“လူကလေးနှင့် သစ်ချသီးအစေ့” ဟူသော ရှေးခေတ်ပုံပြင်တစ်ပုဒ်တွင် လူကလေး တစ်ဦးသည် သစ်ချသီးထည့်ထားသည့် ပုလင်းထဲလက်လျှိုပြီး သစ်ချသီးကို လက်အပြည့် နှိုက်လိုက်သည်။ လက်ထဲတွင် သစ်ချသီး အပြည့်ဖြစ်နေသဖြင့် ပုလင်းဝတွင် တစ်နေ သည်။ သို့သော် လက်ထဲရှိသစ်ချသီးကို နည်းနည်းလေးမျှ မလွတ်ချလိုဘဲ သူစပြီး ငိုတော့သည်။ နောက်ဆုံးတွင် သစ်ချသီးအချို့ကို လွတ်ချ လိုက်မှ ပုလင်းထဲမှလက်ကို ထုတ်နိုင်မည်ဟု နားချခဲ့ရသည်။ လောဘသည် ခက်ထန်သည့် အရှင်သခင် ဖြစ်နိုင်သည်။

ဒေသနာကျမ်းကိုပြုစုသည့် ပညာရှိဆရာကြီးက လက်သင်ခန်းစာနှင့် ထိုသင်ခန်းစာသည် ကျွန်ုပ်တို့ အကြောင်းကို မည်သို့ပြောထားသည့်ကို သရုပ်ဖော်ထား သည်။ သုခမိန်ကြီးက လူပျင်းနှင့် လောဘကြီးသူ လူနှစ်ဦးကို နှိုင်းယှဉ်ထားပြီး သူတို့၏ကွဲပြားခြားနားမှု ကိုလည်း ရေးသားထားသည်။ ‘‘မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍ မိမိအသားကို စားတတ်၏။ ငြိမ်သက်ခြင်းနှင့်ယှဉ်လျက် လက်တစ်ဆုပ်တည်းသော ဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကို ကျက်စားခြင်းနှင့်ယှဉ်လျက် လက်နှစ်ဖက် ပြည့်သော ဥစ္စာထက် သာ၍ကောင်း၏’’ (၄း၅-၆)။ လူပျင်းသည် မိမိကိုယ်ကို ပျက်စီး စေသည့်တိုင်အောင် အချိန်ဆွဲသကဲ့သို့ ဥစ္စာစည်းစိမ်နောက်လိုက်သူများက သူတို့၏ ကြိုးစားအားထုတ်မှုများသည် ‘‘အဓိပ္ပာယ်မရှိ – အနတ္တအမှု၊ အလွန်ပင်ပန်းသောအမှု ဖြစ်၏’’ဟု သိလာကြသည် (း၈)။

သုခမိန်ကြီး၏အဆိုအရ လောဘတကြီးနှင့်ဆုပ်ကိုင်သည့်အရာများကို လွတ်ချလိုက်မှ၊ စိတ်လျော့လိုက်မှ ကျွန်ုပ်တို့အမှန်တကယ် ပိုင်ဆိုင်သည့်အရာ၌ ကျေနပ် ရောင့်ရဲမှုကို ရှာတွေ့နိုင်မည်။ မိမိနှင့်သက်ဆိုင်သည့်အရာသည် ကျွန်ုပ်တို့ ပိုင်ဆိုင်သောအရာအဖြစ် အမြဲရှိနေမည်ဖြစ်သည်။ သခင်ယေရှုမိန့်ကြားသကဲ့သို့ ‘‘လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူး ရှိသနည်း’’(မာ ၈း၃၆)။ REMI OYEDELE