“ကျွန်မ အသက်ကြီးလာလေလေ အဖေက ပိုပညာရှိလေလေ ဖြစ်လာတယ်လို့ ထင်မိတယ်။ တစ်ခါတစ်ရံ ကျွန်မ သားနဲ့စကားပြောရင် အဖေ့ရဲ့စကားတွေက ကျွန်မ နှုတ်ကနေ ထွက်ထွက်လာတယ်”။

ကျွန်တော့်သမီး၏ပြောပုံဆိုပုံကြောင့် ကျွန်တော်ရယ်မိသည်။ ကျွန်တော်၏ သားသမီးများကို ပြောဆိုဆုံးမရာတွင်လည်း ကျွန်တော့် မိဘများ ပြောခဲ့သော စကားလုံးများကို မကြာခဏ အသုံးပြု ခဲ့သည်။ ကျွန်တော် မိဘဖြစ်လာသည့်အခါ ကျွန်တော့် မိဘများ၏ ဉာဏ်ပညာအပေါ် အမြင်ပြောင်းလဲ လာသည်။ ယခင်က မိုက်မဲမှုဟု ကျွန်တော်ထင်ခဲ့သည့်အရာများက ယခုအခါ ကျွန်တော် ထင်သည်ထက် ပို၍ပညာသားပါသည်ကို တွေ့ရှိလာသည်။ ယခင်က ၎င်းကို မသိခဲ့ပါ။

သမ္မာကျမ်းစာက “ဘုရားသခင်၏မိုက်မဲခြင်းအရာသည် လူတို့၏ပညာထက် သာ၍ ပညာရှိ၏” ဟု (၁ ကော ၁း၂၅) တွင် သွန်သင်ထားသည်။ “အဘယ်သို့နည်း ဟူမူကား ဘုရားသခင်၏ပညာတော်စီရင်သည်နှင့်အညီ လောကီသားတို့သည် မိမိတို့ ပညာအားဖြင့် ဘုရားသခင်ကို မသိဘဲနေကြသောအခါ ဘုရားသခင်သည် ယုံကြည်သော သူတို့ကို ဒေသနာတော်မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှာ စေတနာရှိတော်မူ၏” (း၂၁)။

ဘုရားသခင်၌ ကျွန်ုပ်တို့ကို အံ့အားသင့်စေမည့် နည်းလမ်းများစွာရှိသည်။ ဘုရားသခင်၏သားတော်သည် ဝမ်းမြောက်ဖွယ် ရှင်ပြန်ထမြောက်ခြင်းမတိုင်မီတွင် လောကကြီးမှ မျှော်လင့်စောင့်စားနေသော အောင်နိုင်သူ ဘုရင်မင်းအဖြစ် မဟုတ်ဘဲ ပြင်းထန်စွာ နာကျင်ခံစားရသော အစေခံတစ်ဦးအဖြစ် ကြွလာပြီး ကားတိုင်ပေါ်တွင် နှိမ့်ကျစွာ ကွပ်မျက်ခြင်းခံခဲ့ရသည်။

ဘုရားသခင်၏ပညာဉာဏ်တော်၌ မောက်မာခြင်းထက် နှိမ့်ချခြင်းကို တန်ဖိုးထားသည်။ ကြင်နာမှုကရုဏာနှင့် မထိုက်တန်သောအခြေအနေ၌ မေတ္တာသည် အဖိုးမဖြတ်နိုင်ပါ။ ကယ်တင်ရှင်မေရှိယသည် ကားတိုင်တော်ပေါ်၌ ပြင်းထန်စွာ ဝေဒနာခံခြင်းသည် ထိုသခင်၌ ယုံကြည်ခြင်းကို ပုံအပ်ပါက “အခါခပ်သိမ်းကယ်တင်ရန်” (ဟေဗြဲ ၇း၂၅-ခေတ်သုံး) အတွက်ဖြစ်သည်။ JAMES BANKS