“သစ်ပင်တစ်ပင်လုံး၏ အစိမ်းရောင်အဆင်းကို မှုံဝါးဝါးမြင်ရတာထက် သစ်ရွက်တစ်ရွက် ချင်းစီကို မြင်ရတာက ပို၍အံ့သြစရာကောင်းတယ်” ဟု ကျွန်မအဖေက ပြောပါသည်။ ဒီထက်မှန်သည့်စကားမရှိတော့ပါ။ ကျွန်မသည် ထိုအချိန်က အသက် ၁၈ နှစ် သာရှိပြီး မျက်မှန်အသစ်တပ်ဆင်ရန်ကိုလည်း စိတ်မ၀င်စားပါ။ သို့သော် ဘယ်အရာကို ကြည့်ကြည့် မှုံဝါးနေသော ကျွန်မအမြင်အားလုံးကို မျက်မှန်သစ်က ပြောင်းလဲလှပစေသည်။

နှုတ်ကပတ်တော်ကို လေ့လာသည့်အခါ သစ်ပင်များ ကို မျက်မှန်မတပ်ဘဲ ကြည့်သကဲ့သို့ ကျမ်းစာအုပ်ကို ကြည့်သဖြင့် မြင်သင့်သလောက်မမြင်ရပါ။ သို့သော် အသေးစိတ် လေ့လာပါက ငြီးငွေ့စရာကောင်းသော ကျမ်းပိုဒ် များသည် စိတ်ဝင်စားစရာဖြစ်လာသည်။

ကျွန်မ ထွက်မြောက်ရာကျမ်းကို ဖတ်သည့်အခါ ပို၍ သိသာသည်။ ဣသရေလလူတို့အကြား ဘုရားသခင် ယာယီ ကျိန်းဝပ်မည့် တဲတော် တည်ဆောက်ရန် ညွှန်ကြားချက်သည် အလွန်မှ စိတ်နောက်ကျိ ငြီးငွေ့စရာဖြစ်သည်။ သို့သော် အခန်းကြီး ၂၅ အဆုံးတွင် မီးခုံပြုလုပ်ရန် ဘုရားသခင်၏ညွှန်ကြားချက်ကို ဖတ်သည့်အခါ ကျွန်မခေတ္တရပ်လိုက်သည်။ မီးခုံကိုလည်း “ရွှေစင်” နှင့်ပြုလုပ်ပြီး မီးခုံတိုင် အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစ်စပ်တည်း ထုရပါသည် (း၃၁)။ ခွက်များကိုလည်း ဗာတံသီးနှင့် ပုံတူအောင် ပြုလုပ်ရပါသည် (း၃၄)။

ဗာတံပင်၏အလှက အသက်ရှူမှားလောက်သည်။ ဘုရားသခင်က ထိုသဘာဝအလှရှိသည့်အတိုင်းသူ၏တဲတော်ထဲတွင် ထည့်သွင်းဆင်ယင်ထားပါသည်။

ရှင်ပေါလုက “ဘုရားသခင်၏ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်း ဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏” (ရော ၁း၂၀)ဟုရေးသားခဲ့သည်။ ဘုရားသခင်၏တင့်တယ်ခြင်းကို မြင်တွေ့လိုလျှင် တစ်ခါတစ်ရံ ကိုယ်တော် ဖန်ဆင်းထားသောအရာများကို ကြည့်ရှု ရမည်ဖြစ်ပြီး ကျမ်းစာအုပ်ထဲ၌ပါသော စိတ်ဝင်စားစရာ မကောင်းသည့် ကျမ်းပိုဒ်များကို မျက်မှန်အသစ်မှတဆင့် ကြည့်ရှုရမည်ဖြစ်သည်။ JULIE SCHWAB