ကျွန်တော့်ယောက္ခမနေမကောင်းဖြစ်ပြီး နှလုံးရောဂါဖောက်လာရာ ဆေးကုသမှုကို ချက်ခြင်းခံယူခဲ့ရသည်။ ထိုနောက်မှ သူမ၏ဆရာဝန်က နှလုံးရောဂါဖောက်ပြီး ဆယ့်ငါးမိနစ်အတွင်း ဆေးကုသမှုကို ခံယူနိုင်ခဲ့၍ အသက်ရှင်နှုန်း ၃၃% ခန့်အထိ ရှိခဲ့ကြောင်း၊ ထိုအချိန်ထက်ကျော်လွန်သွားပါက အသက်ရှင်နှုန်း ၅% ခန့်သာ ရှိကြောင်း ပြောပြသည်။

အသည်းအသန်ဖျားနာနေသော တရားဇရပ်မှူး ယာဣရု၏သမီးကို ကုသပေးရန် ယေရှုကြွလာစဉ် လမ်း၌ ရပ်၍(မာ ၅း၃၀) သူ့ကိုတို့သောသူကို ရှာဖွေကာ ညင်သာစွာ စကားပြော ခဲ့သည်။ သခင်ယေရှု၏လုပ်ရပ်က မတွေးတတ်အောင်ပင် ဖြစ်သည်။ ထိုအခိုက်အတန့်လေးတွင် ယာဣရု မည်ကဲ့သို့ တွေးနေမည်ကို သင်စိတ်ထဲ မြင်ယောင်ကြည့်ပါ။ ‘‘သမီး အသက်ဆုံးတော့မယ်။ ဒီအတွက် အချိန်မရှိဘူး’’ ဟု စိတ်ထဲ၌ ပြောကောင်းပြောနေမည်။ ယေရှုအရောက်နောက်ကျ သောကြောင့် အမှန်တကယ်လည်း သမီးသေဆုံးသွားခဲ့ လေသည် (း၃၅)။

သို့သော်လည်း သခင်ယေရှုက ယာဣရုဘက်သို့ လှည့်၍ ‘‘မကြောက်နှင့်။ ယုံကြည်လော့’’ ဟု အားပေးစကားဆိုသည် (း၃၆)။ ထို့နောက် ပြက်ယယ်ပြုသောသူများကို လှစ်လျူရှုလျက် ယာဣရုသမီးကို ‘‘ထလော့’’ဟု ယေရှုဆို၍ မိန်းမငယ်မှာ အသက်ပြန်ရှင် လာခဲ့သည်။ သခင်ယေရှုအတွက် အချိန်နှောင်းသည်မရှိကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။ သခင်ပြုမည့်အမှုနှင့် သခင်၏တတ်စွမ်းနိုင်မှုကို အချိန်ဖြင့် ကန့်သတ်၍မရပါ။

ယာဣရုကဲ့သို့ မိမိမျှော်လင့်ထားသောအရာကို ဘုရားသခင်က ပြီးမြောက်အောင် ပြုပေးရန် နောက်ကျနေပြီဟု အကြိမ်မည်မျှ ခံစားမိပါသနည်း။ ဘုရားသခင်အတွက် အချိန်နှောင်းသည်မရှိ။ ကျွန်ုပ်တို့အသက်တာ၌ ဘုရားသခင်က သူကောင်းမြတ်ခြင်းနှင့် ဂရုဏာလက်ရာတော်နှင့် ပြီးမြောက်အောင် ဆောင်ရွက်ရာတွင် ဘယ်သောအခါမျှ နောက်မကျပါ။ PETER CHIN