ကျွန်ုပ်တို့အသင်းတော်မှ ဝတ်ပြုကိုးကွယ်ခြင်းကဏ္ဍကို ဦးဆောင်သူ ပေါလ်သည် အသက် ၃၁ နှစ်အရွယ်၌ လှေမှောက်ပြီး ဆုံးပါးသွားသဖြင့် ထိုဆုံးရှုံးမှုအတွက် အသင်းတော်မှ နာကျင်ခံစားခဲ့ရပါသည်။ ပေါလ်နှင့် သူ၏ဇနီး ဒူရွန်ဒါတို့အတွက် နာကျင်ခြင်းဝေဒနာသည် အစိမ်းသက်သက် မဟုတ်ပါ။ ကိုယ်ဝန်ပျက်ကျမှုကို အကြိမ်ကြိမ် ကြုံခဲ့ရသည်။ ဘဝကို အစိတ်စိတ်အမွှာမွှာ ကြေမွစေသည့်အမှုအရေးများ ကြုံရသည်။ ၎င်းတို့ မိသားစုကို ချစ်မြတ်နိုးသူများအနေဖြင့် ဦးခေါင်းကို တစ်ချက်တည်းအပိုင် ထိုးချလိုက်သကဲ့သို့ ခံစားရစေသည်။

ဒါဝိဒ်အတွက် ကိုယ်ရေးကိုယ်တာကိစ္စ၊ မိသားစု အရေးကိစ္စများက အဆန်းမဟုတ်။ ဆာလံ ၃ တွင် သူ့ကို ပုန်ကန်သည့် သားတော်အဗရှလုံကြောင့် သူသောကရောက် ရသည်။ သားကို ပြန်တိုက်ရန်ထက် အိမ်စွန့် ထီးနန်းစွန့်ကာ သူထွက်ပြေးခဲ့သည် (၂ ရာ ၁၅း၁၃-၂၃)။ လူအများက သူ့ကို ဘုရားသခင် စွန့်ပစ်ပြီဟု ထင်မှတ်ယူဆကြသော်လည်း (ဆာ ၃း၂)။ ဒါဝိဒ်က ထာဝရဘုရားကို သူ၏အကွယ်အကာအဖြစ် (း၃) သိမြင်ခဲ့ပြီး ကိုယ်တော့်ထံ အော်ဟစ်ခဲ့သည် (း၎)။ ဒူရွန်တာသည်လည်း သူ၏ကြေကွဲဝမ်းနည်းမှုကြားတွင် သူ့ခင်ပွန်း၏အောက်မေ့ခြင်းဝတ်၌ တက်ရောက် လာကြသည့် လူရာပေါင်းများစွာ ရှေ့၌ နူးညံ့ချိုသာသောအသံဖြင့် ဘုရားသခင်ကို စိတ်ချ ယုံကြည်ကြောင်း သီဆိုချီးမွမ်းခဲ့သည်။

ဆရာဝန်၏ဆေးမှတ်ချက်က အားရစရာမရှိသောအခါ၊ ငွေကြေးအခက်အခဲ ကြောင့် ဖိအားခံစားရသောအခါ၊ ပေါင်းသင်းဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ကြိုးစားမှု မအောင်မြင်သောအခါ၊ သေခြင်းတရား ရိုက်ခတ်လာသောအခါ ကျွန်ုပ်တို့လည်း ‘‘အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာ ဖြစ်တော်မူ၏။ အကျွန်ုပ်၏ဘုန်းလည်း ဖြစ်တော်မူပါ၏။ အကျွန်ုပ်၏ဦးခေါင်းကို ချီကြွ သောသူလည်းဖြစ်တော်မူ၏’’ (း၃) ဟု ပြောနိုင်ပါစေ၊ ခိုင်ခံ့နိုင်ပါစေ။ ARTHUR JACKSON