ရေမြေတောတောင်သဘာဝဆေးခြယ်သည့် အတန်းချိန်တွင် အတွေ့အကြုံကြွယ်သည့် ကျွမ်းကျင်သူပန်းချီဆရာကြီးသည် ကျွန်မ၏ပထမဆုံးလက်ရာကို အကဲဖြတ်ခဲ့သည်။ သူသည် ကျွန်မ၏ပန်းချီကားရှေ့တွင် သူ၏မေးကို ကိုင်လျက် ငြိမ်သက်စွာရပ်နေသည်။ သူပြောတော့မည်၊ လက်ရာမကောင်းဟု သူပြောတော့မည်ဟု ကျွန်မထင်ခဲ့သည်။

သို့သော် သူ မပြောခဲ့ပါ။

အရောင်စပ်ထားသည့် အနေအထားနှင့် ထင်ရှား ပေါ်လွင်သည့် ခံစားချက်ကို သူသဘောကျကြောင်း ပြောသည်။ သည့်နောက် အဝေးမှသစ်ပင်များကို ပို၍ တောက်ပစွာ ခြယ်မှုန်းနိုင်ကြောင်း၊ ခြုံပင်များသည် ပို၍နူးညံ့ ပျော့ပြောင်းသောအရွက်များချွန်များရှိရန် လိုအပ်သည်။ အမြင်ရှုထောင့်နှင့် အရောင်အသွေးဆိုင်ရာ စည်းမျဉ်းအပေါ် အခြေခံ၍၊ ကျွန်မ၏ လက်ရာကို သူဝေဖန်ခွင့်ရှိသည်။ သို့သော် သူ၏ဝေဖန်မှုသည် မှန်ကန်ပြီး၊ ကြင်နာမှုရှိသည်။

လူတို့၏အပြစ်အတွက် ၎င်းတို့ကို ပြစ်တင်ရန် အရည်အချင်းပြည့်ဝသော ယေရှုသည် ရှေးဟောင်းရေတွင်းတစ်ခု၌ တွေ့ဆုံခဲ့သော ရှမာရိအမျိုးသမီးကို အပြစ်တင်ရန် ပညတ်တော် ၁၀ ပါးကို အသုံးမပြုခဲ့ပါ။ လက်တစ်ဆုပ်ခန့် အချက်အလက်များဖြင့် သူမ၏ဘဝကို သိမ်မွေ့ညင်သာစွာ ဝေဖန်ခဲ့ သည်။ ရလဒ်အနေဖြင့် သူမသည် မိမိ၏စိတ်ကျေနပ်မှုကို ရှာဖွေခြင်းက သူမအား အပြစ်ပြုမိရန် ဦးတည်စေကြောင်း တွေ့မြင်ခဲ့ရသည်။ ဤအသိတရားပေါ်တွင် အခြေတည်လျက် ယေရှုက သူသည် ထာဝရစိတ်ကျေနပ်မှုအတွက် တစ်ခုတည်းသော အရင်းအမြစ်ဖြစ်ကြောင်း ဖော်ပြခဲ့သည် (ယော ၄း၁၀-၁၃)။

ဤအခြေအနေတွင် ယေရှုအသုံးပြုခဲ့သော ကျေးဇူးတော်နှင့် သမ္မာတရားကို ပေါင်းစပ်ခြင်းသည် ကိုယ်တော်နှင့် ကျွန်မတို့၏ဆက်ဆံရေး၌ ကျွန်မတို့တွေ့ကြုံခံစား ရသော အရာဖြစ်သည် (၁း၁၇)။ ကိုယ်တော်၏ကျေးဇူးတော်သည် ကျွန်မတို့ကို အပြစ်ဒုစရိုက်၏ လွှမ်းမိုးခြင်းမှ ကာကွယ်ပေးသည်။ ကိုယ်တော်၏ သမ္မာတရားသည် ကျွန်မတို့ကို ပြဿနာကြီးကြီးမားမားမဟုတ်ဟု တွေးတောခြင်းမှ တားဆီးပေးသည်။

ကိုယ်တော်နှင့် သာ၍တူလာအောင် အသက်တာ၏မည်သည့်ကဏ္ဍကို ကြီးထွားတိုးတက်စေရမည်ကို သခင်ယေရှု ဖော်ပြရန် သူ့အား ဖိတ်ခေါ်ပါမည်လား။ JENNIFER BENSON SCHULDT