Mojave သဲကန္တာရတွင် သဲသောင်ပို့၊ ခြောက်သွေ့နေသောတောင်ကြား၊ ကုန်းကလပ် နှင့် သဲကန္တာရဆန်သော တောင်တန်းများပါဝင်ပါသည်။ သို့သော် အမေရိကန် ဇီဝဗေဒပညာရှင် Edmund Jaeger က နှစ်အနည်းငယ်ကြာတိုင်း များပြားစွာ ရွာသွန်းသော မိုးကြောင့် သဲသောင်ခြေရင်းနှင့် ကျောက်စရစ်ပေါသောမြေများသည် ပေါများစွာ ပေါက်ရောက်နေသော ပန်းခင်းအောက်တွင် ပျောက်သွား ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ Mojave မှ တောရိုင်း ပန်းလေးများသည် နှစ်တိုင်း ပေါက်ရောက်ခြင်းမဟုတ်ပါ။ သုတေသနပညာရှင်များက ခြောက်သွေ့သော မြေကြီးသည် မုန်တိုင်းကြောင့်စိုစွတ်ပြီး နွေးထွေးသောနေရောင်ခြည်ကို သင့်တော်သောအချိန်တွင် ရရှိထားပါက သဲကန္တာရကြီးသည် အရောင်အသွေး

စုံလင်လှသောပန်းများဖြင့် ဖုံးလွှမ်းသွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဘုရားရှင်သည် သွေ့ခြောက်သောမြေကို ပမာမပြုဘဲ အသက်ကို ဆောင်ကြဉ်းပေးကြောင်းပုံရိပ်က ပရောဖက် ဟေရှာယ၏စကားကို အမှတ်ရစေပါသည် (ဟေရှာ ၃၅)။ တိုင်းနိုင်ငံများကို ဘုရားရှင်စီရင်မည့်အကြောင်း သတင်းစကားကို ကြေညာပြီးနောက် (ဟေရှာ ၅၅)၊ ခွန်အားရဖွယ် မျှော်လင့်ခြင်းရူပါရုံကို ပရောဖက်ကြီး ဝေမျှခဲ့သည်။ ဘုရားရှင်သည် ရှေ့အနာဂတ်ကို တည့်မတ်မှန်ကန်စွာ ပြင်ဆင်ပေးမည်အကြောင်းကို ဖော်ပြရာတွင် ပရောဖက်ကြီးက “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့် ပွင့်လိမ့်မည်” (း၁)ဟု မိန့်တော်မူသည်။ ဘုရားရှင် ကယ်လွှတ်သောလူမျိုးတော်သည် နိုင်ငံတော်ထဲသို့ “သီချင်းဆိုလျက်၊ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကိုရကြ၍ ဝမ်းမြောက်ခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်” ဟု အငယ် ၁၀ တွင် ကြွေးကြော်ထားပါသည်။

ဘုရားရှင်၏ကတိတော်၌ ကျွန်ုပ်တို့၏ထာဝရအနာဂတ်သည် လုံခြုံလျက် ဘ၀၏ ခြောက်သွေ့သောရာသီ၊ မုန်တိုင်းများနှင့် ရင်ဆိုင်ရသောအချိန်များတွင်လည်း သူ့ကို ယုံကြည်နိုင်ပါသည်။ သူမေတ္တာတော်၌ နက်ရှိုင်းစွာ အမြစ်တွယ်လျက် သခင်ယေရှု ဒုတိယအကြိမ်ပြန်ကြွလာကာ အရာခပ်သိမ်းကို ပြန်လည်တည့်မတ်မှန်ကန်စေမည့် အချိန်ရောက်လာသည့်တိုင် သူနှင့် သဏ္ဌာန်တူစွာ ကြီးထွား ရှင်သန်ကာ အသီးအပွင့်များ ပွင့်လန်းနေနိုင်ပါသည်။ XOCHITL DIXON