အက်ဒွက် ဖေဆန် (၁၇၈၃-၁၈၂၇) ၏ ဘဝက ခက်ခဲကြမ်းတမ်းလွန်းလှသည်။ သူ့ညီငယ် သေဆုံးသွားသောအခါ သူအတော့်ကို တုန်လှုပ်ခဲ့သည်။ စိတ်ကယောက်ကယက်ဖြစ်လျက် ပြင်းထန်သည့် ခေါင်းကိုက်ဝေဒနာကိုလည်း နေ့ရက်များစွာ ခံစားခဲ့ရသည်။ ထိုမျှ မကသေးပါ။ မြင်းပေါ်မှပြုတ်ကျ၍ လက်တစ်ဖက် သေသွားသည်။ တီဘီရောဂါဖြင့် သေလုနီးပါး ဖြစ်ခဲ့သေးသည်။ သို့သော် အံ့သြစရာမှာ သူသည် စိတ်မပျက် အားမငယ်၊ မျှော်လင့်ခြင်း မမဲ့ခဲ့ပါ။ သူ့မိတ်ဆွေများက အက်ဒွက် မကွယ်လွန်မီတွင် သူလွန်စွာ ပျော်ရွှင်ခဲ့ကြောင်း ပြောပြကြ သည်။ မည်သို့ဖြစ်နိုင်မည်နည်း။

ရောမမြို့ရှိ ယုံကြည်သူများထံ ရေးသောစာတွင် တမန်တော်ရှင်ပေါလုက အခြေအနေမည်သို့ပင်ရှိပါလေစေ ဘုရားသခင်၏မေတ္တာတော်ကို အကြွင်းမဲ့ဥဿုံယုံကြည်မှု ရှိကြောင်း ဖော်ပြခဲ့သည်။ “ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင် အဘယ်သူသည် ငါတို့တစ်ဘက်၌ နေနိုင် မည်နည်း” (ရော ၈:၃၁) ဟူ၍ ရဲရင့်စွာ မေးခွန်းထုတ်ခဲ့သည်။ ကျွန်ုပ်တို့ကို ကယ်တင်ရန် ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ယေရှုကို ပေးသနားခဲ့သည်ဆိုလျှင် ဤဘဝကို ကောင်းစွာအဆုံးသတ်နိုင်ရန် လိုအပ်သောအရာမှန်သမျှကို ကိုယ်တော် ပြင်ဆင်ပေးလိမ့်မည်။ ပေါလုသည် သူကြုံခဲ့ရသည့် မခံမရပ်နိုင်လောက်အောင်ခံစားခဲ့ရပု​ေပေါ်သည့် ခက်ခဲဆင်းရဲခြင်း၊ ငြိုငြင်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်း စသည့် အမှုခုနစ်ခုကို တန်းစီဖော်ပြခဲ့သည် (:၃၆)။ ဆိုးဝါးသည့်အမှုများ မဖြစ်အောင် ဘုရားသခင်၏ ချစ်ခြင်း မေတ္တာက ရပ်တန့်ပေးမည်ဟု သူ မညွှန်းဆိုခဲ့ပါ။ သို့သော် သူက “ငါတို့ကို ချစ်တော်မူသောသူ၏ကျေးဇူးတော်ကြောင့် ငါတို့သည် ထိုအမှုခပ်သိမ်းတို့ကိုခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏” ဟု ပြောခဲ့သည် (:၃၇)။

ဤလောက၏ မသေချာမရေရာမှုများကြား၊ “… အဘယ်နိမ္မိတအရာ ရှိသမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသော ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်…”ဟု သိရှိပြီး ဘုရားရှင်ကို အပြည့်အဝ ယုံကြည်ကိုးစားနိုင်ပါသည် (:၃၉)။ ESTERA PIROSCA ESCOBAR