ကျွန်တော့်အိမ်ဘက်သို့ ကားကို ချိုးကွေ့လိုက်စဉ် ဖုန်းဝင်လာ၍ ကိုင်လိုက်ရာ ‘‘ဖေဖေ ဘယ်မှာလဲ’’ ဟူသည့် ထိပ်ပြာနေသည့်သမီးအသံကို ကြားလိုက်ရသည်။ သမီးကို အားကစားလေ့ကျင့်ပေးရန် ည ၆ နာရီအရောက် အိမ်ပြန်ရောက်ရမည်။ ကျွန်တော် အချိန်မီ ပြန်ရောက်ပါသည်။ သို့သော် သူ့အသံက ကျွန်တော့်အပေါ် စိတ်ချမှုမရှိကြောင်း ပေါ်နေသည်။ ‘‘အဖေပြန်ရောက်ပြီလေ။ ဘာလို့ အဖေ့ကို မယုံတာလဲ’’ ဟု ကျွန်တော် ပြန်ပြောလိုက်တော့သည်။

ထိုစကားဖြင့် တုံ့ပြန်ပြီးမှ ‘‘ကောင်းကင်ဘုံရှင် အဘဘုရားသည် ကျွန်တော့်အား ထိုမေးခွန်းကို ဘယ်နှစ်ကြိမ်
မေးခဲ့သနည်း’’ ဟု အတွေးဝင်မိသည်။ စိတ်ဖိစီးချိန်များ၌ ကျွန်တော် စိတ်မရှည်နိုင်ဖြစ်လျက် ဘုရားသခင်သည် ကတိ တည်ကြောင်း ယုံကြည်စိတ်ချမှုရှိရန် ရုန်းကန်ခဲ့ရသည်။ ထိုအခါ ‘‘အဘဘုရား၊ ကိုယ်တော် ဘယ်မှာလဲ’’ ဟု ဟစ်အော်မိ သည်။

ဖိစီးမှုနှင့် မသေချာမရေရာမှုများကြားတွင် ဘုရားသခင်၏ တည်ရှိခြင်းကိုသာမက သူ၏ကောင်းမြတ် ခြင်း၊ ကျွန်တော့်အပေါ်ထားရှိသည့် အကြံအစည်နှင့် ပတ်သက်၍ ကျွန်တော် သံသယဝင်မိသည်။ ဣသရေလလူတို့လည်း ထိုသို့ဖြစ်ခဲ့သည်။ တရားဟောရာကျမ်းအခန်းကြီး ၃၁ တွင် ကတိထားတော်မူသောပြည်သို့ ဝင်ရောက်ရန် သူတို့ ပြင်ဆင်နေကြစဉ် သူတို့၏ခေါင်းဆောင်ကြီးမောရှေမှာမူ ကျန်ရစ်ခဲ့မည်ကို သူတို့သိကြသည်။ မောရှေက ဘုရားလူတို့အား ‘‘သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်’’ (း၈) ဟု သတိပေးလျက် သူတို့စိတ်ချမှုရှိရန် အားပေးခဲ့သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိကြောင်း ကတိတော်သည် ယနေ့ ကျွန်ုပ်တို့ယုံကြည်ခြင်းကို မှတ်ကျောက်တင်သည့် ကမ္ဗည်းမော်ကွန်းအုပ်မြစ် ဖြစ်သည်။ (မ ၁း၂၃၊ ဟေဗြဲ ၁၃း၅) ကို ကြည့်ပါ။ ဗျာ၂၁း၃ ၏ ဖော်ပြချက်ကား အထွတ်အထိပ်ဖြစ်သည်။ ‘‘ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။’’
ဘုရားသခင်ဘယ်မှာရှိသနည်း။ ဘုရားသခင်သည် ယခုပင်လျှင် ကျွန်တော် တို့နှင့်အတူရှိလျက် ကျွန်တော်တို့၏ ဆုတောင်းသံကို နားညောင်းရန် အစဉ် အသင့် ရှိနေပေသည်။ ADAM HOLZ