ကျောင်းသားဘဝတုန်းက စာရာလင်း ဆိုသော ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စား ခဲ့ဖူးသည်။ သူမရယ်လိုက်လျှင် အံ့သြဖွယ်ကောင်းလောက်အောင် နားထောင်ကောင်း လှသည်။ ကျွန်တော် သဘောကျတာကို သူမ သိမသိကို မသေချာသော်လည်း ကျွန်တော့်အထင်တော့ သူမ သိနေသည်။ ဘွဲ့ယူပြီးနောက် သူမနှင့် အဆက်အသွယ် ပြတ်သွားသည်။ ကျွန်တော်တို့ ဘဝများသည် မတူညီသော ဘ၀ဦးတည်ရာအတိုင်း အသီးသီး ကွဲပြားသွားပေတော့သည်။

အွန်လိုင်းဖိုရမ်များတွင် တစ်နှစ်ထဲကျောင်းပြီးသည့် ကျောင်းသားဟောင်းများနှင့် အဆက်အသွယ် ပြန်ရသဖြင့် စာရာလင်း ဆုံးသွားပြီဖြစ်ကြောင်း သတင်းကြားရသောအခါ အင်မတန်မှ ဝမ်းနည်းခဲ့ရသည်။ သူမ ဘ၀ကို မည်သို့ ဖြစ်သန်းခဲ့သနည်းဟု ကျွန်တော်တွေးမိသည်။ အသက် ကြီးလာသည်နှင့်အမျှ ချစ်သောသူငယ်ချင်းများ၊ မိသားစုများကို ဆုံးရှုံးရသည့်အခါ ထိုအကြောင်းကို ပိုမို ဆင်ခြင်မိ လာသည်။ သို့သော် လူအများစုက ထိုအကြောင်းကို မပြောဘဲ ရှောင်လွဲလိုကြသည်။

ကျွန်တော်တို့ ဝမ်းနည်းရစဉ်မှာပင် ထိုသေတတ်သောအရာများသည် အဆုံး မဟုတ်ကြောင်း ရှင်ပေါလုက မျှော်လင့်စရာအကြောင်းကို ပြောပြခဲ့သည် (၁ ကော ၁၅း၅၄-၅၅)။ ထို့နောက်မှာ “ထမြောက်ခြင်း”ဆိုသော အသုံးအနှုန်းကို တွေ့ရမည် ဖြစ်သည်။ ရှင်ပေါလုသည် စစ်မှန်သောခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်း (း၁၂) ကို အခြေပြုပြီး “ခရစ်တော်သည် ထမြောက်တော်မမူလျှင် ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ၊ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ” ဟု အငယ် ၁၄ တွင် ဖော်ပြထားသည်။ မိမိတို့၏ယုံကြည်ခြင်းသည် ယခုဘဝ၌သာ မျှော်လင့်စရာ ရှိလျှင် စိတ်ပျက်သနားဖွယ်ရာပင် ဖြစ်သည်(း၁၉)။

တစ်နေ့တွင် ခရစ်တော်ကိုယုံကြည်၍ အိပ်ပျော်သွားသူ ဘိုးဘွားမိဘများ၊ သူငယ်ချင်းနှင့် အိမ်နီးချင်းများ၊ သို့မဟုတ် ကျောင်းတုန်းက ကြိတ်ပိုးခဲ့ရသူများနှင့် ကျွန်တော်တို့ ပြန်ဆုံရမည်ဖြစ်သည်(း၁၈)။

သေခြင်းတရားသည် အတည်မဟုတ်ပါ။ ပြန်လည်ရှင်ပြန်ထမြောက်ခြင်းကသာ အတည်ဖြစ်သည်။ JOHN BLASE