ဖာနန်ဒိုပက်ဆိုအာ၏ ပေါ်တူဂီကဗျာ“Ode Marítima” တွင် “ဆိပ်ခံဘောတံတားတိုင်းက မဖြစ်နိုင်သော တောင့်တမှုကို ဖော်ပြနေသည်” ဟု ဆိုသည်။ သင်္ဘောသည် သဘောင်္ဆိပ်မှ တဖြည်းဖြည်း ဝေးကွာထွက်ခွာသွားရာ၊ ပက်ဆိုအာ၏သင်္ဘောဆိပ်က ကျွန်ုပ်တို့ခံစားရသည့် စိတ်ခံစားချက်ကို ကိုယ်စားပြုသည်။ သင်္ဘောက ထွက်သွား သည်။ သင်္ဘောဆိပ်က ကျန်ခဲ့သည်။ သင်္ဘောဆိပ်သည် မျှော်လင့်ခြင်း၊ အိပ်မက်၊ ပူဆွေးတမ်းတမှုများကို ကြိတ်မှိတ် ခံနေရသော အမှတ်လက္ခဏာအဖြစ် ကျန်ရှိနေပြီး မိမိ ဆုံးရှုံး သွားသောအရာ၊ မိမိလက်လှမ်းမမီနိုင်သောအရာအတွက် ကျွန်ုပ်တို့ တစစ်စစ်နာကျင်ခံစားရသည်။

“တောင့်တခြင်း”(saudade) ဟူသော စကားလုံးသည် ပေါ်တူဂီ စကားအားဖြင့် အတိတ်ကို တသသလွမ်းဆွတ်နေခြင်း ကို ရည်ညွှန်းပြီး၊ ကျွန်ုပ်တို့၏နက်ရှိုင်းသည့် နာကျင်ခံစားမှုဟု အဓိပ္ပာယ်သက်ရောက် သည်။ ကဗျာဆရာက ရှင်းပြရန်ခက်ခဲသောအရာကို ဖော်ပြနေခြင်းဖြစ်သည်။

နေဗောတောင်သည် မောရှေ၏ “မဖြစ်နိုင်သောတောင့်တမှု” ဟုဆိုနိုင်သည်။ နေဗောတောင်မှ သူလုံးဝခြေချနိုင်မည်မဟုတ်သော ကတိတော်ပြည်သို့ သူငေးကြည့် ခဲ့ရသည်။ “သင်သည် ကိုယ်မျက်စိနှင့်မြင်ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး၍ မသွားရ”(တရား ၃၄:၄) ဟု မောရှေကို ဘုရားသခင်မိန့်ကြားသည့် စကားလုံး များက ပြင်းထန်ပုံရသည်။ သို့သော် ထိုအချက်ကိုသာမြင်လျှင် ဖြစ်ပျက်နေသည့် အမှု၏အဓိကအချက်ကို ကျွန်ုပ်တို့ လွဲချော်သွားနိုင်သည်။ ဘုရားသခင်က မောရှေကို အလွန်ကြီးမားသည့်နှစ်သိမ့်မှုကို ပြောနေခြင်းဖြစ်သည်။ “ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို၍ သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု ကတိထားသော ပြည်ကိုကြည့်လော”့ (း၎)။ မကြာမီ မောရှေသည် နေဗောတောင်မှ ခါနန်ထက် သာလွန်ကောင်းမွန်သော ပြည်တော်သို့ ထွက်ခွာသွားရမည်ဖြစ်သည် (း၅)။

ဘဝ၌ ကျွန်ုပ်တို့သည် မကြာခဏ ဆိပ်ခံဘောတံတားတွင် ရပ်နေရသည်။ ချစ်သောသူများနှင့် ကွေကွင်းရသည်။ မျှော်လင့်ခြင်းများမှေးမှိန်လျက် အိပ်မက်များသေဆုံးရသည်။ ထိုအရာများအလယ်၌ ဧဒင်ဥယျာဉ်၏ ပဲ့တင်သံများ၊ ကောင်းကင်ဘုံ၏ အရိပ်အမြွက်များကို ကျွန်ုပ်တို့အားလုံး သိရှိခံစားရသည်။ ကျွန်ုပ်တို့၏ မျှော်လင့်တမ်းတမှုများသည် ဘုရားသခင်ထံတော်သို့ ညွှန်ပြနေသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ တောင့်တမှု၏ ပြီးပြည့်စုံရာဖြစ်သည်။ TIM GUSTAFSON