ထင်ရှားသည် ကျမ်းစာကျောင်းတစ်ခု၌ ဟောပြောခြင်းဘာသာရပ်ကို တက်ရောက်သူ ကျောင်းသားတစ်ဦးအကြောင်း တစ်ခါက ကျွန်ုပ်ကြားဖူးသည်။ ထိုလူငယ်သည် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် အဟောအပြော ကောင်းကောင်း၊ အချက်ကျကျနှင့် တရားဟောခဲ့ပြီး မိမိကိုယ်ကို ကျေနပ်လျက် သူ့နေရာ၌ ပြန်ထိုင်လိုက်သည်။ ပါမောက္ခက သုံးသပ်ချက်မပေးမီတွင် ခဏဆိုင်းပြီး ‘‘တကယ့်ကို အစွမ်းထက်တဲ့ တရားဟောချက်ပဲ။ သေသေ ချာချာ ပြင်ဆင်ထားလို့ စိတ်ကို တို့ထိစေတယ်။ တစ်ခုတည်း သော ပြဿနာကတော့ မင်းပြောတဲ့ ဝါကျတစ်ခုစီတိုင်းမှာ ဘုရားသခင်အကြောင်း မပါတာဘဲ’’ဟု ပြောခဲ့သည်။

ကျွန်ုပ်တို့အားလုံး အချိန်အတော်များများ နပန်းလုံး နေရသည့် ပြဿနာကို ပါမောက္ခကြီးက မီးမောင်းထိုးပြခဲ့သည်။ အမှန်စင်စစ် ဘုရားသခင်သည် အသက်တာ၌ အဓိကသရုပ်ဆောင်ဖြစ်သော်လည်း ကျွန်ုပ်တို့က မိမိသည် အဓိကဇာတ်ကောင်များ ဖြစ်သည့်အလား (မိမိလုပ်သည့်အရာ၊ မိမိ ပြောသည့် အရာကိုသာ အသားပေး) ပြောဆိုတတ်ကြသည်။ ဘုရားသခင်သည် ‘‘တာဝန်ခံ’’ ဟု ယေဘုယျအားဖြင့် ကျွန်ုပ်တို့ မကြာခဏ ဝန်ခံတတ်သော်လည်း ထွက်ပေါ်လာသည့် ရလဒ်အားလုံးမှာ ကျွန်ုပ်တို့အပေါ်မှီတည်နေသယောင် ကျွန်ုပ်တို့ ပြုမူတတ်သည်။

ဘုရားသခင်သည် အဓိကကျသော၊ ဘဝအသက်တာ၏ စစ်မှန်သောမှီခိုရာ၊ စစ်မှန်သောစွမ်းအား ဖြစ်ကြောင်း သမ္မာကျမ်းစာက ပြောကြားထားသည်။ ယုံကြည်ခြင်းဖြင့် ပြုမူလုပ်ဆောင်ရမည့်အမှုအရာကိုပင်လျှင် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ‘‘ဘုရားသခင်၏နာမတော်ကိုထောက်၍’’ လုပ်ဆောင်ကြရသည် (ဆာ ၁၁၈း၁၀-၁၁)။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် လုပ်ဆောင် ပေးသည်၊ ကျွန်ုပ်တို့ကို ကယ်တင်သည်။ ကျွန်ုပ်တို့၏ လိုအပ်ချက်များကို ကြည့်ရှု စောင်မပေးသည်။ ‘‘ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏’’ (း၂၃)။

သို့ဖြစ်၍ ဖိစီးမှုများ မရှိတော့ပြီ။ သောကရောက်ဗျာများစရာ၊ နှိုင်းယှဉ်စရာ၊ မီးကုန်ရမ်းကုန်အားထုတ် လုပ်ဆောင်စရာ၊ စိုးရိမ်ပူပန်နေစရာ မလိုအပ်တော့ပါ။ ဘုရား သခင်သည် ထိန်းချုပ်တော်မူသည်။ ယုံကြည်ခြင်း တစ်ခုတည်းသာလိုပြီး ကိုယ်တော်၏ ဦးဆောင်မှုနောက်သို့ နာခံလိုက်လျှောက်ရန်သာရှိပါသည်။ WINN COLLIER