ကလေးတစ်ဦးအနေနှင့် သူ့မိဘများကို ရက်စက်သောစကားများနှင့် ပြောပစ်လိုက်သည်။ ထိုစကားများသည် မိဘများနှင့် နောက်ဆုံးအပြန်အလှန် ပြောသ့ည်စကားဖြစ်သွားမည်ဟု စိုးစဉ်းမျှ သူမသိခဲ့ပါ။ ယခုတွင် နှစ်ပေါင်းများစွာ ဆွေးနွေးလမ်းညွှန်မှုဖြင့် ကုစားမှု ခံယူပြီး သည့်တိုင် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဖြစ်ခဲ့သည်။ အပြစ်မကင်းသည့်စိတ်နှင့် နောင်တစိတ် တို့က သူ့ကိုအရုပ်ကြိုးပြတ် ဖြစ်စေခဲ့သည်။

ကျွန်ုပ်တို့အားလုံးသည်လည်း နောင်တနှင့် ရှင်သန် ကြရသည်။ လူအချို့၏ဘ၀က ပိုဆိုးသည်။ သို့သော် သမ္မာကျမ်းစာက အပြစ်မကင်းသည့်စိတ်မှ လွန်မြောက် နိုင်အောင် နည်းလမ်းပြထားသည်။ ဥပမာတစ်ခုကို ကြည့်ပါ။

ဒါဝိဒ်ပြုသောအမှု၌ အပေါ်ယံ သကာလောင်းခြင်း လုံးဝမပါပါ။ “ရှင်ဘုရင်တို့ စစ်တိုက်ချိန်” ဖြစ်သော်လည်း “ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့၌နေ၏” (၂ ရာ ၁၁း၁)။ စစ်ပွဲနှင့်အလှမ်းဝေးလျက် သူတစ်ပါးမယားကို ခိုးယူပြီး ထိုအမှုကို လူသတ်မှုဖြင့် ဖုံးကွယ်ရန် ကြိုးစားခဲ့သည် (း၂-၅၊ ၁၄-၁၅)။ ဒါဝိဒ်၏ကျရှုံးခြင်းကို ဘုရားသခင် တားဆီးပေးခဲ့ ငြားလည်း (၁၂း၁-၁၃)၊ ကျန်ရှိသည့်ဘဝတစ်လျှောက်လုံး သူ့အပြစ်ကို ရင်မှာပိုက်လျက် ရှင်သန်သွားရတော့မည်။

ဒါဝိဒ်သည် ပြာမှုန့်မှ ပြန်ထလာချိန်၌ သူဦးဆောင် တိုက်ရမည့် စစ်ပွဲကို သူ့ဗိုလ်ချုပ် ယွာဘက ဦးဆောင်ပြီး အောင်နိုင်ခဲ့သည် (၁၂း၂၆)။
“ယခုမှာ ကြွင်းသောလူတို့ကို စုဝေးစေသဖြင့် မြို့နားမှာတပ်ချ၍ တိုက်ယူတော်မူပါ” ဟု ယွာဘက ဒါဝိဒ်ကို အကဲစမ်းခဲ့သည် (း၂၈)။ နောက်ဆုံးတွင် ဒါဝိဒ်သည် ဘုရားသခင် အပ်နှင်းသည့် နိုင်ငံ့ခေါင်းဆောင်၊ စစ်ခေါင်းဆောင်နေရာကို ပြန်လည်ရရှိခဲ့သည် (း၂၉)။

အတိတ်ဆိုး၏နင်းခြေမှုကို ကျွန်ုပ်တို့အခွင့်ပေးလိုက်ခြင်းက ဘုရားရှင်၏ ကျေးဇူးတရားမှာ လုံလောက်မှုမရှိဟု ကိုယ်တော့်အား ပြောခြင်းပင်ဖြစ်သည်။ မည်သည်အမှု ပြုခဲ့ပြုခဲ့ ကျွန်ုပ်တို့၏အဘဘုရားသခင်သည် သူ၏စုံလင်သော ခွင့်လွှတ်ခြင်းကို ကျွန်ုပ်တို့ထံ တိုးပေးသည်။ ဒါဝိဒ်ကဲ့သို့ပင် ကျွန်ုပ်တို့လည်း တိုက်ပွဲ ပြန်ဝင်ရန် လုံလောက်သော ကျေးဇူးတရားကို ရှာတွေ့နိုင်ပါသည်။ TIM GUSTAFSON