၁၉၉၃ Jrassic Park ဇာတ်ကားကြီး၏အထင်ကရ ဇာတ်ဝင်ခန်း၌ “ငါတို့ မြန်မြန်သွားကို သွားရမယ်” ဟု Dr. Ian Malcolm အဖြစ် သရုပ်ဆောင်သော Jeff Goldblum က ပြောခဲ့သည်။ သူနှင့် အခြားဇာတ်ဆောင်နှစ်ဦးတို့မှာ ဒေါသထွက်နေသော ဒိုင်နို်ဆော ထံမှ ဂျစ်ကားဖြင့် ပြေးသောအခန်းဖြစ်သည်။ ယာဉ်မောင်းက နောက်ကြည့်မှန်တွင် ထိုဒိုင်နိုဆောကြီး၏ မေးရိုးကြီးကို မြင်ရပြီး ၎င်းအောက်တွင် “မှန်ထဲ၌ မြင်ရသောအရာက ထင်သည်ထက် ပိုပြီးနီးသလို ဖြစ်နေသည်” ဟူသော စာတန်းလေး ပါရှိသည်။

ထိုဇာတ်ဝင်ခန်းက အသည်းအသန်ဖြစ်နေသည့် အခြေအနေကို ဟာသအရွှန်းဖောက်ထားခြင်း ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ၌ အတိတ်က ခြောက်လှန့်နေသော အရာများက စဉ်ဆက်မပြတ် မနားတမ်းလိုက်နေသကဲ့သို့ ကျွန်ုပ်တို့ခံစားရသည်။ အသက်တာမှန်တွင် တရစ်ဝဲဝဲရှိဆဲ အမှားများကို မြင်နေရပြီး နောင်တ၊ အရှက်ရစရာများဖြင့် ကျွန်ုပ်တို့ကိုခြောက်လှန့်နေပါသည်။

တမန်တော်ကြီးရှင်ပေါလုက အတိတ်မှအရာများက သေစေနိုင်လောက်အောင် တန်ခိုးကြီးကြောင်းကို နားလည်သဘောပေါက်သည်။ သူသည် ခရစ်တော်မပါဘဲ ပြီးပြည့်စုံသောအသက်တာရအောင် နှစ်ပေါင်းများစွာ ကြိုးစား ရှင်သန်ခဲ့သည့်အပြင် ခရစ်ယာန်များကိုလည်း ညှဉ်းဆဲ သတ်ဖြတ်ခဲ့သေးသည် (ဖိ ၃း၁-၉)။ သူ့အတိတ်ကို နောင်တရမဆုံးဖြစ်နေပါက သူ့အသက်တာ အားနည်းလျက် ထိရောက်မှု မဲ့သွားနိုင်သည်။

သို့သော် ခရစ်တော်နှင့်ဆက်ဆံရေးတွင်ရှိသော အလှတရားနှင့် တန်ခိုးတော် အားဖြင့် သူ့အတိတ်ဘဝဟောင်းမှ ပေါလုလွတ်မြောက်ခဲ့သည်(း၈-၉)။ ထိုလွတ်ခြင်းက ကြောက်ရွံ့ခြင်း၊ နောင်တများနှင့် နောက်ပြန်နေမည့်အစား သူ့ကို ယုံကြည်ခြင်းဖြင့် ရှေ့သို့မျှော်ကြည့်စေခဲ့သည်။ “ငါပြုသောအမှုတစ်ခုဟူမူကား နောက်ကျသောအရာတို့ မမှတ်ဘဲရှေ့၌ ရှိသောအရာတို့ကိုလှမ်းကမ်း၍ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏’(း၁၃-၁၄)။

ခရစ်တော်ပေးသော ရွေးနှုတ်ခြင်းသည် သူ့အတွက် အသက်ရှင်နိုင်ရန်အလို့ငှာ ကျွန်ုပ်တို့ကို လွတ်မြောက်စေခဲ့သည်။ ကျွန်ုပ်တို့ရှေ့ဆက်နေစဉ် ထိုမှန်ထဲမှ မြင်ရသော အရာများ၏ ကြိုးကိုင်စေစားခြင်းကို အခွင့်ပေးရန် မလိုပေ။ ADAM HOLZ