေထိုင်ရန် ရွေးချယ်ခဲ့သည်။

ဟေဗြဲသြဝါဒစာရေးသူက ယေရှုခရစ်တော်သည် “အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကို အစိုးရ သောသူတည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှာ… အသွေးအသား ကို ဆောင်ယူတော်မူ၏” ဟု ဆိုထားသည် (၂း၁၄)။ ရှင်ယေရှုသည် ကောင်းကင်တမန်များ၏ဖန်ဆင်းရှင်ဖြစ်လင့်ကစား သူတို့အောက် နှိမ့်လျက် နေထိုင်ခဲ့သည် (း၉)။ သခင်သည် ထာဝရအသက်ရှင်သောဘုရားဖြစ်သော်လည်း လူသားအဖြစ် ခံယူပြီး အသေခံခဲ့သည်။ တန်ခိုးတောအနန္တ နှင့်ပြည့်စုံသော်လည်း ကျွန်ုပ်တို့အတွက် ကိုယ်စား ဝင်ခံစားပေးခဲ့သည်။ အဘယ်ကြောင့် ထိုကဲ့သို့ သူလုပ်ဆောင်ခဲ့ရသနည်း။ ကျွန်ုပ်တို့ စုံစမ်းနှောင့်ယှက်ခြင်းကို ကြုံတွေ့ရသောအခါ ကူညီထောက်မပေးနိုင်ရန်၊ ကျွန်ုပ်တို့နှင့် ဘုရားသခင်ကြား ရန်ပြေငြိမ်းခြင်းကို ဆောင်ကြဉ်းပေးနိုင်ရန်အတွက် ဖြစ်ပါသည် (း၁၇-၁၈)။

သခင်သည် ကျွန်ုပ်တို့၏လူသားဘ၀ကို သိနားလည်ပြီး ကျွန်ုပ်တို့၏အပြစ်များမှ သန့်ရှင်းစင်ကြယ်ရန် နည်းလမ်းပြင်ဆင်ထားပေးပြီဖြစ်ကြောင်း သိရှိလျက် ယနေ့တွင် ကိုယ်တော်၏မေတ္တာတော်အား ခံစားရပါစေသား။ ESTERA PIROSCA ESCOBAR