ဘာလုပ်ရမည်ကို သောမတ်သိသည်။ သူသည် အိန္ဒိယရှိ ဆင်းရဲသောမိသားစုမှ မွေးဖွားခဲ့ကာ အမေရိကန်မိဘများ၏ မွေးစားခြင်းခံခဲ့ရသည်။ အိန္ဒိယသို့ အလည်အပတ် ပြန်လာသည့်ခရီးတွင် ဇာတိမြို့ရှိ ကလေးများ၏လိုအပ်မှုများကို မြင်တွေ့ခဲ့ပြီး ကူညီ ရမည်ကို သူသိသည်။ သို့နှင့် အမေရိကန်သို့ ပြန်သွားပြီး ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူမည်၊ ပြီးနောက် ပိုက်ဆံစုဆောင်းပြီး အနာဂတ်တွင် ပြန်လာရန် စီစဉ်ခဲ့သည်၊

ထိုနောက် ရှင်ယာကုပ် ၂း၁၄-၁၈ မှ ‘‘တစ်စုံ တစ်ယောက်သောသူက ငါသည် ယုံကြည်ခြင်းရှိ၏ဟု ပြောလျက်၊ အကျင့်ကို မကျင့်ဘဲနေလျှင် အဘယ်အကျိုး ရှိသနည်း’’ ဟူသည့်ကျမ်းပိုဒ်ကို ဖတ်ရှုမိပြီးနောက် ‘‘အမေ၊ သမီးဗိုက်ဆာတယ်’’ ဟု သူ့ဇာတိနိုင်ငံမှ မိန်းကလေးငယ် တစ်ဦး သူ့မိခင်ထံ အော်ဟစ်ငိုကြွေးသံကို သောမတ်ကြားယောင်ရင်း သူငယ်စဉ်က အလွန်အမင်း ဆာလောင် သဖြင့် အမှိုက်ပုံးတွင် စားစရာရှာဖွေခဲ့သည့်အချိန်ကို ပြန်လည်သတိရမိပြီး ကူညီရန်အရေး နောက်ထပ် နှစ်နှင့်ချီ၍ သောမတ် မစောင့်နိုင်တော့ပါ။ ‘‘ယခုပင် အစပြုရန်’’ သူဆုံးဖြတ်ခဲ့သည်။

ဘုရားသခင်သူ့အား စေခိုင်းသည့်အရာကို သိပြီး မငြင်းခဲ့သူတစ်ဦးကြောင့် ယနေ့တွင် ကလေးများကို ကောင်းမွန်စွာ ကျွေးမွေး၍ သခင်ယေရှုအကြောင်းကို သွန်သင်လျက် အတန်းပညာကိုပါ သင်ကြားပေးသည့် မိဘမဲ့ဂေဟာတစ်ခုကို ကလေး အယောက် ၅၀ ဖြင့် အစပြုနိုင်ခဲ့သည်။

ရှင်ယာကုပ်၏သတင်းစကားက ကျွန်ုပ်တို့နှင့်လည်း သက်ဆိုင်ပါသည်။ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းက ကိုယ်တော်နှင့်ဆက်ဆံခွင့် မိတ်သဟာယ၊ ကြွယ်ဝသော အသက်တာနှင့် အနာဂတ်အတွက် မျှော်လင့်ခြင်း စသည့် ကြီးမားသော အကျိုးပေးပါသည်။ သို့သော် လိုအပ်နေသူများကို ကျွန်ုပ်တို့ မကူညီပါလျှင် အခြားမည်သူ့ကို ကူညီမည်နည်း။ အဘယ်အကျိုးရှိမည်နည်း။ ‘‘သမီးဗိုက်ဆာတယ်’’ ဟူသည့် ငိုကြွေးသံကို သင်ကြားပါသလား။ DAVE BRANON