၂၀၁၇ ခုနှစ် အမေရိကန်ပြည်ထောင်စု၌ ဟာဗေးမုန်တိုင်းကျရောက်ပြီးနောက် ကျွန်ုပ်တို့သည် ဟူစတန်ပြည်နယ်သို့ သွားရောက်ကူညီရန် အခွင့်ရခဲ့သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မုန်တိုင်းဒဏ်ခံရသူများကို မစအားပေးရန် ဖြစ်သည်။ ၎င်းတို့ကို အားပေးစောင်မသည့် တစ်လျှောက်လုံးတွင် ပျက်စီးသွားသော ဘုရားကျောင်း အဆောက်အအုံနှင့် အိမ်များကြားတွင် သူတို့နှင့်အတူ ရပ်တည်ရင်း ကျွန်ုပ်တို့၏ ယုံကြည်ခြင်းများ စိန်ခေါ်ခံရသည်။ ခိုင်ခံ့လာခဲ့သည်။

ဟာဗေးမုန်တိုင်းဒဏ်သင့်သူများ၌ ပေါ်လွင်နေသည့် ယုံကြည်ခြင်းတွင် ၇ ရာစုနှစ် အကုန်က ပရောဖက်ဟဗက္ကုက် ဟောကြားခဲ့သည့် ပရောဖက်ပြုချက်ကို တွေ့ရသည်။ ပရောဖက်ကြီးက ခဲယဉ်းသောကာလ ရောက်လာမည် (၁း၅-၂း၁)၊ အမှုခပ်သိမ်းက ဆိုးဝါးလာမည်၊ အဆုံး၌ လောကအရာ စည်းစိမ်ဥစ္စာများ ဆုံးရှုံးနိုင်ခြေရှိသည်ဟု တွေးဆလျက် ‘‘သင်္ဘောသဖန်းပင် မပွင့်ရ၊ … သံလွင်ပင်၏ ကျေးဇူးကို မျှော်လင့်၍မရ၊ … သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ’’ (၃း၁၇) ဟု ပရောဖက်ပြုခဲ့သည်။

ကျန်းမာရေးချို့တဲ့ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ချစ်ရသူတစ်ဦး ဆုံးပါးခြင်း၊ သဘာဝဘေးဒဏ်ခံရခြင်း စသည့် ကျွန်ုပ်တို့ မမျှော်လင့် မထင်မှတ်ထားသည့် ဆုံးရှုံးမှုများ ကြုံရသည်တွင် ကျွန်ုပ်တို့ မည်သည့် အနေအထားတွင် ရပ်တည်မည်နည်း။ ဟဗက္ကုက်၏ ‘‘ပြင်းထန်သောကာလများအတွက် တမ်းချင်း’’ မှ မနေ့၊ ယနေ့၊ နောင်ကာလ ကယ်တင်ခြင်းအရင်းအမြစ်ဖြစ်သော(း၁၈)၊ ခွန်အားနှင့်တည်ငြိမ်မှုကို ပေးသော (း၁၉)၊ ဘုရားသခင်ကို ယုံကြည်စိတ်ချရန်၊ ကိုးစားရန် နှိုးဆော်နေသည်။ အဆုံးတွင် ကိုယ်တော်ကို ကိုးစားသူများသည် ဘယ်သောအခါမျှ စိတ်ပျက်ရမည်မဟုတ်ပါ။ ARTHUR JACKSON