လ - ဒီဇင်ဘာ 2019

လှပသောအသီး

City Blossoms အဖွဲ့ကို တည်ထောင်ခဲ့သူ Rebecca Lemos-Otero က “ကလေးတွေ ဉယျာဉ်ထဲမှာ အစေ့တွေကို ပစ်ချင်တဲ့နေရာမှာ ပစ်လိုက်၊ ပြီးရင် ဘာဖြစ်လာသလဲ ကြည့်ပါ” ဟု အကြံပြုသည်။ ၎င်းသည် ဂရုတစိုက်နှင့် အပင်ပျိုးစိုက်နည်းပုံစံ မဟုတ်သော်လည်း ထိုအစေ့တစ်စေ့ချင်းစီ၌ အပင်ပေါက်ရှင်သန်နိုင်သော အလားအလာရှိကြောင်းကို ထင်ဟပ်ပြသည်။ City Blossoms အဖွဲ့သည် ၂၀၀၄ ခုနှစ်ကတည်း ကပင် ဝင်ငွေနှိမ့်သောဝန်းကျင်ရှိ ကျောင်းများနှင့် အနီးအနား ပတ်ဝန်းကျင်အတွက် ဉယျာဉ်ပန်းခြံများ ဖန်တီးပေးခဲ့သည်။ ကလေးများသည် အပင်များကို ပြုစုပျိုးထောင်လျက် အာဟာရအကြောင်းနှင့် အလုပ်လုပ်တတ်ကိုင်တတ်အောင် သင်ယူလေ့လာခဲ့ကြသည်။ “မြို့ပြနေရာမှာ စိမ်းလန်းစိုပြေတဲ့ နေရာလေးရှိခြင်းက ကလေးတွေအတွက် အိမ်အပြင်မှာ ဖြစ်ထွန်းပြီး လှပတဲ့တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ နည်းလမ်းဖန်တီးထားပေးခြင်း ဖြစ်တယ်” ဟု Rebecca က ဆိုသည်။

သခင်ယေရှုသည် အဆတစ်ရာပွားများနိုင်သည့် အလားအလာရှိသော…

ကြိုတင်ဖန်တီးထားသော ချို့ယွင်းချက်

ယေရုရှလင်မြို့အရှေ့ဘက်တွင် သဘာဝစမ်းရေတွင်းလေးတစ်ခုရှိသည်။ ရှေးကာလက ၎င်းသည် ထိုမြို့၏တစ်ခုတည်းသော ရေအထောက်အပံ့ဖြစ်ပြီး တံတိုင်းအပြင်ဘက်တွင် တည်ရှိသဖြင့် ယေရုရှလင်မြို့၏ အကြီးမားဆုံးအားနည်းချက်နေရာ ဖြစ်ခဲ့သည်။ ထိုစမ်းချောင်းလေးကို ရေလမ်းကြောင်းလွှဲခြင်း သို့မဟုတ် ရေကာတာ ဖို့လိုက်ခြင်းဖြင့် ရန်သူများက အလွယ်တကူထိုးဖောက်နိုင်ပြီး လက်နက်ချ အညံ့ခံရန် ဖိအားပေးနိုင်သည်။

ဟေဇကိမင်းသည် စမ်းရေတွင်းမှ ပေ ၁၇၅၀ တစ်လျှောက် မြောင်းတူးလိုက်ပြီး မြို့ထဲရှိ ကန်အနိမ့်လေးထဲသို့ စီးဆင်းစေခြင်းဖြင့် ထိုအားနည်းချက်ကို ဖြေရှင်းလိုက်သည် (၄ ရာ ၂၀:၂၀၊ ၅ ရာ ၃၂:၂-၄)။ သို့သော် ဟေဇကိမင်းသည် ထိုအမှုကို စီရင်တော်မူသောသူကို မကြည့်မမှတ်ခဲ့၊ ရှေးက ဖန်ဆင်းတော်မူသောသူကို ပမာဏမပြုခဲ့ပါ (ဟေရှာ ၂၂:၁၁)။ မည်သည့်အမှုကို စီရင်ခဲ့ခြင်းဖြစ်ပါသနည်း။

ယေရုရှလင်မြို့သို့ ရေအထောက်အပံ့ပေးသော စမ်းရေတွင်းကို အကာအကွယ်မဲ့စေသောနေရာအဖြစ် ဘုရားသခင်ကိုယ်တိုင် စီရင်ခဲ့ခြင်း ဖြစ်သည်။ မြို့တွင်းနေထိုင်သူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းအမှု၌သာ…

ချစ်ခြင်းမေတ္တာဖြင့် ဆေးကြောခြင်း

တောင်ပိုင်းကယ်လီဖိုးနီးယားရှိ အသင်းတော်ငယ်လေးတစ်ခုသည် ဘုရားသခင်၏ မေတ္တာကို လက်တွေ့ပြသရန် အခွင့်အလမ်းကို အမိအရယူခဲ့ကြသည်။ ယုံကြည်သူများ သည် ဒေသခံပင်မင်းဆိုင်တစ်ခုတွင် စုဝေးကာ ငွေကြေးအဆင်မပြေသူများအတွက် အဝတ်အစားများ လျှော်ပေးခြင်းဖြင့် ဝန်ဆောင်မှုပေးခဲ့သည်။ အဝတ်လျှော်ဖွတ်ပေးရုံမက တစ်ခါတစ်ရံ ထမင်းတစ်နပ်စာနှင့် အခြောက်အခြမ်းများကို ထောက်ပံ့ပေးခဲ့သည်။

လူများနှင့် အမှန်တကယ်ထိတွေ့ဆက်ဆံရပြီး သူတို့အကြောင်းများကို ကြားရခြင်းက အကြီးမားဆုံး အကျိုးကျေးဇူးဖြစ်သည်ဟု လုပ်အားပေးသူတစ်ယောက်က ဆိုသည်။ ထိုလုပ်အားပေးသူများသည် ယေရှုနှင့် ရှိသော မိတ်သဟာယကြောင့် သူတို့၏ယုံကြည်ခြင်းကို မေတ္တာ စကားနှင့် လုပ်ရပ်များအားဖြင့် ရှင်သန်ပြကာ အခြားသူများ အပေါ် စိတ်ရင်းမှန်နှင့် ပေါင်းသင်းဆက်ဆံတတ်အောင် ပြုစုပျိုးထောင်ပေးသည်။

တမန်တော်ယာကုပ်က ယုံကြည်သူတစ်ဦး၏မေတ္တာနှင့် အစေခံခြင်းကို အတည်ပြုဖော်ပြသည့် လုပ်ရပ်တိုင်းသည် စစ်မှန်သောယုံကြည်ခြင်း၏ ရလဒ်ဖြစ်သည်၊ “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏” ဟု သူဆိုသည် (ယာ ၂:၁၄-၁၇)။ ယုံကြည်သည်ဟု ဝန်ခံကြေညာလိုက်ခြင်းသည် ကျွန်ုပ်တို့ကို ဘုရားသားသမီး ဖြစ်စေသော်လည်း…

ဘယ်သောအခါမျှ မမေ့လျော့

ကျွန်မကလေးများ၏အတင်းအကြပ်​တောင်းဆိုမှုကြောင့် အခြေခံစန္ဒရားသင်ခန်းစာကို နှစ်ပေါင်းများစွာ ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့ကျင့်ခဲ့ရသည်ကို သက်သေပြရန် ကျွန်မထိုင်လိုက်ပြီး စီမေဂျာစကေး ကို စတင်တီးလိုက်သည်။ အနှစ် ၂၀ နီးပါးအတွင်း စန္ဒရားကို မဆိုသလောက်သာ တီးဖြစ်ခဲ့သော်လည်း ကျွန်မမှတ်မိနေခြင်းကို အံ့အားသင့် မိသည်။ ကျွန်မအားတက်ပြီး အခြားစကေး ၇ မျိုးကို တစ်ခုပြီးတစ်ခု ဆက်တိုက် အလွတ်ဆက်တီးနိုင်သဖြင့် ကျွန်မ အလွန့်အလွန်အံ့ဩမိသည်။ နှစ်ပေါင်းများစွာ လေ့ကျင့်မှု၏ ရလဒ်ကား ကျွန်မလက်ချောင်းများ၌ ဂီတသင်္ကေတနှင့် တီးနည်းများ တံဆိတ်ခတ်ထားသလိုစွဲနေပြီး ဘယ်နေရာမှာ ဘယ်လိုတီးရမည်ကို အလိုအလျောက် သိနေသည်။

ကျွန်မတို့ ဘယ်သောအခါမျှမမေ့နိုင်သော အရာတစ်ချို့ ရှိပါသည်။ သို့သော် ဘုရားသခင်၏ သူ့သားသမီးအပေါ်ချစ်သော ချစ်ခြင်းမေတ္တာသည် တဖြည်းဖြည်း ရွေ့လျော့ ကွယ်ပျောက်သွားသော ကျွန်မတို့၏မှတ်ဉာဏ်ထက်သာ၍ နက်ရှိုင်းစွာ တံဆိပ်ခတ် ထားသည်။ အမှန်တရားမှာဖြင့် ဘုရားသခင်သည် သူတို့ကို လုံးဝမေ့လျော့နိုင်ခြင်းမရှိပါ။ တိုင်းတစ်ပါးသို့ ကျွန်ပြုဖမ်းဆီးခေါ်ဆောင်ခံရခြင်းကြောင့်…

ကိုယ်တော့်စကား၏ ဉီးဆောင်မှုနောက်သို့

လန်ဒန်မြို့ရှိ ဘီဘီစီ အသံလွှင့်ရုံ၌ ဇာတ်စင်မန်နေဂျာ ပေါလ်အာနိုး၏ ပထမဆုံး အသံလွှင့်ခြင်း၌ ရေဒီယိုဇာတ်လမ်းတွဲများတွင် ခြေသံများကို ပြုလုပ်ရခြင်းဖြစ်သည်။ ဇာတ်ကွက်တစ်ခုအတွင်း လမ်းလျှောက်သည့်အခန်းဇာတ်ညွှန်းများကို သရုပ်ဆောင်များက ဖတ်ရွတ်နေစဉ် ပေါလ် မှာ သရုပ်ဆောင်၏စကားသံနှင့် သူ၏ခြေလှမ်းတို့ တစ်ထပ်တည်း ကျ​အောင် သတိထားလုပ်ဆောင်ရသည်။ “အဓိက စိန်ခေါ်မှု ကတော့ ဇာတ်လမ်းမှာ သရုပ်ဆောင်ကို လိုက်လျောပေးရ တယ်။ ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက် အတူတကွ အလုပ်လုပ် ကြတယ်” ဟု သူက ရှင်းပြသည်။

ထိုကဲ့သို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းမျိုးကို ဆာလံ ၁၁၉ ကို ရေးသားသူ ဆာလံ ဆရာမှ ရှာဖွေခဲ့သည်။ ဆာလံ ၁၁၉ သည် ဘုရားသခင်၏စကားတော် ပညတ်များအားဖြင့် အသက်ရှင်ခြင်းကို အလေးထားဖော်ပြထားသည်။ ဆာလံ ၁၁၉:၁ တွင် “ထာဝရဘုရား၏တရားလမ်း၌ မလွဲမတိမ်း၊ လိုက်သွားသောသူတို့သည် မင်္ဂလာရှိကြ၏”…